spot_img
Thursday, February 12, 2026
More
    spot_img
    Homeသတင်းလမိုင်းမြို့ နေအိမ်တစ်အိမ်တွင် မောင်နှမနှစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

    လမိုင်းမြို့ နေအိမ်တစ်အိမ်တွင် မောင်နှမနှစ်ဦးထံမှ မူးယစ်ဆေးဝါးဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (၂၄ ဒီဇင်ဘာ ၂၀၂၀)

    ရေးမြို့နယ် လမိုင်းမြို့ မြို့မ(၁)ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် မောင်နှမနှစ်ဦးထံမှ ဒီဇင်ဘာလ ၂၃ ရက်နေ့ ည နေပိုင်းအချိန်က မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း လမိုင်းနယ်မြေရဲစခန်းထံမှ သတင်းရရှိသည်။

    “ကျနော်စခန်းကအဖွဲ့တွေ သတင်းရပြီး ဝရမ်းနဲ့ဝင်ဖမ်းတာပေါ့၊ ဆေးပြား(၃၀)နဲ့ ICE (၀ ဒဿမ ၇) ဂရမ်မိတယ်၊ သူတို့နှစ်ယောက်က မောင်နှမတွေပါ၊ အခုတော့ ဥပဒေအတိုင်းအရေးယူထားပါတယ်”ဟု လမိုင်းနယ်မြေရဲစခန်းမှ ရဲအုပ်ဉာဏ်လင်း က ပြောပါသည်။

    မြို့မ(၁)ရပ်ကွက် ရတနာမွန်ရပ်‌ ကျိုက်ပေါ့လမ်းနေ မနီလာဝင်း(၃၁-နှစ်) ၏ နေအိမ်ကို လမိုင်းနယ်မြေရဲစခန်းတပ်ဖွဲ့ဝင်များ ဝင်ရောက်ရှာဖွေရာ မောင်ဖြစ်သူ အောင်စိုးထွေး (၂၇-နှစ်) နှင့်အတူ  မူးယစ်ဆေးဝါးများကို ဖမ်းဆီမိခြင်းဖြစ်သည်။

     အောင်စိုးထွေး ကိုင်ဆောင်ထားသည့် ပိုက်ဆံအိတ်အတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား (၃)ပြား နေအိမ်ဗီဒိုအပေါ်ရှိ ကော်ဗူးအတွင်းမှ WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၆) ပြား R စာတမ်းပါလိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၄)ပြား စုစုပေါင်း (၃၃)ပြား အိမ်ခြံစည်းရိုးအနီးရှိကော်ဗူးအတွင်းမှ ICE ပုံဆောင်ခဲ (ဝ.၇)ဂရမ် တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲမှတ်တမ်းက ဖော်ပြသည်။

    အဆိုပါဖမ်းဆီးရမိသော ၎င်းတို့မောင်နှမနှစ်ဦးအပေါ် လမိုင်းနယ်မြေရဲစခန်းမှ မယ(ပ)၃၇/၂၀၂၀၊မူး/စိတ်ပြောင်းဥပဒေပုဒ်မ၊၁၉(က)/၂၀(က)/၂၁ အရ အမူဖွင့်အရေးယူထားသည်ဟု သိရသည်။

    ယခုဖမ်းဆီးရမိသည့်ဖြစ်စဉ်မှာ တဆင့်ခံဖြန့်ဖြူးရောင်းချသူများမဟုတ်ဘဲ သုံးစွဲသူများသာ ဖြစ်နိုင်သည်ဟု နီးစပ်သူများက ယူဆပြောဆိုသည်။

    “မူးယစ်ဆေးဖမ်းတာက ဘယ်လိုပြောရမလဲ ကောင်းတယ်ပေါ့၊၂ ပြား ၃ ပြား သုံးစွဲတဲ့လူဖမ်းတာတော့ မကောင်းဘူး၊ ရောင်းတဲ့လူတွေဖမ်းပေါ့၊ ရောင်းတဲ့လူမရှိရင် သုံးတဲ့လူက ဘယ်မှာသွားဝယ်မလဲ၊ အဲဒါမှ ပပျောက်မှာပေ့ါနော်”ဟု မော့ကနင်ကျေးရွာသား တစ်ဦးကပြောပါသည်။

    ၂၀၂၀ ခုနှစ်အတွင်း ရေမြို့နယ်တွင် မူးယစ်ဆေးဝါးအမှုပေါင်း (၁၂၄)မှု ဖမ်းဆီးရမိသည့်ဖြစ်စဉ်တွင်  ရေးမြို့မရဲစခန်းမှ(၆၄)မှု လမိုင်းနယ်မြေရဲစခန်းမှ(၃၇)မှု နှင့် ခေါဇာနယ်မြေရဲစခန်းမှ (၂၃)မှုတို့ဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks