spot_img
Sunday, February 15, 2026
More
    spot_img
    HomeCovid 19ကိုဗစ်ဒုတိယလှိုင်းတွင်ပိတ်ထားသည့် မော်လမြိုင် အမှတ်(၁)ဈေးနှင့် မြိုင်ရတနာဈေး ပုံမှန်ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြု

    ကိုဗစ်ဒုတိယလှိုင်းတွင်ပိတ်ထားသည့် မော်လမြိုင် အမှတ်(၁)ဈေးနှင့် မြိုင်ရတနာဈေး ပုံမှန်ပြန်လည်ဖွင့်လှစ်ရောင်းချခွင့်ပြု

    -

    ယဉ်ထောမွန် (၀၇ ဇန်နဝါရီ ၂၀၂၁)

    ကိုဗစ် ၁၉ ဒုတိယလှိုင်းတွင် ၄ လနီးပါးပိတ်ထားရသည့် မော်လမြိုင်မြို့အမှတ်(၁)ဈေးနှင့် မြိုင်ရတနာဈေးကို ယနေ့ဇန်နဝါရီလ ၇ ရက်နေ့တွင် အခြေခံစားသောက်ကုန်အပြင် အခြားကုန်စည်ပစ္စည်းများကို ပုံမှန်ပြန်လည်ဖွင့်လှစ်ရောင်းချရောင်းချခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

    ဈေးအတွင်း လိုက်နာရမည့်စည်းကမ်းချက်(၈)ချက်ကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပြီး သတ်မှတ်စည်းကမ်းနှင့်အညီနေထိုင်သွားကြဖို့  မွန်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက တိုက်တွန်းပြောကြားခဲ့သည်။

    “မော်လမြိုင်မြို့နယ်က Stay at home လည်းဖြေလျော့လာတယ်၊ ကိုဗစ်လူနာတွေလည်း နည်းနည်းထိန်းချုပ်လာနိုင်တယ်၊ ဈေးသူဈေးသားတွေလည်း သူတို့စားဝတ်နေရေးအတွက် တောင်းဆိုလာကြတော့ အစိုးရအဖွဲ့ကနေပြီးတော့ ခွင့်ပြုတာဖြစ်တယ်” ဟု ၎င်းကဆိုသည်။

    သို့ရာတွင် မော်လမြိုင်မြို့ရှိ မြိုင်ရတနာဈေးနှင့် အမှတ်(၁) ဈေး ဆိုင်ခန်းအချို့ ဖွင့်လှစ်ထားခြင်းမရှိသေးကြောင်း သိရသည်။ 

    အကယ်၍ Mask မတပ်လက်မဆေးပါက ဈေးဝင်းအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း၊ သတ်မှတ်လူဦးရေထက် ဆိုင်ခန်းဝန်ထမ်းအရေအတွက် ကျော်လွန်သွားပါက စိစစ်သွားမှာဖြစ်ကြောင်း မြိုင်ရတနာဈေး ဒုတာဝန်ခံ ဦးအောင်မိုးကျော်က ပြောသည်။

    “ပုံမှန်ပြန်လည်ပတ်လာတော့ကောင်းပါတယ်၊ ဈေးပိတ်တဲ့ကာလကြာတော့ ဆိုင်ပစ္စည်းမပျောက်မရှအောင်တော့ တော်တော်ထိန်းသိမ်းရတယ်၊ ဆိုင်ပစ္စည်းတွေကို ဆိုင်ရှင်ကိုယ်တိုင်လာထုတ်မှ ခွင့်ပြုတာပေါ့၊ အခြားတာဝန်ယူရတာတွေလည်း ပိုများတယ်ပေါ့”ဟု ဦးအောင်မိုးကျော်က ဆိုသည်၊

    ယခုအခါ ဈေးများပြန်လည်ဖွင့်လှစ်သော်လည်း ကိုဗစ် ၁၉ ကူးစက်မှုပြန်လည်မြင့်မားလာပါက ဈေးပြန်လည်ပိတ်သွားမည်ကိုစိုးရိမ်နေသည့်အပြင် ဆိုင်ရှင်တစ်ဦးအနေဖြင့် ဆိုင်ခန်းငှားခ အလုပ်သမားခများ နစ်နာမှုရှိခဲ့ကြောင်း အမှတ်(၁)ဈေးမှ အိမ်သုံးပစ္စည်းရောင်းသူ ဒေါ်သန်းသန်းစိုးက ပြောသည်။

    “ဈေးမရောင်းရတဲ့ ကာလတွေမှာတော့ တော်တော်လေးကို အခက်အခဲဖြစ်သွားတယ်။ အကြွေးတင်သွားတာတွေလည်းရှိတာပေါ့ ၊ ဈေးပစ္စည်းတွေလည်း ထားထားတာကြာတော့ တစ်ချို့ သုံးလို့မရတာလည်းရှိတယ်၊ ဘာပဲဖြစ်ဖြစ်ပိတ်တာထက်စာရင် ဖွင့်တာကပိုကောင်းတယ်”ဟု ဒေါ်သန်းသန်းစိုးက ပြောသည်။

    စက်တင်ဘာလဆန်းပိုင်းကတည်းကစတင်ပြီး အမှတ်(၁)ဈေးနှင့် မြိုင်ရတနာဈေးရှိ ဆိုင်ခန်းပေါင်း(၂၀၀၀)ကျော်ခန့်ဈေးရောင်းချခွင့် ကန့်သန့်ခံခဲ့ရပြီး ဈေးသူဈေးသားများနှင့် အလုပ်သမား ထောင်နှင့်ချီရှိနေကြောင်း၊  အလားတူ ဘီးလင်းမြို့မဈေးကိုလည်း ယနေ့ဇန်နဝါရီ ၇ ရက်နေ့တွင် ပုံမှန်ပြန်လည်ရောင်းချခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks