spot_img
Tuesday, February 17, 2026
More
    spot_img
    Homeမေးမြန်းချက်မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး မင်းဗညာစန်းနှင့် အင်တာဗျူး

    မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး မင်းဗညာစန်းနှင့် အင်တာဗျူး

    -

    စိုင်းထွန်းစံ(၁၄ ဇန်နဝါရီ ၂၀၂၁)
     
    မွန်ပြည်နယ်အစိုးရအဖွဲ့ ငါးနှစ်တာကာလအတွင်း စီးပွားရေးကဏ္ဍအပေါ် အမြင်များ၊ သုံးသပ်ချက်များနှင့် လာမည့်ငါးနှစ်ကို တာဝန်ယူမည့် ရွေးကောက်ပွဲအနိုင်ရ အစိုးရအနေဖြင့် မည်သည့်အရာများကို ပြင်ဆင်လုပ်ဆောင်ပေးရန် လိုမည်လဲနှင့်ပတ်သက်၍ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး မင်းဗညာစန်းအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။

    မေး – မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ငါးနှစ်တာကာလမှာ စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီးတော့ ဘယ်လိုသုံးသပ်နိုင်မလဲ။
     
    မင်းဗညာစန်း – စီးပွားရေးလုပ်ငန်းက ပြောရရင် မွန်ပြည်နယ်ကို အများကြီးမျှော်လင့်တယ်ပေါ့နော်။ လက်တွေ့မှာ မွန်ပြည်နယ်က နိုင်ငံရေးမငြိမ်ဘူး။ ဒါကြောင့် စီးပွားရေးအတွက် အများကြီး အခွင့်အလမ်းတွေမရခဲ့ဘူး။ ပထမဆုံး ဝန်ကြီးချုပ်အသစ်ပြောင်းတယ်။ ဝန်ကြီးချုပ်မင်းမင်းဦး တစ်နှစ်တောင်မလုပ်လိုက်ရဘူး။ ဒုတိယဝန် ကြီးချုပ်ထပ်ပြောင်းတယ်။ ဒုတိယဝန်ကြီးချုပ် ဒေါက်တာအေးဇံကနေပြီးတော့ သုံးနှစ်လောက်ကျော်ပဲ လုပ်ရ သေးတယ်။ အခုက ကိုဗစ်ဖြစ်တော့ တစ်နှစ်လောက်။ တကယ်စီးပွားရေးလုပ်ရမည့် ကာလက သုံးနှစ်ကျော်ပဲရှိပဲ။ အနီးစပ်ဆုံးကရင်ပြည်နယ်နဲ့ချိန်လိုက်ရင် စီးပွားရေးကသူတို့လောက်မကောင်းဘူး။ ဈေးကွက်ချဲ့ထွင်မှုကို ကြည့်လိုက်ရင် ကရင်ကပိုသာတယ်။ မွန်ပြည်နယ်က ငါးနှစ်တာကာလမှာ မှန်းသလောက်တော့ မဖြစ်ဘူး။ အခြေကျတဲ့ စီးပွားရေးတော့ရှိလာတာပေါ့ ဥပမာ ရေနက်ဆိပ်ကမ်း လုပ်တာတို့။ သူများထက်အားသာတာတော့ မီးရှိတယ်။ နောက်ပြီးတော့ အဓိကထုတ်ကုန်က ရာဘာလုပ်ငန်းကများတယ်။ နိုင်ငံတကာဈေးကွက်မှာ ရာဘာက ဈေးကျနေတယ်။
     
    မေး – မွန်ပြည်နယ် ရာဘာလုပ်ငန်းအခြေအနေ ဘယ်လိုဖြစ်နေလဲ။
     
    မင်းဗညာစန်း – လုပ်သားရှားပါးမှုပြသနာ။ ဒီရာဘာခြစ်ဖို့အတွက် လုပ်သားတွေမရှိဘူး။ ခြံရှင်တွေတော် တော်များများ ရာဘာခြံဧက အများကြီးရှိပေမဲ့ တကယ်သူတို့လုပ်ရတဲ့ရာဘာ ထုတ်လုပ်မှုက စိုက်တဲ့ဧက ငါးဆယ် ရာခိုင်နှုန်းလောက်ပဲ ကျွန်တော်တို့က ထုတ်လုပ်နိုင်တယ်။ ပြောရရင်တော့ကုန်ထုတ်လုပ်မှုတစ်ခုကိုပဲ ကျွန်တော် တို့ပြည်နယ်က မှီခိုထားသလိုဖြစ်နေတယ်။ အခြားဟာတွေကိုခြေလှမ်းထားတာတွေ မရှိသေးဘူး။ အဲ့တော့ငါးနှစ် တာကလက စီးပွားရေးအနေနဲ့ပြောရရင် စီးပွားရေးမတက်လာဘူးလို့ပြောလို့ရတယ်။ ကုန်သည်တွေအနေ နဲ့ကတော့ သူတို့လည်း လုပ်ရကိုင်ရတာကြပ်တယ်။ အစိုးရကလည်း လုပ်ရမည့် လမ်းစတွေ မရှိနေဘူး။ နောက် ထပ်ငါးနှစ်ကျရင်တော့ စထားတဲ့လုပ်ငန်းတွေပြန်ပြီးတော့ အကောင်အထည် ဖော်မယ်လို့ ယူဆတာပေါ့။
     
    မေး – ရာဘာလုပ်ငန်း ပြန်လည်ဦးမော့လာဖို့ အစိုးရအနေနဲ့ ဘာတွေလုပ်ဆောင်ပေးဖို့လိုမလဲ။
     
    မင်းဗညာစန်း –  ဈေးကဘယ်လို နည်းမဆို ကမ္ဘာက လွန်ခဲ့တဲ့ ဆယ်နှစ်ထဲက မလေးရှားလည်းရာဘာဈေးက မတက်နိုင်ဘူး။ ယိုးဒယားကလည်း အဲ့ဒီလိုခံယူထားတယ်။ တရုတ်ကလည်း ဒီတိုင်ပဲသဘောတူတော့ ရာဘာကို ထပ်ပြီးတော့ မစိုက်ဖို့လှုံ့ဆော်တယ်။ မွန်ပြည်နယ်ကတော့ လက်ရှိငါးနှစ်တာကာလမှာ အစိုးရရဲ့ ပေါ်လစီက တော့ ထပ်တိုးရာဘာတွေ ထပ်မစိုက်ဖို့ ဒီဟာတော့လုပ်တယ်။ ရာဘာမစိုက်ဘူးဆိုရင် အစားထိုး စိုက်ပျိုးရေး အပင်တစ်မျိုး နိုင်ငံတော်က ကူညီပေးရမယ်။ မလေးမှာဆို ဆီအုန်းလုပ်မယ်ဆို ဒီဟာလုပ်မဲ့ စိုက်ပျိုး မြေ နည်းပညာ အကုန်လုံး အစဆုံး ယိုးဒယားလည်းဒီလိုပဲ။ အဲ့တော့ မွန်ပြည်နယ်နဲ့ ကိုက်ညီတဲ့ ထုတ်ကုန်ပစ္စည်း တစ်မျိုးကို အစားထိုးဖို့မြန်မြန်လုပ်ရမယ်။ ရာဘာရှိတဲ့သူ့အပင်သူခုတ်ပြီး ဘာစိုက်ရမှန်းမသိဘူး ဖြစ်နေတယ်။ မသိတဲ့အတွက်ရှိတဲ့ ရာဘာအပေါ်မှာပဲ ရသလောက်မှီခိုပြီးတော့ ရာဘာဈေး တစ်ထောင်ခြောက်ရာ၊ နှစ်ထောင် လောက်တုန်းကတော့ သဌေးပဲ။ အခုကတော့ ရာဘာခြံရှင် အလုပ်သမားလိုဖြစ်နေတယ်။ ခြစ်တဲ့သူက မရှိတဲ့ အခါကျတော့ သူကိုယ်တိုင်ပိုက်ဆံရအောင် ခြံရှင်ကအလုပ်သမား ပြန်ဖြစ်သွားတယ်။ ဒါတွေက ပြောင်းလဲမှရမှာ အစိုးရရဲ့ မူဝါဒကပြောင်းမှရမှာ။
     
    မေး – စီးပွားရေးလုပ်ငန်းရှင်တစ်ဦးအနေနဲ့ လာမည့်နှစ်တွေမှာ မွန်ပြည်နယ်မှာ ဘယ်လိုကဏ္ဍမျိုးကို ဦးစားပေးဆောင်ရွက်ဖို့လိုလဲ။
     
    မင်းဗညာစန်း – ပထမဆုံးဖြစ်ချင်တာက မွန်ပြည်နယ်မှာ လေဆိပ်ကို အကောင်အထည်ဖော်စေချင်တယ်။ အစီကအများဆုံး ကျိုက်ထီးရိုးက ပြည်တွင်းပြည်ပ တစ်နှစ်တစ်နှစ်ကို ဘုရားဖူး နှစ်သန်းကနေ လေးသန်းအထိ လာတယ်။ ဗမာတစ်ပြည်လုံးရဲ့ခရီးသွားလုပ်ငန်း ဝင်နေတဲ့နေရာပေါ့။ ခက်နေတာက ကျိုက်ထီးရိုးကိုကုန်းလမ်း တစ်ခုထဲကပဲ သွားရတယ်။ ဥပမာ ဘန်ကောက်ကနေ ကျိုက်ထီးရိုးလာမယ်ဆိုရင် ရန်ကုန်ကိုတစ်ဆင့်လာရတယ်။ တစ်ခါကျိုက်ထီးရိုးသွားပြီးရင် မော်လမြိုင်သွားပြီးရင် ရန်ကုန်ပြန်ပြီးတော ဘန်ကောက်ပြန်ဆိုရင် သူ့အတွက် စရိတ်နှစ်ခါကုန်တယ်။ မေး-ကျေးဇူး

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks