spot_img
Monday, February 2, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ PPST ရပ်ဆိုင်းထားမည်

    အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းမှုများ PPST ရပ်ဆိုင်းထားမည်

    -

    မင်းအစိုင်း (၂၀ ဖေဖော်ဝါရီ ၂၀၂၁)

    လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းနှင့်စပ်လျဉ်း၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ငြိမ်းချင်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) က အထူးအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဟု ယနေ့ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

    “ပထမဆုံးပြောချင်တာက ကျွန်တော်တို့ ဒီနေ့ ထုတ်ပြန်ကြေညာချက်မှာပါသလို လတ်တလော နိုင်ငံရေးအခြေအနေမှာ စစ်ကောင်စီနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရပ်ထားမယ်ဆိုတာ ကျွန်တော်တို့ရဲ့ သဘောထားဖြစ်ပါတယ်။ ဒီတော့ NCA လက်တွေ့အကောင်အထည်ဖော်ဖို့ဆိုတာ ဒီနေ့အခြေအနေနဲ့ မဖြစ်နိုင်ပါဘူး။ ဆိုလိုချင်တဲ့ အဓိပ္ပာယ်က NCA ပြဌာန်းချက်မှာ ပါဝင်တဲ့ ယန္တရားတွေ စုဖွဲ့မှုတွေ၊ နိုင်ငံရေးအဖြေထုတ်မှုတွေမှာ အင်္ဂါရပ်တွေဟာ မပြည့်စုံတော့ပါဘူး။ အဲဒီအတွက် ဒီယန္တရားတွေကို မရှိပဲနဲ့ တနည်းအားဖြင့်ပြောရင် နိုင်ငံရေးဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ပြည့်ပြည့်ဝဝ လုပ်ဆောင်နိုင်တဲ့အခြေအနေမရှိတဲ့အတွက် နိုင်ငံရေးဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားတယ်ဆိုတဲ့ သဘောထားဖြစ်ပါတယ်” ဟု PPST ၏ အွန်းလိုင်းသတင်းစာရှင်းလင်းပွဲတွင် ရဲဘော်သံခဲက ပြောကြားသည်။

    စစ်အာဏာရှင်စနစ်နှင့် စစ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့် Civil Disobedience Movement (CDM) အပါအဝင် လူထုလှုပ်ရှားမှုများအားလုံးကို အပြည့်အဝထောက်ခံပြီး ထိုလှုပ်ရှားမှုများနှင့် စပ်လျဉ်း၍ လိုအပ်သော ပံ့ပိုးမှုများအတွက် နည်းလမ်းရှာဖွေ ပံ့ပိုးသွားမည် ဖြစ်သည်။

    ထို့အပြင်  ဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူလူထုများအား အကြမ်းဖက်သော နည်းလမ်းများဖြင့် နှိမ်နင်းခြင်းများကို ဆန့်ကျင်ကန့်ကွက်သည်ဟု ဆိုသည်။

    အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် လက်ရှိနိုင်ငံရေးပြဿနာများကို နည်းလမ်းရှိ ဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာအသိုင်းအဝန်းအပါအဝင် ပြည်တွင်းပြည်ပ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

    သို့ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် NCA လမ်းကြောင်းအတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks