spot_img
Saturday, January 24, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၂၀၀၈ ခြေ/ဥ ဖျက်ပစ်ရမည်ဟု ကာချုပ်၏ ပြောဆိုချက်ကို အဖွဲ့အစည်းတချို့နှင့် မီဒီယာအချို့မှ လိုရာဆွဲရေးသားနေသည်ဟု တပ်မတော်ရှင်းလင်း

    ၂၀၀၈ ခြေ/ဥ ဖျက်ပစ်ရမည်ဟု ကာချုပ်၏ ပြောဆိုချက်ကို အဖွဲ့အစည်းတချို့နှင့် မီဒီယာအချို့မှ လိုရာဆွဲရေးသားနေသည်ဟု တပ်မတော်ရှင်းလင်း

    -

    မင်းအစိုင်း (၃၀ ဇန်နဝါရီ ၂၀၂၁)

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ ဥပဒေကို မလေးစား၊ မလိုက်နာပါက အဆိုပါဥပဒေကို အသုံးပြုရန်မလိုအပ်တော့သဖြင့် ဖျက်ပစ်ရမည်ဖြစ်ကြောင်း ပြောကြားချက်ကို အဖွဲ့အစည်းအချို့နှင့် သတင်းမီဒီယာများ အနေဖြင့် မိန့်ခွန်းအပြည့်အစုံအပေါ် လေးစားမှုမရှိဘဲ လိုရာဆွဲအဓိပ္ပာယ်ဖွင့်ဆိုခဲ့သည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဇန်နဝါရီ ၃၀ ရက်တွင် ရှင်းလင်း ထုတ်ပြန်ထားသည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်မှ သင်တန်းသားအရာရှိကြီးများကို ဇန်နဝါရီ ၂၇ ရက်တွင် Video Conferencing ဖြင့် တွေ့ဆုံ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “တပ်မတော်သည် လက်နက်ကိုင်ထားသော အဖွဲ့အစည်းဖြစ်သည့်အတွက် အခြေခံဥမဒေကို လေးစားလိုက်နာရန် လိုအပ်ကြောင်း၊ ထို့ကြောင့် မိမိတို့တပ်မတော်သားများအနေဖြင့် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို  ကျော်လွန်မှုမရှိသည့် တည်ဆဲဥပဒေအားလုံးကို လေးစားလိုက်နာရမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေသည် Mother Law ပင်ဖြစ်ပြီး မိမိတို့ တပ်မတော်သားများ အနေဖြင့် လေးစားလိုက်နာရန် လိုအပ်သည်ဟု ပြောကြားလိုကြောင်း၊ ဥပဒေကို မလေးစား၊ မလိုက်နာပါက အဆိုပါဥပဒေကို အသုံးပြုရန်မလိုအပ်တော့သဖြင့် ဖျက်ပစ်ရမည်ဖြစ်ကြောင်း” ဟု ပြောကြားခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

    အဆိုပါပြောကြားချက်အပေါ်မူတည်၍ အချို့သော အဖွဲ့အစည်းများနှင့် မီဒီယာများက တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်)ကို ဖျက်သိမ်းလိမ့်မည်ဟု လိုရာဆွဲပြောဆိုခြင်း၊ ရေးသားခြင်းများ ပြုလုပ်နေသည်ဟု ထုတ်ပြန်ထားသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဗအိုအလုပ်အမှုဆောင် မုံရွာအောင်ရှင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အနေဖြင့်သင်တန်းသားအရာရှိကြီးများအား အခြေခံဥပဒေ၏ သဘောသဘာဝကို နားလည်သဘောပေါက်စေရန် ပြောကြားသည်ဟု ဆိုသော်လည်း လက်ရှိအစိုးရအပြောင်းအလဲများနှင့် လက်ရှိအခြေအနေ၊ အချိန်အခါတွင် စဉ်းစားစရာများ ဖြစ်နေသည်ဟု ဆိုသည်။

    ”ဒါက‌တော့ လက်တွေ့နဲ့ပဲ အကဲဖြတ်ရမှာပဲလေ လက်တွေ့အချက်အလက်နဲ့ပဲ အကဲဖြတ်ရမှာပဲလေ၊ တကယ်တမ်း သူတို့ပြောဆိုထားတာတွေက လေလိုင်းပေါ်မှာလည်းရှိတယ်၊ မီဒီယာစာမျက်နှာတွေမှာလည်း ရှိနေတာပဲ ဒါကို ဘယ်လိုလို့  ငြင်းလို့ရမှာလည်း ဒါကို မီဒီယာဖက်ကနေ လိုရာဆွဲပြီးပြောတယ်ဆိုတာကတော့ မီဒီယာဘက်ကနေ ပြန်လည်ချေပ ရမယ်လေ၊ တကယ်လက်တွေ့ အခိုင်အမာရှိနေတယ် ဖြစ်နေတယ်ဆိုတာကိုတော့ ပြန်ပြောဖို့ သင့်တယ်ပေါ့” ပြောသည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ပြောကြားချက်မှာ သင်တန်းသားအရာရှိကြီးများအား အခြေခံဥပဒေ၏ သဘောသဘာဝကို နားလည်သဘောပေါက်စေရန် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

    “အာဏာမသိမ်းဘူးလို့ မပြောနိုင်ဘူးဆိုတာ ဒါတွေကို ဆက်စပ်ပြီးတော့ မီဒီယာတွေရဲ့ သဘောက စဉ်းစားကြရတာရှိတယ် နောက်ပြည်သူလူထုကို အသိပေးရတာရှိတယ်လေ၊ တကယ်တမ်း မဖြစ်စေချင်ရင်တော့ မပြောကြရုံရှိတာပေါ့။ ဒါမှမဟုတ်ရင်တော့ ဒီလိုသွယ်ဝိုက်တဲ့ စကားလုံးတွေ ဒီလို အဓိပ္ပာယ်နှစ်ခွ ထွက်မယ့်ဟာမျိုးတွေ မပြောကြရုံရှိတာဘဲ” ဟု မုံရွာအောင်ရှင်က ဆက်လက်ပြောသည်။

    တပ်မတော်အနေဖြင့် တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)ကို ကာကွယ်စောင့်ရှောက်လျက် ပြဌားထားသည့် ဥပဒေဘောင်အတွင်းမှသာ ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။ သို့ရာတွင် အဆိုပါတပ်ချုပ်၏ မိန့်ခွန်း မီဒီယာများပေါ်တွင်ပြန့်နှံ့လာပြီးနောက် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် အချို့မြို့ကြီးများတွင် သံချပ်ကာကားများနှင့် တင့်ကားများ လမ်းမပေါ် ရောက်ရှိလာကြောင်း တွေ့ရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,600SubscribersSubscribe
    spot_img

    Latest posts