spot_img
Sunday, February 1, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းနှစ်ငါးလုံးနွေဦးတော်လှန်ရေး မော်လမြိုင်မြို့ပေါ်တွင် သိန်းနှင့်ချီသောလူထု ဆန္ဒပြထုတ်ဖော်

    နှစ်ငါးလုံးနွေဦးတော်လှန်ရေး မော်လမြိုင်မြို့ပေါ်တွင် သိန်းနှင့်ချီသောလူထု ဆန္ဒပြထုတ်ဖော်

    -

    ဗညားပိုင် (၂၂ ဖေဖော်ဝါရီ ၂၀၂၁)

    စစ်အာဏာရှင်ဆန့်ကျင်ကန့်ကွက်သည့် ပြည်လုံးကျွတ် နှစ်ငါးလုံးနွေဦးတော်လှန်ရေး အထွေထွေသပိတ်သည် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်၌ ဆန္ဒပြသည့် (၁၆) ရက်နေ့မြောက်အဖြစ် အလွှာပေါင်းစုံမှ ပါဝင်လာကြပြီး သိန်းနှင့်ချီသော လူထုများ ယနေ့တွင် လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

    ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြန်မာ့မီးရထားဝန်ထမ်း (မော်လမြိုင်)၊ မြန်မာ့စာတိုက်လုပ်ငန်း (မော်လမြိုင်)၊ မြန်မာနိုင်ငံရှေ့နေများ၊ ပုဂ္ဂလိကအာမခံလုပ်ငန်း ဝန်ထမ်းများ၊ ဆေးကုမ္ပဏီဝန်ထမ်းများအဖွဲ့ (မော်လမြိုင်)၊ မော်လမြိုင်တက္ကသိုလ်များမှ ကျောင်းသားသပိတ်၊ အထက (၁) မော်လမြိုင် ကျောင်းသား/ ကျောင်းသူဟောင်းများ၊ မော်လမြိုင်တက္ကသိုလ် ဘူမိဗေဒ ကျောင်းသား/ ကျောင်းသူများ၊ အမှတ် (၁) ဈေးသူ/ ဈေးသားများ၊ မြန်မာမွတ်စ်လင်မ်များနှင့် မြို့ခံပြည်သူလူထုများ စုပေါင်းဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ ဆန္ဒပြပွဲ၌ “We Don’t Accept MILITARY COUP”, “END THE DICTATORSHIP IN MYANMAR”, “RESPECT Human Rights”, “STOP VIOLENCE”, “GET OUT DICTATOR”, “GIVE BACK DEMOCRACY”, “JOIN IN CDM”, “ပြိုင်တူစုရုံး နှစ်ငါးလုံး”၊ “ရုံးမတက်နဲ့ ရုန်းထွက်” စသော ပိုစတာဆိုင်းဘုတ်အသီးသီးကိုင်ဆောင်၍ ကြွေးကြော်သံများဖြင့် ဆန္ဒဖေါ်ထုတ်ခဲ့သည်။

    သို့ရာတွင် မော်လမြိုင်မြို့ပေါ်ရှိ ဈေးကြီးများ၊ အခြေခံစားသောက်ကုန်ဆိုင်များ၊ စားသောက်ဆိုင်များသည်လည်း ယနေ့ဆန္ဒပြပွဲ၌ ပါဝင်လာသဖြင့် တစ်မြို့လုံးရှိ ဆိုင်အားလုံးနီးပါး တစ်နေ့တာ ပိတ်လိုက်ကြောင်း သိရှိရသည်။

    အလားတူ သံဖြူဇရပ်မြို့နှင့် ရေးမြို့တို့တွင်လည်း စစ်အာဏာရှင် ဆန့်ကျင်ကန့်ကွက်သည့် ၂ ငါးလုံး နွေဦးတော်လှန်ရေးတွင် သောင်းနှင့်ချီသော လူထုများ ဆန္ဒပြခဲ့ကြပြီး၊ ယင်းတစ်မြို့လုံးရှိ ဈေးဆိုင်အားလုံးနီးပါးလည်း တစ်နေ့တာ ပိတ်လိုက်သည်ဟု သတင်းရရှိသည်။

    မြန်မာနိုင်ငံတဝန်းနှင့် မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်မြို့အပါအဝင် နယ်မြို့များအားလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ အရှိန်အဟုန်းမြင့် နေ့စဉ်ဆက်လက်ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

    နှစ်ငါးလုံး အထိမ်းအမှတ် နေပြည်တော် ပျဉ်းမနားမြို့ လူထုဆန္ဒပြပွဲအား ရဲနှင့်စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့ပြီး ဆန္ဒပြသူ ၁၀၀ ကျော်ကို ဖမ်းဆီးသွားကြောင်း၊ သတင်းရုပ်သံရိုက်ကူးနေသော သတင်းထောက်များကိုလည်း သေနတ်ချိန်၍ အင်အားသုံးဖမ်းဆီးရန်ကြိုးစားသဖြင့် ထွက်ပြေးခဲ့ရကြောင်း နေပြည်တော်အခြေစိုက်သတင်းထောက်များထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks