spot_img
Friday, February 13, 2026
More
    spot_img
    Homeသတင်းခလယ်တံခွန်တိုင်မှလာသော မူးယစ်ဆေးပြားများ အဘစ်ကျေးရွာအနီးတွင် ဖမ်းဆီးရမိ

    ခလယ်တံခွန်တိုင်မှလာသော မူးယစ်ဆေးပြားများ အဘစ်ကျေးရွာအနီးတွင် ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (မုဒုံ-၂၈ ဒီဇင်ဘာ ၂၀၂၀)

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်ကျေးရွာဘက်မှလာသော မူးယစ်ဆေးပြားများ မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာအနီးတွင် ဖမ်းဆီးရမိကြောင်း ကမာဝက်နယ်မြေ ရဲစခန်းမှူးက ပြောသည်။ 

    စခန်းမှူး ရဲအုပ်ကျော်မြင့်နိုင်က “သတင်းအရ ကျနော်တို့အဖွဲ့တွေ စောင့်နေကြတာပေါ့၊ အဲ့ချိန်ကောင်လေးတွေ ဆိုင်ကယ်နဲ့လာချိန် ကျနော်တို့ဖမ်းဆီးရေးအဖွဲ့ကိုမြင်ပြီး ဆေးလိပ်ဗူးတစ်ဗူးကို လွှင့်ပစ်လိုက်တယ်၊ အဲ့ဆေးလိပ်ဗူးကို စစ်ဆေးတော့ မူးယစ်ဆေးပြား(၁၅၈) ပြား မိတယ်ပေါ့၊ ဥပဒေအတိုင်း အမှုဖွင့်အရေးယူထားပါတယ် “ဟု ၎င်းမှ ဆက်လက်ပြောပါသည်။

    ရဲတပ်ဖွဲ့ဝင်များက အဘစ်ကျေးရွာအနီး ခလယ်-တံခွန်တိုင်ကားလမ်း၌ စောင့်ဆိုင်းနေချိန် သူရိန်ဝင်း (၂၅-နှစ်) သီရိမြိုင်ရပ်ကွက် မော်လမြိုင်မြို့နေသူမောင်းနှင်ပြီး ဟိန်းမင်းစိုး(၂၁-နှစ်) သီရိမင်္ဂလာရပ်ကွက် မော်လမြိုင်မြို့နေသူမှ WY စာတမ်းပါစိတ်ကြွရူးသွပ်ဆေးပြား (၁၅၈)ပြားကို တွေ့ရှိပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

    သူရိန်ဝင်းနှင့် ဟိန်းမင်းစိုး တို့အပေါ် ကမာဝက် နယ်မြေရဲစခန်းမှ မယ(ပ)၆၀/၂၀၂၀၊ မူး/စိတ်ပုဒ်မ- ၁၉(က)/၂၁ဖြင့် အမှုဖွင့်အရေးယူထားရှိသည်ဟု သိရသည်။

    “ဖမ်းနေကြတာပဲ၊ ဖမ်းတိုင်းမိတာပဲ၊ ဘယ်ကလာတာလည်း သိနေကြတာပဲ၊ ထွက်တဲ့ ပင်ရင်းနေရာကို ရှင်းနိင်ရင်ရပြီလေ၊ အဲ့နေရာကို ပိုပြီးရှင်းစေချင်ပါတယ်၊ မွန်ပြည်နယ်က ရဲတပ်ဖွဲ့ဝင်တွေ ကရင်ပြည်နယ်ဘက်ကို နယ်ကျော်ဖမ်းဆီးရလို့မရတာ သိတယ်၊ ဖမ်းဆီးလို့ရတဲ့အဖွဲ့ ဖမ်းပေါ့”ဟု အမည်မဖော်လိုသူ အဘစ်ကျေးရွာသား တစ်ဦးက ပြောသည်။

    ၂၀၂၀ ခုနှစ်အတွင်း ကမာဝက်နယ်မြေရဲစခန်းမှ မူးယစ်ဆေးဝါးဖမ်းမိသည့်ဖြစ်စဉ် (၆၀) မှုရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks