spot_img
Saturday, February 21, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးအမျိုးသားညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးရေး ပျက်ပြားစေသည့်ပြောဆိုရေးသားမှုများ အထူးရှောင်ရှားကြစေလို

    အမျိုးသားညီညွတ်ရေးနှင့် တိုင်းရင်းသားစည်းလုံးရေး ပျက်ပြားစေသည့်ပြောဆိုရေးသားမှုများ အထူးရှောင်ရှားကြစေလို

    -

    အယ်ဒီတာ့အာဘော် (၇ ဖေဖော်ဝါရီ ၂၀၂၁)

    မြန်မာ့နိုင်ငံရေးယဉ်ကျေးမှုတွင် တွေ့ဆုံဆွေးနွေးစေ့စပ်ညှိနှိုင်း အလျှော့အတင်းပြုလုပ်သည့် အလေ့အထအားနည်းနေသည့်ကြားကပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရလက်ထက်တွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရန်ကြိုးပမ်းနေစဥ် စစ်အာဏာသိမ်းသံသရာသို့ တကြော့ပြန်လည်ဆိုက်ရောက်လာသည်။

    စင်စစ် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်ခဲ့သော ဗမာ့တပ်မတော်က ၂၀၂၀ ရွေးကောက်ပွဲ မဲသမာမှုသံသယအကြောင်းပြချက်ဖြင့် NLD အစိုးရကို စစ်အာဏာသိမ်းလိုက်ခြင်းပင်ဖြစ်ကြောင်း မွန်တိုင်းရင်းသားအများစုက ရှုမြင်နေပုံရသည်။ 

    သို့ဖြစ်ရာ အာဏာသိမ်းခံရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD နှင့်အတူ နိုင်ငံရေးအရ တိုက်ပွဲဝင်၍ရပ်တည်သွားမည်လော သို့တည်းမဟုတ် အာဏာရမြန်မာအစိုးရအဆက်ဆက်အား ဖက်ဒရယ်ဒီမိုကရေစီအရေး တောင်းဆိုတိုက်ပွဲဝင်လာသည့်ယခင်ရပ်တည်ချက်များအတိုင်း လုပ်ဆောင်သင့်သည်ကို မိမိတို့ဖာသာ သီးခြားဆက်လက်လုပ်ဆောင်သွားမည် ဆိုသည့်လမ်းဆုံလမ်းခွပေါ်တွင် မွန်နိုင်ငံရေးခေါင်းဆောင်များကို အကြပ်ရိုက်စေခဲ့သည်။

    မည်သို့ပင်ဆိုစေကာမူ စစ်အာဏာသိမ်းမှုသည် ဖက်ဒရယ် ဒီမိုကရေစီခရီးပန်းတိုင်ကို နှောက်ဆုတ်စေသည့်ခြေလှမ်းဖြစ်သလို တိုင်းပြည်၏ပုံရိပ်လည်း များစွာထိခိုက်ကျဆင်းစေသဖြင့် ပြည်သူတစ်ရပ်လုံး အားပေးထောက်ခံမည်တော့ မဟုတ်ပေ။    

    လက်ရှိဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေးပြဿနာအရပ်ရပ်ကို နိုင်ငံရေးအရ တွေ့ဆုံညှိနှိုင်းဖြေရှင်းခြင်းနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းကြောင်းကို လျှောက်လှမ်းနိုင်မှသာလျင် စစ်အာဏာရှင်ဝါဒကိုအဆုံးသတ်စေပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ကို ဖော်ဆောင်နိုင်လိမ့်မည်ဟု ယူဆရသည်။  

    ယခုကဲ့သို့ အဖက်ဖက်က အမျိုးသားညီညွတ်ရေး ဆိတ်သုဥ်းနေသည့်ကာလဆိုးကြီးတွင် တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ ပြိုင်ဖက်ပါတီအချင်းချင်းအကြား ထိလွယ်ရှလွယ်အခြေအနေမျိုးဖြစ်နေသည့်အလျှောက် တဖက်သားမကြိုက်မနှစ်သက်သည့် ရေးသားလှုံ့ဆော်ပြောဆိုမှုများကိုလည်း သတိထားဆင်ခြင်စေလိုသည်။

    ထို့ကြောင့် လက်ရှိတည်ဆောက်ရရှိထားပြီးသော မွန်အမျိုးသားတို့၏ စုစည်းညီညွတ်မှုအင်အားကို ထိခိုက်စေသည့်ပြုမူပြောဆိုမှုနှင့် ရေးသားလှုံ့ဆော်မှုများ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်ပြားစေသည့်လုပ်ရပ်များအား  လက်ရှိအခြေအနေမျိုးတွင် အထူးသတိထားရှောင်ရှားကြပါရန် အလေးအနက် တိုက်တွန်းလိုက်ပါကြောင်း။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks