spot_img
Saturday, January 31, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးမွန်ပြည်နယ် မော်လမြိုင်နှင့် ရေးမြို့နယ်တို့တွင် လူ ၅ ဦးမစုရနှင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထား

    မွန်ပြည်နယ် မော်လမြိုင်နှင့် ရေးမြို့နယ်တို့တွင် လူ ၅ ဦးမစုရနှင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထား

    -

    မွန်သတင်းအေဂျင်စီ (၈ ဖေဖော်ဝါရီ ၂၀၂၁)

    မွန်ပြည်နယ် မော်လမြိုင်နှင့် ရေးမြို့နယ်တို့တွင် လူ ၅ ဦးမစုရနှင့် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ထုတ်ပြန်ထားကြောင်း ယနေ့ညနေပိုင်းတွင် တွေ့ရှိရသည်။

    လူ ၅ ဦး သို့မဟုတ် ၅ ဦးအထက်ပိုသောသူများသည် ရေးမြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည (၈)နာရီအချိန်မှ နံနက် (၄) နာရီအချိန်အတွင်း ညးမထွက်ရအမိန့်ကို ထုတ်ဆင့်လိုက်ကြောင်း ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရ အမိန့်အမှတ် ၁/၂၀၂၁ ကို ယနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

    ယခုအခါ ရေးမြို့နယ် နယ်နိမိတ်အတွင်း လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန်နှင့် စိုးရိမ်ဖွယ်ရာရှိသည့်အပြုအမူများကို ဆောင်ရွက်နေကြောင်း တွေ့ရှိရပါသည်ဟု ဆိုသည်။

    ယင်းကဲ့သို့ ပြုမူဆောင်ရွက်ခြင်းသည် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရေးမြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ဖျက်ဆီးခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်လိုက်ကြောင်း အမိန့်ကြေညာချက်တွင် ဖော်ပြပါရှိသည်။

    အလားတူ မော်လမြိုင်မြို့နယ်အတွင်း လူ ၅ ဦးမစုရနှင့် ညမထွက်ရအမိန့်ကို မြို့နယ်အုပ်ချုပ်ရေးမှူး လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း တွေ့ရှိရသည်။

     “စစ်အာဏာရှင် အလိုမရှိ ဒီမိုကရေစီရရှိရေး၊ ဒို့အရေး- သမ္မတ ဦးဝင်းမြင့်နှင့် အမေစုတို့အား အမြန်ဆုံး လွှတ်ပေးရေး ဒို့အရေး၊ အရေးတော်ပုံ အောင်ရမည်” စသည့် ကြွေးကြော်သံများ၊ ပိုစတာ ဗီနိုင်းများကိုင်ဆောင်၍ စစ်အာဏာသိမ်းမှုနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေးအတွက် သံဗုံးတီးခြင်း၊ ကား ဆိုင်ကယ်များဖြင့် မြို့တစ်ပတ် လှည့်လည် ဆန္ဒထုတ်ဖော်မှုများကို မွန်ပြည်နယ်အတွင်းရှိ မော်လမြိုင်၊ ရေး၊ သထုံ၊ ဘီးလင်း၊ ပေါင်၊ သံဖြူဇရပ်၊ ကျိုက်ခမီမြို့ပေါ်များ၌ ထောင်သောင်းနှင့်ချီသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်များနှင့် ဝန်ရံသူများက ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့ကြောင်း တွေ့ရသည်။

    ထို့အပြင် မြန်မာနိုင်ငံတဝန်းလုံး ဆန္ဒပြပွဲများအရှိန်မြင့်လာသဖြင့် တိုင်းနှင့်ပြည်နယ်အသီသီးရှိ မြို့နယ်အချို့တွင် အလားတူ ညမထွက်ရနှင့် လူစုလူဝေးမပြုရ အမိန့်များထုတ်ပြန်ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks