spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်း(၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့အကြို ပငကျေးရွာတွင်စက်ဘီးပြိုင်ပွဲကျင်းပ

    (၇၄) ကြိမ်မြောက် မွန်အမျိုးသားနေ့အကြို ပငကျေးရွာတွင်စက်ဘီးပြိုင်ပွဲကျင်းပ

    -

    ယဉ်ထောမွန်(၂၆ ဖေဖော်ဝါရီ ၂၀၂၁)

    သံဖြူဇရပ်မြို့နယ် ပငကျေးရွာ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီနှင့် ပငလူငယ်မျိုးဆက်သစ်စက်ဘီးအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက်စောစောပိုင်းက ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့အကြို စက်ဘီးပြိုင်ပွဲကျင်းပခဲ့ကြသည်။

    အသက် ၁၀ နှစ်အောက်(ရွာတစ်ပတ်)၊ အသက် ၁၀- ၁၃ နှစ်အကြား (ဝယ်ကဝါအထိ)၊ ၁၃ နှစ်အထက်အလွတ်တန်း (ပင-ကြုံကရုတ်-ဝယ်ကဝါ) နှင့် အမျိုးသမီးအုပ်စုစသည်ဖြင့် ၄ အုပ်စု ပါဝင်ခဲ့ကြောင်း ပြိုင်ပွဲကြီးကြပ်သူ မင်းဂျာနွန်ကပြောသည်။

     “နောင်လာမည့် မျိုးဆက်သစ်လူငယ်တွေ ကိုယ့်လူမျိုးရဲ့အမျိုးသားနေ့ကို အသိမှတ်ပြုတတ်ပြီးတော့ သူတို့လည်း စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါဝင်တတ်ဖို့ သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းတတ်ဖို့ ကျန်းမာရေးအတွက်လည်းအထောက်အကူဖြစ်စေဖို့ အဓိကရည်ရွယ်ပါတယ်” ဟု ၎င်းကဆိုသည်။

    အလားတူ မွန်အမျိုးသားနေ့ကို ကြိုဆိုသောအားဖြင့် မွန်လူမျိုးများနေထိုင်ရာဒေသအသီးသီတွင် ထမနဲထိုးပွဲ၊ ခြင်းခတ်ပွဲ၊ ဘောလုံးပွဲ စသည့်ပြိုင်ပွဲစုံပြုလုပ်၍ ကြိုဆိုလျှက်ရှိကြောင်း သတင်းရရှိသည်။

    စက်ဘီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သူ မိအိန္ဒြာပွင့်ဖြူက “ အခုက ပုံမှန်စီးနေကျမဟုတ်ဘဲ ပြိုင်ပွဲဆိုတော့ နည်းနည်းရင်ခုန်တယ်၊ ကိုယ်ကိုယ်တိုင်ကလည်း စက်ဘီးစီးနေသူတစ်ဦးဖြစ်သလို သူငယ်ချင်းတွေကလည်း အားပေးတော့ ပါဝင်ဖြစ်သွားတယ်” ဟု ပြောသည်။

    အားကစားဝါသနာရှင် ၁၀၀ ကျော်လာရောက်ယှဉ်ပြိုင်ကြပြီး ညနေပိုင်းအချိန်တွင် ပငဘောလုံးကွင်း၌ ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

    မနက်ဖြန်တွင်ကျရောက်မည့် ၇၄ ကြိမ်မြောက် မွန်အမျိုးသားနေ့ ဗဟိုအခမ်းအနားကို မော်လမြိုင်မြို့ မွန်ဓမ္မာရုံတွင်လည်းကောင်း၊ မွန်ပြည်သစ်ပါတီဗဟိုဌာနချုပ်တွင်လည်းကောင်း၊ မွန်ကျေးရွာနှင့် မြို့ပေါ်အသီးသီးတွင်လည်းကောင်း  နံနက်စောစောပိုင်းတွင် အလံတင်အခမ်းအနားဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts