spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးCDM လှုပ်ရှားမှုကြောင့် စက်သုံးဆီပြတ်လပ်မည့်သတင်းများထွက်ပေါ်နေသော်လည်း ပြည်ပတင်သွင်းမှု ပုံမှန်အနေအထားရှိသည်ဟုဆို

    CDM လှုပ်ရှားမှုကြောင့် စက်သုံးဆီပြတ်လပ်မည့်သတင်းများထွက်ပေါ်နေသော်လည်း ပြည်ပတင်သွင်းမှု ပုံမှန်အနေအထားရှိသည်ဟုဆို

    -

    ယဉ်ထောမွန် (၂၂ဖေဖော်ဝါရီ ၂၀၂၁)

    လတ်တလော နိုင်ငံအနှံ့ဖြစ်ပေါ်နေသော ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုကြောင့် စက်သုံးဆီပြတ်လပ်နိုင်သည့်သတင်းများထွက်ပေါ်နေသော်လည်း ပြည်ပမှ တင်သွင်းမှုလုပ်ငန်းများ ပုံမှန်အခြေအနေတွင်ရှိနေကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချသူများအသင်း အတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က ပြောကြားခဲ့ကြောင်း 7 Day သတင်းဖော်ပြချက်အရ သိရသည်။

    စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေသောကြောင့် ဘဏ်များ၊ အစိုးရဌာနများပိတ်ထားသဖြင့် ပြည်တွင်းအသုံးပြုရန် လောင်စာဆီတင်တွင်းမှုလည်းရပ်ဆိုင်းနေကြောင်း သတင်းများထွက်ပေါ်နေသော်လည်း ယခုလအတွင်း ပြည်ပမှစက်သုံးဆီ သင်္ဘောခြောက်စီးတင်သွင်းခဲ့သည်ဟု ၎င်းကပြောသည်။

    မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းမှုအတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် သုံးစွဲနေရပြီး ဆီသိုလှောင်ကန်လို အပ်ချက်ရှိခြင်း၊ ပြည်ပစက်သုံးဆီ ကုမ္ပဏီများကလည်း ဆီလိုအပ်ပါက တစ်ပတ်/၁၀ ရက်အတွင်းပို့ဆောင်ပေးခြင်းကြောင့် ပြည်တွင်းသုံးစွဲမှု၏ နှစ်လစာကိုသာ လုပ်ငန်းရှင်များက တင်သွင်းသို လှောင်ထားနိုင်သည်ဟု ဒေါက်တာဝင်းမြင့်က ဆိုသည်။

    သို့ရာတွင် ပြည်တွင်းလောင်စာဆီဘောက်ဆာကားများ သွားလာမှုနည်းပါးလာသည်နှင့်အမျှ နယ်မြို့များတွင် လောင်စာဆီဈေးနှုန်းလည်း မြင့်တက်လျှက်ရှိကြာင်း ရေးမြို့ စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင်မှ နိုင်စဟန်က ပြောသည်။

    “အခုဆို CDM တွေလုပ်နေတော့ ကားတွေသွားလို့မရတော့ ဆီတွေ ဆိုင်ရောက်ဖို့က အရမ်းကိုအခက်အခဲဖြစ်တယ်၊ အများကြီးလာဝယ်တဲ့သူတွေဆို မရောင်းချင်တော့ဘူး ကိုယ့်ဖောက်သည်လောက်ပဲရောင်းပါတယ်”ဟု ၎င်းက ဆိုသည်။

    လက်ရှိဆီဈေးနှုန်းမှာ ယခင်လများထက် ဈေးနှုန်းရုတ်တရက်ခုန်တက်သွားပြီး အောက်တိန်း 92 တစ်လီတာ ၇၇၀ ကျပ် ၊ အောက်တိန်း 95 တစ်လီတာ ၈၈၀ ကျပ်၊ ဒီဇယ် 500 PPM 810 ကျပ်နှင့် ဒီဇယ်ပရီမီယမ် တစ်လီတာ ၈၂၀ ကျပ်ရှိကြောင်း နေ့စဉ်စက်သုံးဆီဈေးနှုန်းမှ သိရသည်။

    “စက်သုံးဆီတင်ပို့မှု ရပ်တန့်သွားမယ်ဆိုရင် ယန္တရားတွေအားလုံးရပ်တန့်သွားမယ် ပြည်သူတွေစီးမယ့် ယာဉ်တွေတင်မကဘူး လေယာဉ်တွေရောအကုန်ရပ်သွားမယ် ပြည်တွင်းက လောင်စာဆီနဲ့ပဲဆို လည်ပတ်ဖို့ဘယ်လိုမှမလုံလောက်နိုင်ဘူး” ဟု စက်သုံးဆီလုပ်ငန်း CEO တစ်ဦးပြောဆိုချက်ကို BBC သတင်းကဖော်ပြသည်။

    ဘဏ်များပိတ်ခြင်းကြောင့် စက်သုံးဆီ တင်သွင်းခြင်း လုပ်ငန်းများတွင် အခက်အခဲများရှိနိုင်သော်လည်း ပြည်တွင်းစက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်မကြီးကြရန် ဒီဇယ်ဓာတ်ဆီ တင်သွင်းနေသည့် လုပ်ငန်းရှင်အချို့ကပြောသည်။

    ဒီဇယ်၊ ဓာတ်ဆီအပါအဝင် စက်သုံးဆီကို ပင်လယ်ရေကြောင်းမှ တင်သွင်းသကဲ့သို့ နယ်စပ်ကုန်သွယ်ရေး ထိုင်းနိုင်ငံလမ်းကြောင်းများမှလည်း တင်သွင်းလျှက်ရှိကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks