Sunday, April 12, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းစစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေစဥ် တပ်မတော်ထောက်ခံသူများ မော်လမြိုင်မြို့သို့ စုဝေးရောက်ရှိလာ

    စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြနေစဥ် တပ်မတော်ထောက်ခံသူများ မော်လမြိုင်မြို့သို့ စုဝေးရောက်ရှိလာ

    -

    စိုင်းထွန်းစံ (၁၃ ဖေဖော်ဝါရီ ၂၀၂၁)

    စစ်အာဏာရှင် ဆန့်ကျင်ရေး အထွေထွေသပိတ်ဆန္ဒပြနေစဥ် တပ်မတော်နှင့်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီထောက်ခံသူ မွန်ပြည်နယ် ၁၀ မြို့နယ်မှအစုအဖွဲ့ များ မော်လမြိုင်မြို့ပေါ်သို့ ယနေ့တွင် စုဝေးရောက်ရှိလာကြောင်း သတင်းရရှိသည်။

    တပ်မတော်ထောက်ခံသူများသည် မွန်းတည့်အချိန်ခန့်တွင် မော်လမြိုင်မြို့ ကမ်းနားလမ်းရေပေါ်ဈေးသို့ စုဝေးရောက်ရှိလာပြီး “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံကြိုဆိုပါသည်” စသည့် ဆိုင်းပုဒ်များ ကိုင်ဆောင်ကာ မြို့အတွင်း လှည့်လည်ခြင်းဖြစ်သည်။

    သို့သော် တပ်မတော် ထောက်ခံသူများ မြို့ပေါ်လှည့်လည်ရာတွင် မော်လမြိုင်မြို့ခံများ လက်မခံသဖြင့် လမ်းတလျှောက်တွင် သံပုံးတီး ကန့်ကွက်ခဲ့ကြောင်း တွေ့ရှိရသည်။


    တပ်မတော်ထောက်ခံသည့်လူအုပ်စု

    ယင်းသို့အနေအထားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြအုပ်စုနှင့် တပ်မတော်ထောက်ခံသည့်အုပ်စုအကြား ထိပ်တိုက်တွေ့ဆုံမည့်အရေး စိုးရိမ်ရကြောင်း မြို့ခံအချို့ထံမှသိရသည်။

    တပ်မတော်၏ စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံရန် အင်အား ရာချီသော အခြားဒေသများမှ လူစိမ်းများ မော်လမြိုင် မြို့ကိုစုဝေး ရောက်ရှိလာခြင်းဖြစ်ရာ ၄င်းတို့၏ လှုပ်ရှားမှုကို အထူးသတိထားစောင့်ကြည့်နေရကြောင်း ဆန္ဒပြကျောင်းသားတစ်ဦးက ဆိုသည်။

    ရဲနှင့်စစ်တပ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မော်လမြိုင်တက္ကသိုလ်အနီးတွင် ယမန်နေ့က ဆန္ဒပြကျောင်းသားများကို သေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ကျောင်းသား/သူများအပါအဝင် ဝန်းရံသူ (၉) ဦးကို ရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့ရာ မြို့ခံလူထုတောင်းဆိုဆန္ဒပြမှုအပြီးတွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။


    မွန်ပြည်နယ်အတွင်း မော်လမြိုင်မြို့နယ်၊ ကျိုက်ထိုမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေးမြို့နယ်တို့အပါအဝင် မြန်မာနိုင်ငံတဝန်း မြို့ပေါင်း ၉၀ ကျော်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့ကစပြီး လူ ၅ ဦးမစုရနှင့် ပုဒ်မ ၁၄၄ ကာဖျူး ညမထွက်ရအမိန့်ထုတ်ပြန်ထားသည်။


    တပ်မတော်ထောက်ခံသည့်လူအုပ်စု မော်လမြိုင်မြို့သို့ စုရုံးရောက်လာစဥ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks