spot_img
Saturday, February 14, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးဘိန်းစာရွက်သယ်ဆောင်လာသူ အသက် ၁၅ နှစ်အရွယ်လူငယ်တစ်ဦးသံဖြူဇရပ်ရဲတပ်ဖွဲ့ဖမ်းဆီးရမိ

    ဘိန်းစာရွက်သယ်ဆောင်လာသူ အသက် ၁၅ နှစ်အရွယ်လူငယ်တစ်ဦးသံဖြူဇရပ်ရဲတပ်ဖွဲ့ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (မော်လမြိုင်၊ ၀၃ ဇန်နဝါရီ ၂၀၂၁)

    သံဖြူဇရပ်မြို့နယ် ပင-ဝဲရက်သွားလမ်းပေါ်တွင် ဇန်နဝါရီလ ၂ ရက် ညနေပိုင်းအချိန်က မော်တော်ဆိုင်ကယ်ဖြင့် ဘိန်းစာရွက်သယ်ဆောင်လာသူ အသက် ၁၅ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးရမိကြောင်း သံဖြူဇရပ်မြို့မရဲစခန်းထံမှ သတင်းရရှိသည်။

    “ဘိန်းစာရွက်တွေသယ်ဆောင်လာတဲ့ သတင်း ရပြီး ကျနော်တို့အဖွဲ့တွေ စောင့်ဆိုင်းနေကြတယ်ပေါ့၊ အဲ့ချိန် အခုကောင်လေးစီးလာတဲ့ ဆိုင်ကယ်ကို စစ်ဆေးတော့ ဘိန်စားရွက် ၂ ပိဿာလောက်နဲ့မိတယ်၊ ဥပဒေအတိုင်း အမှုဖွင့်အရေးယူထားပါတယ်”ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်က ပြောသည်။

    ကရုပ္ပိကျေးရွာတွင် နေထိုင်သူ အောင်ပြည့်ဖြိုး မောင်းနှင်လာသည့် Dream 125 ဆိုင်ကယ်ကို ရဲတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရာမှ ဆိုင်ကယ်ရှေ့ခွကြားတွင် တင်ဆောင်ထားသည့် ဘိန်းစာရွက် အလေးချိန် ၂ ပိဿာခန့်အား ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

    ကရုပ္ပိရွာသား ကိုသူရိန်က “ကောင်လေးကို သူ့မိဘတွေလည်း မနိင်တော့တာ၊ အခုလိုဖမ်းဆီးသည့်အပေါ်မှာလည်း ကောင်လေးနဲ့ပက်သက်တဲ့အသိုင်းအဝိုင်းက ကျေနပ်လက်ခံကြတယ်၊ သူတို့ထိန်းသိမ်းရခက်နေတာကို လူငယ်ပြုပြင်ရေးသင်တန်းကျောင်းမှာ ပြုပြင်ထိန်းသိမ်းပေးနိင်ဖို့ မျှော်လင့်တာပေါ့နော်၊ ကျနော်တို့ကျေးရွာက ဒေသခံ လူငယ် တော် တော်များများ ဒါကိုသုံးစွဲနေကြတာဟာ ကျနော် တို့ ကျေးရွာအတွက်တော့ ရင်လေးစရာပါ၊ သက်ဆိုင်ရာ ဖမ်းဆီးရေးအဖွဲ့တွေအနေနဲ့ထိထိမိမိ ဖမ်းဆီးပေးဖို့တောင်းဆိုချင်ပါတယ်”ဟု ဆိုသည်။

    အဆိုပါဖြစ်စဉ်နှင့်ပက်သက်ပြီး အောင်ပြည့်ဖြိုး အပေါ် သံဖြူဇရပ်မြို့မရဲစခန်းမှ မယ (ပ) ၁/၂၀၂၁၊ မူး/စိတ်ပြောင်းပုဒ်မ-၁၆(ဂ) ဖြင့် အမှုဖွင့်လှစ် အရေးယူထားကြောင်း သိရသည်။

    ဘိန်းစာရွက်သယ်ဆောင်လာသူ အသက် ၁၅ နှစ်အရွယ်လူငယ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks