spot_img
Sunday, February 1, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် MUP ပါဝင်လာ

    မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီတွင် MUP ပါဝင်လာ

    -

    မွန်သတင်းအေဂျင်စီ(၂၂ ဖေဖော်ဝါရီ ၂၀၂၁)

    မွန်ပြည်နယ် စီမံအုပ်ချုပ်မှုကောင်စီတွင် မွန်ညီညွတ်ရေးပါတီ MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမ(ခေါ်) နိုင်ခင်မောင်ဇင် အဖွဲ့ဝင်အဖြစ် ပါဝင်လာကြောင်း တွေ့ရှိရသည်။

    မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ခြင်းသည် နိုင်ငံရေးအရ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး အဖြေရှာသည့်နည်းလမ်းဖြင့်သာ လက်ရှိတစ်ဆို့နေမှုများကို ငြိမ်းချမ်းစွာအဖြေရှာနိုင်လိမ့်မည်ဟုယူဆထားကြောင်း နိုင်လယိတမက ဆိုသည်။

    “ကျနော်တို့အတွေ့အကြုံအရ အတိုက်အခံအဖြစ် ဆန့်ကျင်သွားမယ်ဆိုရင် မွန်အမျိုးသားထုတွေကြားမှာ အသက်အန္တရယ်တွေ သွေးထွက်သံယိုတွေဖြစ်ပေါ်လာမှာကို စိုးရိမ်လို့ အခုလိုကောင်စီမှာပါဝင်သွားဖို့ ရွေးချယ်လိုက်တာပါ ကျနော်တို့ပါတီအပေါ် နားလည်ပေးကြပါ စိတ်အေးအေးထားကြပါလို့ ပြောချင်ပါတယ်” ဟု နိုင်လယိတမက မွန်သတင်းအေဂျင်စီသို့ ပြောကြားခဲ့သည်။

    အလားတူ တနင်္သာရီ စီမံအုပ်ချုပ်မှုကောင်စီတွင်လည်း MUP ပါတီမှ ဦးခင်မောင်မြင့် ပါဝင်နေကြောင်း သိရှိရသည်။

    မွန်ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးဟောင်းနှင့် မွန်ပြည်နယ် YMBA ဥက္ကဌ ဦးဇော်လင်းထွန်းအား မွန်ပြည်နယ် စီမံအုပ်ချုပ်မှုကောင်စီဥက္ကဌအဖြစ် ယမန်နေ့တွင် ပြောင်းလဲခန့်အပ်လိုက်သည်ကိုတွေ့ရှိရပြီး မူလကခန့်အပ်ထားသည့် ဒေါက်တာတင်ဌေး နုတ်ထွက်သွားသည်ဟု အကဲခတ်နေသူများက ယူဆရသည်။

    သို့ဖြစ်ရာ လက်ရှိ မွန်ပြည်နယ် စီမံအုပ်ချုပ်မှုကောင်စီတွင် ပြည်ခိုင်ဖြိုးပါတီ မွန်ပြည်နယ်ဥက္ကဌ ဦးအောင်ကြည်သိန်း အဖွဲ့ဝင်အဖြစ်ပါဝင်နေသည်ဖြစ်ရာ စုစုပေါင်းအရပ်သား ၃ ဦးပါဝင်နေကြောင်း သိရသည်။

    ထို့ပြင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ၏ ကမ်းလှမ်းချက်အရ နိုင်ငံတော် စီမံအုပ်ချုပ်မှုကောင်စီအဖွဲ့တွင်ပါဝင်နိုင်ရန် မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာဗညားအောင်မိုးအား MUP က ရွေးချယ်ထားပြီးဖြစ်သော်လည်း သက်ဆိုင်ရာမှ တာဝန်ခန့်အပ်ပေးခြင်းမတွေ့ရသေးပေ။   

    သို့ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်ရန် မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်ဆုံးဖြတ်ချက်အပေါ် ပါတီတွင်းနှင့် မွန်ပြည်သူအချို့လက်မခံဆန့်ကျင်သည့်အမြင်များ ကြီမားနက်ရှိုင်းစွာပေါ်ထွက်လာသောကြောင့် MUP ဗဟိုကော်မတီအစည်းအဝေးခေါ်ယူသင့်ကြောင်း၊ MUP ပါတီတွင်း မွန်အမျိုးသားထုအတွင်း စည်းလုံးညီညွတ်ရေးကို ရည်မှန်းလျှက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် ပါဝင်မည့်အရေးကို MUP မှ ဆွေးနွေးဆုံးဖြတ်ရာတွင် “ပါတီတွင်း ဒီမိုကရေစီနည်းကျကျ အကျေအလည်ညှိနှိုင်းဆွေးနွေးသုံးသပ်ဆုံးဖြတ်ကြပြီး ထွက်ပေါ်လာသည့်ရလဒ်အား လေးစားလိုက်နာသွားကြရန်” အကြံပြုပါကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့က မွန်ပြည်သစ်ပါတီ NMSP ထုတ်ပြန်ချက်တွင် တိုက်တွန်းဖော်ပြထားသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks