spot_img
Sunday, December 21, 2025
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းအာဏာရှင်ဟူသမျှ တော်လှန်သော တိုင်းရင်းသားလူငယ်များ မော်လမြိုင်မြို့တွင် ဆန္ဒထုတ်ဖော်

    အာဏာရှင်ဟူသမျှ တော်လှန်သော တိုင်းရင်းသားလူငယ်များ မော်လမြိုင်မြို့တွင် ဆန္ဒထုတ်ဖော်

    -

    ဗညားပိုင် (၁၁ ဖေဖော်ဝါရီ ၂၀၂၁)

     “အာဏာရှင်ဟူသမျှ တော်လှန်သော”ခေါင်းစည်းစာတမ်းဖြင့် မွန်၊ ကရင်၊ ပအိုဝ်း တိုင်းရင်းသားလူငယ်များနှင့် မြို့ခံပြည်သူလူထုအင်အား ၁၀၀၀ ခန့် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့ပေါ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

    မွန်လူငယ်တစ်ဦးက“စစ်အာဏာရှင် အုပ်ချုပ်တာကို မလိုလားဘူး၊ ပြီးတော့ စစ်အာဏာရှင်ဖြစ်စေ ဒီမိုကရေစီအာဏာရှင်ဖြစ်စေ ဘယ်အာဏာရှင် အုပ်ချုပ်တာကိုမှ ကျနော်တို့မလိုလားဘူး၊ ဒါကြောင့် အာဏာရှင်မှန်သမျှ ဆန့်ကျင်ကြဆိုတဲ့အဓိပ္ပါယ်နဲ့ လာရောက်ကန့်ကွက် ဆန္ဒပြတယ်လို့” ဟု ပြောသည်။

    ယခုကဲ့သို့ စစ်အာဏာသိမ်းလိုက်သည့်အတွက် တိုင်းရင်းသားများလိုလားနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအရေးမှာလည်း နှောက်နှေးမှုဖြစ်စေနိုင်ကြောင်း ၎င်းက ယူဆနေသည်။

     “အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒို့အရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး ဒို့အရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ပေါက်ရေး ဒို့အရေး၊ မတရား ဖမ်းဆီးထိန်းသိမ်းခံရသည့် နိုင်ငံရေးသမားများ လွှတ်ပေးရေး ဒို့အရေး” စသည်ဖြင့် တိုင်းရင်းသားလူငယ်များက ကြွေးကြော်ခဲ့ခြင်းဖြစ်သည်။

    ပအိုဝ်းတိုင်းရင်းသားလူငယ်တစ်ဦးက “ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ကတော့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူရေးကို ကျနော်တို့ လိုချင်တာပေါ့နော်၊ ပြီးတော့ ဒါကိုလည်း ဒီမိုကရေစီလမ်းကြောင်းနဲ့ သွားမှ ဖြစ်နိုင်တာပေါ့နော်၊ ခုတပ်မတော်က အာဏာသိမ်းလိုက်တဲ့အခြေနေမှာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေက ဆိတ်သုဉ်းသွားတယ်။ ဒါကြောင့် ကျနော်တို့တိုင်းရင်းသားအရေးတွေ လိုအပ်ချက်တွေလည်း ဆိတ်သုဉ်းးသွားနိုင်တယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်အောင် ဖြတ်ရမယ် ပြီးတော့ ဒီစစ်အာဏာရှင်စနစ်ကို ကျနော်တို့ ဆန့်ကျင်တယ်”ဟု ဆိုသည်။

    အလားတူ ရန်ကုန်မြို့ရောက် တိုင်းရင်းသားလူမျိုးစုများဖြစ်သည့် ကချင်၊ ကရင်၊ချင်း၊ မွန်၊ ရခိုင်၊ရှမ်း၊ ဗမာ၊ လီဆူး၊ ဝ၊ ပအိုဝ်း၊တအန်း(ပလောင်)၊ ကတူး၊ ဒိုင်နက်၊ မြို့၊ အင်းသား၊ မရမာကြီး၊ သက်၊ ဟိန္ဒူဘာသာဝင် တမီးလ်လူမျိုးနှင့် အစ္စလာမ်ဘာသာဝင်များပါဝင်ခဲ့ကြောင်း ဆက်သွယ်မေးမြန်းချက်အရ သိရသည်။

    ကရင်တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ရွေးခြယ်ခံထားရသူ စူစန်နာလှလှစိုးက “ပြီးခဲ့တဲ့ အစိုးရခေတ်မှာလည်း ကျမဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ ၅ နှစ်လုံးလုံး တာဝန်ထမ်းဆောင်ခဲ့တယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေအောက်မှာ ကျမတို့ ဘာမှ လုပ်ခွင့်မရခဲ့ပါဘူး။ ကျမတို့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုဟာ ၂၀၀၈ အောက်မှာပဲ မှေးမှိန် ပျောက်ကွယ်ခဲ့ရတာ ကျမရဲ့ ကိုယ်တွေ့ပဲ ဖြစ်ပါတယ်။ အဲတော့ ကျမတို့ ၂၀၀၈ ဖွဲ့စည်းပုံဖျက်သိမ်းရေးကိုလည်း ရဲရဲဝံဝံထောက်ခံပါတယ်လို့ ပြောလိုပါတယ်”ဟု ဟောပြောခဲ့သည်။

    မနက် ၈ နာရီ မြေနီကုန်း ပဒုမ္မာပန်းခြံမှာ စုဝေးဟောပြောကြပြီးနောက် ရွှေဂုံတိုင်ကို ချီတက်ခဲ့ကြရာမှာ လူဦးရေ တစ်သောင်းခန့်ပါဝင်ကြောင်း ခန့်မှန်းကြသည်။ 

    ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံကြောင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အဟန့်အတားဖြစ်ပေါ်နေရကြောင်း၊  တိုင်းရင်းသားအားလုံး အတူယှဉ်တွဲနေထိုင်ကြသေ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးက အလွန်အရေးကြီးကြောင်း၊ အာဏာရှင်စနစ်ဖျက်သိမ်းရေး တောင်းဆိုကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts