spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းဘိန်းစာရွက်အပင် စိုက်ပျိုးသူရောင်းချအား ဖမ်းဆီးအရေးယူ

    ဘိန်းစာရွက်အပင် စိုက်ပျိုးသူရောင်းချအား ဖမ်းဆီးအရေးယူ

    -

    မွန်သတင်းအေဂျင်စီ (မုဒုံ၊ ဒီဇင်ဘာ ၁၆)

    မုဒုံမြို့နယ်၊ နိုင်းပြိုင်ကျေးရွာတွင် ဘိန်းစာရွက်အပင် စိုက်ပျိုးရောင်းချသူတစ်ဦးအား ဒီဇင်ဘာလ ၁၆ ရက်နေ့က ဖမ်းဆီးရမိကြောင်း မုဒုံမြို့မရဲစခန်းမှ သိရသည်။

    “ဘိန်းစာရွက်ပင်စိုက်ပျိုးထားတယ် သတင်းရလို့ ဝင်ဖမ်းတာပါ ဘိန်းစာရွက် အပင်ကြီးတစ်ပင်နဲ့ အပင်သေးတစ်ပင် ဖမ်းမိတယ်ပေါ့၊ မူးယစ်ဆေးဝါးကိုတော့ တောလျှောက်ဖမ်းနေမှာပါ”ဟု မုဒုံမြို့မစခန်းမှူး ဒုရဲမှူး အောင်မျိုးထွန်းက ဆိုသည်။

    နိုင်းပြိုင်ကျေးရွာနေ ဦးကံထူး(ခ)စိုးမြင့် (၅၁)နှစ် နေအိမ်သို့ ရဲတပ်ဖွဲ့ဝင်များဝင်ရောက်ရှာဖွေ နေအိမ်ခြံဝန်းအတွင်း စိုက်ပျိုးထားသည့် ပင်စည်လုံးပတ်(၁၁)လက်မခန့် ၊ အမြင့် (၂ဝ)ပေခန့်ရှိ ဘိန်းစာရွက်ပင် (၁) ပင်၊ ပင်စည်လုံးပတ် (၂)လက်မခန့်၊ အမြင့် (၅) ပေခန့်ရှိ ဘိန်းစာရွက်ပင် (၁)ပင်နှင့် ခူးဆွတ်ထားသည့် ဘိန်းစာရွက် ၂ ကီလိုဂရမ်ခန့် ဖမ်းဆီးရမိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

    ဦးကံထူး(ခ)စိုးမြင့်အပေါ် မုဒုံမြို့မရဲစခန်းမှမယ(ပ)၉၂/၂၀၂၀၊ မူး/စိတ်ပြောင်းပုဒ်မ- ၁၆(က)/၁၆(ဂ)ဖြင့် အမှုဖွင့်လှစ် အရေးယူထားရှိသည်။

    နိုင်းပြိုင်ရွာသား ဦးဟလယ်က ” ဒီရက်ပိုင်းဖမ်းဆီးမှုတွေ တော်တော်စိပ်လာလာတယ်၊ ကြိုဆိုပါတယ်၊ လူငယ်တွေ အရမ်းပျက်ဆီးနေကြပြီး၊ သားသမီးရှိတဲ့မိဘတိုင်းလည်း စိတ်သောကရောက်နေကြရတယ်၊ ဖမ်းပါ များများဖမ်းနိင်လေကောင်းလေပါပဲ၊ ဒိုင်ကြီးတွေ ကို များများဖမ်းပေးပါ”ဟု ပြောသည်။

    အလားတူ သာယာကုန်းကျေးရွာရှိ ဘိန်းစာရွက်စိုက်ခင်းတစ်ခုကိုလည်း  ရဲတပ်ဖွဲ့ဝင်များက ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် ဝင်ရောက်ဖမ်းဆီးခဲ့၍ စိုက်ပျိုးသူကို ဖမ်းဆီးအရေးယူထားသည်။

    လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း မုဒုံမြို့နယ်တစ်ခုလုံး၌ မူးယစ်ဆေးဝါးအမှုပေါင်း (၁၅၀) မှုဖမ်းဆီးရမိခဲ့ရာတွင် တဆင့်ခံရောင်းချသူနှင့် သုံးစွဲသူများသာတွေ့ရပြီး ဒိုင်ကြီးများကို ခြေရာခံနိုင်ခြင်းမရှိသေးပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks