spot_img
Sunday, February 1, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းUEC အသစ်ဖိတ်ကြားသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး မွန်ညီညွတ်ရေးပါတီ တက်ရောက်မည်

    UEC အသစ်ဖိတ်ကြားသည့် တွေ့ဆုံညှိနှိုင်းအစည်းအဝေး မွန်ညီညွတ်ရေးပါတီ တက်ရောက်မည်

    -

    ဗညားပိုင် (၂၄ ဖေဖော်ဝါရီ ၂၀၂၁)

    မကြာမီက အသစ်ပြန်လည်ဖွဲ့စည်းလိုက်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UCE အသစ်ဖိတ်ကြားသည့် နိုင်ငံရေးပါတီများ တွေ့ဆုံညှိနှိုင်း အစည်းအဝေးကို မွန်ညီညွတ်ရေးပါတီ MUP တက်ရောက်မည်ဖြစ်ပြီး ကိုယ်စားလှယ်အဖြစ် တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်ကို ရွေးချယ်လိုက်သည်။ 

    အဆိုပါ အစည်းအဝေးကို ဖေဖော်ဝါရီလ ၂၆ ရက် (သောကြာနေ့) နံနက် ၉ နာရီအချိန်၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ အစည်းအဝေးခန်းမ ရုံးအမှတ် (၂)၊ နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ဖိတ်ကြားစာတွင် ဖော်ပြသည်။

    MUP ပြောခွင့်ရ နိုင်တလညီက “ကျနော်တို့ ဆွေးနွေးခွင့်ရမယ်ဆိုရင်တော့ ရွေးကောက်ပွဲမှာ ရွေ့ပြောင်းလုပ်သားတွေ မဲပေးတဲ့ကိစ္စတွေကို ပြောရမယ်၊ ရွှေ့ပြောင်းတွေအနေနဲ့ သူတို့မူလနေရပ်ဇာတိက သူတို့ကိုယ်စားလှယ်တွေကိုပဲ မဲပေးဖို့ရယ်၊ ပြီးတော့ ကြိုတင်မဲပေးတဲ့ ကိစ္စတွေ၊ ပြီးတော့ မဲစာရင်းပြုစုတဲ့အခါမှာ သန်းခေါင်စာရင်းကို အခြေခံပြီးတော့ သေသေချာချာလုပ်ဖို့ ကိစ္စတွေပါလိမ့်မယ်” ဟု ပြောသည်။

    သို့ရာတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ၏ အစည်းအဝေးကို တက်ရောက်မည်ဖြစ်သော်လည်း ကယားပြည်နယ်ဒီမိုကရက်တစ်ပါတီ KySDP နှင့် ကယန်းအမျိုးသားပါတီတို့ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

    KySDP ပြောခွင့်ရ ဦးသဲရယ်က “ကျနော်တို့ မတက်ဘူးဆိုပြီးတော့ အဲလို ဆုံးဖြတ်ထားတာပေါ့နော်။ လက်ရှိအခြေအနေမှာက တိုင်းပြည်ရဲ့ မငြိမ်မသက်တဲ့အချိန်လည်း ပြောလို့ရတယ်။ ပြောချင်တာကတော့ ပြည်သူလူထု သဘောမကျတဲ့ အာဏာသိမ်းတဲ့တပ်မတော်ကို သွားပြီးတက်ရောက်မယ်ဆိုလို့ရှိရင် နောက်လိုက်နောက်ပါဆိုတဲ့ပုံစံမျိုး ဖြစ်သွားမှာဖြစ်တဲ့အတွက် လူထုကို အဓိက မျက်နှာမူပြီးတော့မှ ဆုံးဖြတ်ရတာဖြစ်တယ်” ဟု DVB သို့ပြောကြားခဲ့သည်။

    အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD, စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD, ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ALD တို့ တက်ရောက်မည်မဟုတ်ကြောင်း သိရသည်။

    ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်တစ်နေ့တွင် ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်ဖြင့် ဥက္ကဌ ဦးသိန်းစိုး ဦးဆောင်သော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အသစ်ပြန်လည်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks