spot_img
Friday, February 13, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်မဲပေးခွင့်ရှိသူများတွင် မှတ်ပုံတင်မရှိသူ ၃ သိန်းကျော်ပါဝင်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ စစ်ဆေးတွေ့ရှိ

    မွန်ပြည်နယ်မဲပေးခွင့်ရှိသူများတွင် မှတ်ပုံတင်မရှိသူ ၃ သိန်းကျော်ပါဝင်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ စစ်ဆေးတွေ့ရှိ

    -

    စိုင်းထွန်းစံ (၂၄ ဒီဇင်ဘာ ၂၀၂၀)

    ပြီးခဲ့သည့် နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲ၌ မွန်ပြည်နယ်မဲပေးခွင့်ရှိသူလူဦးရေ ၁၈ သိန်းကျော်တွင် မှတ်ပုံတင်မရှိသူ ၃ သိန်းကျော် ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်းရေးမှူး ဦးဝင်းမော်ဦးက ပြောသည်။

    ဦးဝင်းမော်ဦးက “ပုံစံ(၁)ကို UEC ကနေပြီးတော့ တောင်းတယ်။ ရတာကို Excel ကိုပြောင်းပြီးတော့ ကွန်ပျူတာ နည်းပညာနဲ့ထုတ်တယ် ထုတ်တဲ့နေရာမှာ သူက မှတ်ပုံတင်ထပ်တဲ့ဟာတို့နောက်တစ်ခါ မှတ်ပုံတင်မရှိ လုံးဝမရှိတဲ့ဟာတို့၊ အရေအတွက်တွေကို နည်းပညာအရ သူ့ဟာသူထွက်လာတယ် တစ်မြို့နယ်ချင်းကို စစ်တယ် အားလုံးစုစုပေါင်း အရေတွက်ကို ထုတ်ပြောတဲ့ အဆင့်ပေါ့” ဟု ပြောကြားသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ တောင်းယူထားသည့် ပုံစံ(၁) အရ မဲစာရင်းတွင်ပါဝင်သည့် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၁,၈၂၈,၈၂၇) ဦးအနက် မှတ်ပုံတင်မရှိသူ (၃၀၄,၀၈၁) ဦး ရှိနေသည်ကို တွေ့ရကြောင်း၊ မှတ်ပုံတင်ထပ်နေသူ (၃၃,၉၈၆) ဦးပါဝင်နေပြီး အသက် ၁၈ နှစ်မပြည့်ဘဲ မဲပေးသူ ၂၄၇ ဦးပါဝင်နေကြောင်း ၎င်းက ဆိုသည်။

    ဦးဝင်းမော်ဦးက “မဲပေးခွင့်တွေမဆုံးရှုံးအောင် သက်ဆိုင်ရာ လဝက အထောက်အထားနဲ့ပေးပါ့မယ် ပြောတယ်။ လက်တွေ့မှာ ရာအိမ်မှူး ဆယ်အိမ်မှူးထောက်ခံချက်တွေနဲ့ ပေးသွားတယ် ဒါတွေက ဥပဒေနဲ့မညီဘူး” ဟု ပြောသည်။

    မဲစာရင်းစတင်ပြုစုချိန်တွင် မှတ်ပုံတင်မရှိသူများကို သက်ဆိုင်ရာ လဝက အထောက်အထား တစ်ခုဖြင့် မဲပေးခွင့် ပြုမည်ဆိုသော်လည်း လက်တွေ့တွင် ရပ်ကျေးအဆင့် ထောက်ခံချက်များဖြင့် မဲပေးခဲ့သည်မှာ ဥပဒေနှင့်မညီဟု ဆိုသည်။

     “ကျနော်တို့ အဲ့ဒီဟာတွေကိုတော့ ဗဟိုကိုတင်ပြတယ် ဗဟိုကနေတဆင့် တရားလွှတ်တော်ချုပ်ကိုတင်ပြတယ်။ တိုင်းကြားထားတာမျိုးတွေ ရှိတာပေါ့။ တစ်နိုင်ငံလုံးအနေအထားတွေ့ရှိချက်တွေ မူတည်ပြီးတော့ တင်ပြတယ်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

    အဆိုပါကိစ္စများအပေါ် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက မွန်ပြည်နယ် (၁၀) မြို့နယ်တွင် UEC ကို ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ လက်ရှိတွင် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်တို့တွင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့ပြီးကြောင်း သတင်းရရှိသည်။

    “တစ်နိုင်ငံလုံံးရှိ မဲ မသမာမှုများအား ဝိုင်းဝန်းစစ်ဆေး ဖေါ်ထုတ်ပေးရေး … ဒို့အရေး၊ မတရားမှုမှန်သမျှ … ဆန့်ကျင်ကြ၊ ကလေးတွေမဲပေးတဲ့ ရွေးကောက်ပွဲ … အလိုမရှိ၊ ပွင့်လင်းမြင်သာမှု မရှိသော ရွေးကောက်ပွဲကော်မရှင် … အလိုမရှိ၊ နိုင်ငံတော်ငွေကြေးဖြင့် မဲဆွယ်စည်းရုံးခြင်း … အလိုမရှိ၊ မဲစာရင်း မမှန်တဲ့ ရွေးကောက်ပွဲ … အယုံအကြည်မရှိ၊ မဲခိုးမဲတိုးတဲ့ ကော်မရှင် … အလိုမရှိ၊ လွတ်လပ်သော စုံစမ်းရေးကော်မရှင် ဖွဲ့စည်းရေး … ဒို့အရေး စသည့်ကြွေးကျော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

    အလားတူ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံ၊ ရမည်းသင်း၊ ပျော်ဘွယ်နှင့် ကချင်ပြည်နယ် တနိုင်းမြို့နယ် စုစုပေါင်း ၄ မြို့နယ်တွင် တစ်ကြိမ်ထက်ပို၍ မဲပေးခဲ့သူ (၃၄,၇၁၀) မဲရှိခဲ့ပြီး  မဲမသမာမှု ဖြစ်နိုင်သည့် မဲစာရင်းပေါင်း (၃၉,၅၉၆) မဲရှိခဲ့ကြောင်း မဲပေးခဲ့သည့်အခြေအနေများကို ပြန်လည်စစ်ဆေးပြီး ကနဦးတွေ့ရှိချက်တွေအဖြစ် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယမန်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks