Homeငြိမ်းချမ်းရေးဘုရားသုံးဆူမြို့ NLD ဥက္ကဌကို ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး

ဘုရားသုံးဆူမြို့ NLD ဥက္ကဌကို ခံဝန်ချုပ်ဖြင့် ပြန်လွှတ်ပေး

-

မွန်သတင်းအေဂျင်စီ (၇ ဖေဖော်ဝါရီ ၂၀၂၁)

ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ ရဲစခန်း၌ NLD ဥက္ကဌ ဦးသန်းလွင်အား ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှ ခံဝန်ချုပ်အာမခံဖြင့် ယနေ့မွန်းတည့်အချိန်မတိုင်မီတွင် ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။

“ဦးသန်းလွင် အခုနေ့လယ် ၁၂ နာရီမထိုးခင် ၁၅ မိနစ်လောက်မှာ လွတ်လာတယ်၊ စုစုပေါင်း ၃ ယောက် ခံဝန်ချုပ် ထိုးခဲ့ရတာပေါ့၊ သူတို့အနေနဲ့ ဦးဆောင်ပြီး လူစုလူဝေးလုပ်ခွင့်မရှိတော့ပါဘူး၊ ဒါပေမယ့် စစ်အာဏာရှင် ကျဆုံးရေးအတွက် ကျနော်တို့ ဆက်လုပ်သွားမှာပါ” ဟု ဘုရားသုံးဆူမြို့ခံ NLD ခေါင်းဆောင်တစ်ဦးက ပြောသည်။

ယမန်နေ့ညပိုင်းအချိန်က ဘုရားသုံးဆူမြို့လယ်ပန်းခြံ၌ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး လူစုလူဝေးဖြင့် ဖယောင်းတိုင်းမီးထွန်းညှိဆုတောင်းပွဲကျင်းပပြုလုပ်၍ မြို့ပေါ်လှည့်လည်ခဲ့ပြီးနောက် ဘုရားသုံးဆူမြို့ NLD ဥက္ကဌ ဦးသန်းလွင်နှင့် ဒုဥက္ကဌ ဦးတင်ဝင်းဦးတို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ရဲစခန်းသို့ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်နေသူ ကျန်အဖွဲ့ဝင်တစ်ဦးအပါအဝင် ခံဝန်ချုပ်အာမခံဖြင့် လွတ်မြောက်လာခြင်းဖြစ်သည်။

“သဘာဝဘေးအန္တရယ်ပုဒ်မနဲ့ဆွဲထားပြီး သက်သေ ၂ ဦးခံဝန်ချုပ်နဲ့ပြန်လွှတ်ပေးတယ် လူစုလူဝေးပြန်လုပ်ရင် အချိန်မရွေးပြန်အဖမ်းခံရနိုင်တယ် အပြီးအပြတ်မဟုတ်သေးဘူး အမှုက အရှင်ဖြစ်နေတယ်၊ သဘာဝဘေးအန္တရယ်သက်တမ်းကုန်သွားရင် ပြီးသွားမှာပါ” ဟု ရဲစခန်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သို့ရာတွင် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ကြီးများတွင် ယမန်နေ့က ရာဂဏန်းမှအစပြုပြီး ထောင်ဂဏန်းဖြင့် လူထုဆန္ဒပြချီတက်ပွဲများဖြစ်ပေါ်ခဲ့သော်လည်း အာဏာပိုင်များဘက်က ဖမ်းဆီးအရေးယူခဲ့မှုသတင်း မကြားသိရသေးပေ။  

ဘုရားသုံးဆူမြို့ NLD ဥက္ကဌ ဦးသန်းလွင်( U Than Lwin)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts