spot_img
Tuesday, March 3, 2026
More
    spot_img
    HomeCovid 19ခိုင်မာအားကောင်းသည့် ကိုဗစ် ၁၉ထိန်းချုပ် ကာကွယ်ရေးစနစ်ဖြစ်စေရန် ကိုယ်စားလှယ် ၅ ဦးပါသည့်အဖွဲ့ကို မွန်လွှတ်တော်ဖွဲ့စည်း

    ခိုင်မာအားကောင်းသည့် ကိုဗစ် ၁၉ထိန်းချုပ် ကာကွယ်ရေးစနစ်ဖြစ်စေရန် ကိုယ်စားလှယ် ၅ ဦးပါသည့်အဖွဲ့ကို မွန်လွှတ်တော်ဖွဲ့စည်း

    -

    ယဉ်ထောမွန် (၁၈ ဒီဇင်ဘာ ၂၀၂၀)

    မွန်ပြည်နယ်အတွင်း ခိုင်မာအားကောင်းသည့် ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေးစနစ် ဖြစ်စေရန် ကိုယ်စားလှယ်(၅) ဦးပါဝင်သည့်အဖွဲ့ကို ဒီဇင်ဘာ၁၆ ရက်နေ့က မွန်ပြည်နယ် လွှတ်တော်ညှိနှိုင်းအစည်းအဝေးတွင်  ဖွဲ့စည်းခဲ့သည်။

    ကိုဗစ်ကာလအတွင်း လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပြည်သူများ စသဖြင့်ရှုထောင့် ပေါင်းစုံမှ အကြံပြုချက်များကို စုစည်း၍ လွှတ်တော်အဖွဲ့မှ အစိုးရအဖွဲ့ကို အပြုသဘောဆန်ဆန် အကြံပြုတိုက်တွန်းသွားမည်ဟု မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

    “ကျွန်တော်တို့က ဒီတနလာၤနေ့နောက်ဆုံးထားပြီးတော့  ပါဝင်ပတ်သတ်တဲ့ လူတွေအားလုံးနဲ့ ထိတွေ့ ဆက်ဆံမေးမြန်းပြီးတော့  အကြံပြုချက်တွေကို ရယူပြီး ဥက္ကဌဆီကိုတင်မယ်။ ဥက္ကဌမှတစ်ဆင့် အစိုးရအဖွဲ့ကို ပေးပို့သွားမှာပေါ့” ဟု ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် မွန်ပြည်နယ်လွှတ်တော်မှ ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး၊ လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသည့် ဦးမင်းထင်အောင်ဟန်၊ ဒေါက်တာမင်းစိုးလင်း၊ ဒေါ်ကြည်ကြည်မြ နှင့် ဦးဇော်ဇော်ထူး စသည့်လွှတ်တော်ကိုယ်စားလှယ်(၅)ဦးတို့ ပါဝင်ကြပါသည်။

    အဆိုပါလွှတ်တော်ကိုယ်စားလှယ် များက ကိုဗစ် ၁၉ ထိန်းချုပ်ကာကွယ်ရေးအတွက် ဆောင်ရွက်နေကြသည့် Quarantine Center မှ ဝန်ထမ်းများ ကယ်ဆယ်ရေး အဖွဲ့များကို ယနေ့ ဒီဇင်ဘာ ၁၈ ရက်နေ့က သွားရောက်တွေဆုံခဲ့ကြောင်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်က ပြောသည်။

    “အဓိကတော့ သူတို့ရဲ အခက်အခဲ၊ လိုအပ်ချက်တွေကို မေးမြန်းလေ့လာပြီးတော့ ရရှိလာတဲ့ အချက်အလက်တွေကို အစိုးရအဖွဲ့တွေကို စုစည်းတင်ပြ သွားမှာပေါ့”  ဟု ဦးမင်းထင်အောင်ဟန်က ဆိုသည်။

    လာမည့်ဇန်နဝါရီလ တတိယအပတ်တွင် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးပုံမှန်အစည်းအဝေးကို ပြုလုပ်သွားမည်ဖြစ်ပြီး ဖေဖော်ဝါရီလဆန်းပိုင်း၌ တတိယအကြိမ်လွှတ်တော်သစ် အစည်းအဝေး ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks