spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းပငကျေးရွာရှိနေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါး ၂၂၈ ပြား ဖမ်းဆီးရမိ

    ပငကျေးရွာရှိနေအိမ်တစ်အိမ်တွင် မူးယစ်ဆေးဝါး ၂၂၈ ပြား ဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (သံဖြူဇရပ်၊ ၁ရ ဒီဇင်ဘာ ၂၀၂၀ )

    သံဖြူဇရပ်မြို့နယ် ပငကျေးရွာရှိနေအိမ်တစ်အိမ်တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းအချိန်က မူးယစ်ဆေးဝါး ၂၂၈ ပြား ဖမ်းဆီးရမိခဲ့သည်ဟု သံဖြူဇရပ်မြို့မရဲစခန်းထံမှ သိရသည်။

    မူးယစ်ဆေးဝါးသတင်းအရ ပငကျေးရွာနေ မအေးမွန် (ခ)မချို၏ နေအိမ်သို့ ပြည် နယ်မှုခင်းအကူတပ်ဖွဲ့စုမှတပ်ဖွဲ့နှင့် သံဖြူဇရပ်ရဲတပ်ဖွဲ့တို့ ဝရမ်းဖြင့်ဝင်ရောက်ရှာဖွေရာ သန်းဝင်းအောင်(ခ) အဗြုတ်(၂၉)နှစ်နှင့် မအေးမွန်(ခ) မချို(၃၈)နှစ် တို့(၂)ဦးကို မူးယစ်ဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

    “ပြည်နယ်မှုခင်းနဲ့ ကျနော်တို့ပူးပေါင်းအဖွဲ့တွေ သတင်းအရ ဝင်ဖမ်းတာပါ၊ မူးယစ်ဆေးပြား (၂၂၈)ပြားမိတယ်၊ နှစ်ယောက်လုံး မူးယစ်ဆေးဝါး ရောင်းဝယ်နေသူတွေပါ၊ ဥပဒေအတိုင်းလုပ်ဆောင်ထားပါတယ်”ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ ဒုရဲအုပ်ကျော်နိုင်က ပြောသည်။

    သန်းဝင်းအောင်(ခ) အဗြုတ်ထံမှ WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၄၀)ပြား၊ အဝါရောင် WY စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၅၇)ပြားနှင့် မအေးမွန်(ခ)မချို၏ ရင်ဘတ်အောက်ခံဘော်လီအတွင်းမှ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၃၁)ပြား စုစုပေါင်း WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၂၂၈)ပြားကို ရှာဖွေဖမ်းဆီးသိမ်းဆည်းခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။

    ၎င်းတို့နှစ်ဦးအပေါ် သံဖြူဇရပ်မြို့မရဲစခန်းက မယ(ပ) ၆၇/၂၀၂၀၊ မူး/စိတ်ပြောင်းပုဒ်မ-၁၉ (က)/၂၀ (က)/၂၁ဖြင့် အမှုဖွင့်လှစ်ပြီး အရေးယူထားရှိသည်ဟု ဆိုသည်။

    “အခုမှဖမ်းမိတာ တော်တော်နောက်ကျပါတယ် ရွာမှာ မူးယစ်ဆေးဝါးဖြန့်တဲ့နေရာမှာ နာမည်ကြီးနေတဲ့အဖွဲ့ပါ၊ ဆိုင်ကယ်ခိုးတဲ့အဖွဲ့တွေနဲ့ဆက်စပ်နေတယ်လို့လည်း ရွာမှာပြောနေကြတယ်၊ အခုလိုဖမ်းမိတာ ကျေးဇူးတင်တယ် ဒါပေမယ့် မကြာခင်ပြန်လွတ်လာမှာကိုပဲ စိုးရိမ်နေမိတယ်၊  ဟု အမည်မဖော်လိုသော ပငသားတစ်ဦးက ပြောသည်။

    လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း သံဖြူဇရပ်မြို့နယ်၌ မူးယစ်အမှုပေါင်း (၈၁) မှုဖမ်းဆီးရမိသော်လည်း တဆင့်ခံရောင်းချနေသူများနှင့် သုံးစွဲသူများသာကြောင်း စုံစမ်းတွေ့ရှိရသည်။  

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks