Homeငြိမ်းချမ်းရေးမွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေသို့လာရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးအပ်

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေသို့လာရောက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးအပ်

-

မွန်သတင်းအေဂျင်စီ (၂၄ ဒီဇင်ဘာ ၂၀၂၀)

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ ဦးဆောင်သော ဝန်ကြီးများနှင့် ဌာနဆိုင်ရာများတို့သည် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ရေးချောင်းဖျားဒေသ ဝယ်ပေါင်ကျေးရွာသို့ လာရောက်၍ ယနေ့နံနက်ပိုင်းတွင် ဒေသခံတိုင်းရင်းသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမ်းအနားဖြင့် ပြုလုပ်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားသို့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ကျော်ယဲ့ ဦးဆောင်၍ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဗညားလယ်၊ ထားဝယ်ခရိုင်ဥက္ကဌ၊ အတွင်းရေးမှူးနှင့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသခံများတက်ရောက်ခဲ့ကြောင်း သိရသည်။ 

ရေးချောင်းဖျားဒေသ ဝယ်ဇင်ဒေသအနှီးတဝိုက်ရှိ ဒေသခံ ၂၂၀၄ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးခြင်းနှင့် အိမ်ထောင်စု ၁၇၅၈ စုအတွက် အိမ်ထောင်စုစာရင်းများပြုလုပ်ပေးခြင်းအပြင် ဆန်အိတ် ၂၀၀၊ ဆီပိဿာ ၁၀၀၀ နှင့် ကိုဗစ် ၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများကို ဝန်ကြီးချုပ်က မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူးအား ပေးအပ်ခဲ့သည်။

ထိုနောက်သက်ဆိုင်ရာဝန်ကြီးနှင့် ဌာနဆိုင်ရာအကြီးအကဲများကလည်း သက်ဆိုင်ရာ မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်တာဝန်ရှိပုဂ္ဂိုလ်များအား ထောက်ပံ့ရေးပစ္စည်းများ အဆင့်ဆင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC နှင့် မွန်ပြည်နယ်အစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတို့ ပူးပေါင်းကာ မွန်ပြည်သစ်ပါတီနှင့် ရေးမြို့နယ်လဝကရုံးတို့ ပူးပေါင်းဆောင်ရွက်သောအစီအစဉ်ဟု သိရသည်။

အဆိုပါ မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေတွင် ကျေးရွာပေါင်း (၃၅)ရွာ၊ အိမ်ထောင်စုပေါင်း (၆၀၀၀) ကျော်၊ လူဦးရေ (၃)သောင်းနီးပါးရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောက်စုစာရင်များကို ရေးချောင်းဖျားဒေသ၌ ၂၀၀၈ နှင့် ၂၀၁၄ ခုနှစ်တွင် ၂ ကြိမ်ခန့် သက်ဆိုင်ရာမှာ လာရောက်ပြုလုပ်ခဲ့သည်။ 

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် နဝတစစ်အစိုးရနှင့် ပထမအကြိမ်အပစ်ရပ်စဲခဲ့ပြီး သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်/ပြည်ထောင်စုအဆင့် Bilateral အပစ်ရပ်စာချုပ်ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် NCA ကိုလည်းကောင်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။    

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts