Sunday, March 8, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်သစ်မိတ်ဆက်ပွဲ NLD ကိုယ်စားလှယ် ၁၇ ဦးရှိသည့်အနက် ၁၂ ဦးတက်ရောက်နိုင်ခြင်းမရှိ

    မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်သစ်မိတ်ဆက်ပွဲ NLD ကိုယ်စားလှယ် ၁၇ ဦးရှိသည့်အနက် ၁၂ ဦးတက်ရောက်နိုင်ခြင်းမရှိ

    -

    စိုင်းထွန်းစံ(၂၂ ဇန်နဝါရီ ၂၀၂၁)

    မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်အသစ်များ မိတ်ဆက်ပွဲအခမ်းနားကို ယနေ့ကျင်းပပြုလုပ်ခဲ့ရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD မှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးရှိသည့်အနက် ၁၂ ဦး တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

    လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်နေ့တွင် စတင် ကျင်းပပြုလုပ်သွားရန် ခေါ်ယူထားပြီး ပြီးခဲ့သည့်ဒုတိယအကြိမ် လွှတ်တော်ဆောင်ရွက်ချက်များကို လွှတ်တော်ကိုယ်စားလှယ်အသစ်များအား လွှဲပြောင်းပေရန် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    “မိတ်ဆက်ပွဲဆိုတာက လွှတ်တော်သက်တမ်း တစ်ခုနဲ့တစ်ခုကြား အကူးအပြောင်း မှာဆိုရင် လွှတ်တော် အတွေ့အကြုံရှိခဲ့တဲ့ ကိုယ်စားလှယ်တွေလဲရှိတယ်။ လုံးဝ အစိမ်းသက်သက် အသစ် ကိုယ်စာလှယ်တွေလဲ ရှိတဲ့အခါကျတော့ နောင်တက်လာတဲ့ လွှတ်တော်ကိုယ်စာလှယ် အသစ်တွေလဲ လက်ရှိအစိုးရသက်တမ်းမှာ ဆောင်ရွက်ခဲ့တဲ့ ဆောင်ရွက်ချက်တွေ မှီညမ်းကိုးကားရမဲ့ ဥပဒေတွေ၊ ဒုတိယ သက်တမ်းအတွင်းမှာ လုပ်ငန်းစဉ် ဆောင်ရွက်ချက်တွေ အဲ့တာတွေအကုန်လုံးကို လွှတ်တော် ကိုယ်စားလှယ် အဟောင်းရော အသစ်ရော သိရှိအောင်မျှဝေပေးမည့် အစီစဉ်ရှိတယ်”ဟု လက်ရှိမွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    အဆိုပါ အခမ်းအနားကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်းအတွင်း လွှတ်တော် ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့သည့် ဒေါ်တင်အိ ကိုယ်တိုင်ဦးဆောင်ကျင်းပခဲ့ခြင်း ဖြစ်သည်။

    သို့ရာတွင် ရွေးကောက်ပွဲတွင် ထပ်မံ အနိုင်ရခဲ့ကြသည့် လက်ရှိ ဝန်ကြီးချုပ် ဒေါက်တာ အေးဇံ ၊  NLD ပါတီ မွန်ပြည်နယ် ဥက္ကဌ ဒေါက်တာခင်ဆောင်  ၊ ဒေါက်တာထိန်လင်း၊ ဒေါ်နွယ်နွယ်အောင်၊ ဦးထွန်းမင်းအောင် တို့ အပါအဝင် ကိုယ်စားလှယ် ၁၂ ဦး မတက်ရောက်နိုင်ခြင်း ဖြစ်ပြီး NLD ကိုယ်စားလှယ် ၅ ဦး၊ မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ် ၆ ဦးနှင့် တပ်မတော်သားကိုယ်စားလှယ် ၆ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

    လာမည့် တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံ NLD ၁၇ ဦး၊ မွန်ညီညွတ်ရေးပါတီ MUP ၆ ဦးနှင့် ရွေးကောက်ခံမဟုတ်သည့် တပ်မတော်သားကိုယ်စားလှယ် ၈ ဦး စုစုပေါင်း လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်သည်။  

    မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်သစ်များ မိတ်ဆက်ပွဲအခမ်းနား(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks