spot_img
Friday, March 6, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ်တွင် ဘိန်းစာရွက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးမိ

    သံဖြူဇရပ်မြို့နယ်တွင် ဘိန်းစာရွက်နှင့် မူးယစ်ဆေးဝါးဖမ်းဆီးမိ

    -

    မွန်သတင်းအေဂျင်စီ (၂၃ ဒီဇင်ဘာ ၂၀၂၀)

    သံဖြူဇရပ်မြို့နယ် ဆင်တောင်ကျေးရွာအုပ်စု ကဒတ်ထောက်ကျေးရွာ ဦးသိန်းဇော်နေအိမ် ရေချိုးခန်းအတွင်းမှ ဘိန်းစာရွက်များကို ဒီဇင်ဘာလ ၂၂ ရက်နေ့ ညပိုင်းအချိန်က ကျိုက္ခမီရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

    “ဘိန်းစာရွက်တွေရောင်းချနေတဲ့ သတင်းရပြီး ဝရမ်းနဲ့ဝင်ရှာတာပေါ့၊ ဘိန်းစာရွက် ကီလို(၂၀) လောက် မိတယ်၊ဥပဒေအတိုင်း အမှုဖွင့်အရေးယူထားပါတယ်”ဟု ကျိုက္ခမီမြို့နယ်မြေရဲစခန်းမှ ဒုရဲအုပ်ပြည့်ဖြိုးကျော်က ပြောသည်။

    ဦးသိန်းဇော် အပေါ် ကျိုက္ခမီနယ်မြေရဲစခန်းက မယ(ပ) ၁၅/၂၀၂၀၊ မူး/စိတ်ပြောင်းပုဒ်မ-၁၉ (က)ဖြင့် အမှုဖွင့်လှစ်ပြီး အရေးယူထားရှိသည်ဟု ဆိုသည်။

    အလားတူ စခန်းကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းလမ်းတွင် ဒီဇင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းအချိန်က ဆိုင်ကယ်မောင်းနှင်လာသူ(၁)ဦးထံမှ မူးယစ်ဆေးဝါး(၉)ပြား ဖမ်းဆီးရမိခဲ့သည်ဟု သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။

    “ကျနော်တို့စခန်းကအဖွဲ့တွေ သတင်းရပြီး စောင့်ဆိုင်းနေကြပါ၊ မူးယစ်ဆေးပြား (၉)ပြားနဲ့မိတယ်၊ ဥပဒေအတိုင်းအမှုဖွင့်အရေးယူထားပါတယ်”ဟု သံဖြူဇရပ်မြို့မ ခေတ္တစခန်းမှူး ရဲအုပ်မိုးဆွေ ကပြောသည်။

    အဆိုပါ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ သံဖြူဇရပ်မြို့ စက်သစ်ရပ်ကွက် ဆည်မြောင်းပိုင်းနေ မင်းနိုင်စိုး(ခ) သားကတိုး(၃၁)နှစ်အား သံဖြူဇရပ်မြို့မရဲစခန်းက မယ(ပ) ၆၈/၂၀၂၀၊ မူး/စိတ်ပြောင်းပုဒ်မ-၁၆(ဂ)ဖြင့် အမှုဖွင့်လှစ်ပြီး အရေးယူထားရှိသည်ဟု ဆိုသည်။

    “မူးယစ်ဆေးကတော့ ဖမ်းတာဖမ်းပါ၊အားပေးတယ်၊နည်းတယ်များတယ်မဟုတ် အကုန်ဖမ်းပါ၊ အဲ့လိုဖမ်းနိင်မှ ပါးသွားမယ်၊ ကချင်ပြည်နယ်ကလို ပတ်ချီဆန်အဖွဲ့တွေလို အဖွဲ့တွေဖွဲ့နိင်အောင်ကြိုးစားရမယ်၊ ရပ်ကွက်ကျေးရွာကလူငယ်တွေစုပြီး မူးယစ်ဆေးအသံကြားတာနဲ့ တိုက်ဖျက်ကြ ဖမ်းဆီးကြပေါ့၊ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ ဒီမူးယစ်ဆေးပြသာနာကို အားလုံးရဲ့အားနဲ့ တိုက်ဖျက်ကြရမယ်”ဟု သံဖြူဇရပ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စာလှယ်ဦးဉာဏ်ဟိန်းက ပြောသည်။

    သံဖြူဇရပ်မြို့နယ်တွင် လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း ဖမ်းဆီးမိသည့် မူးယစ်ဆေးဝါးအမှု (၈၃)မှု အနက် သံဖြူဇရပ်မြို့မရဲစခန်းမှ (၆၈)မှုနှင့် ကျိုက္ခမီနယ်မြေရဲစခန်းက (၁၅)မှု ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks