spot_img
Tuesday, March 3, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ် USDP က UEC ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက်ပြုလုပ်သွားမည်ဟုဆို

    မွန်ပြည်နယ် USDP က UEC ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက်ပြုလုပ်သွားမည်ဟုဆို

    -

    စိုင်းထွန်းစံ(၁၇ ဒီဇင်ဘာ ၂၀၂၀)

    မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူများက ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် UEC ၏ လုပ်ဆောင်ချက်များကို လက်မခံနိုင်သဖြင့် ဆန္ဒထုတ်ဖော်ပွဲများ ဆက်တိုက် ပြုလုပ်သွားမည်ဟု သိရသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဆန္ဒထုတ်ဖော်မှုများကို မွန်ပြည်နယ်ရှိ (၁၀) မြို့နယ်အတွင်းမှာ ပါတီဝန်းရံ သူများက ပြုလုပ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဝင်းမော်ဦး ဆိုသည်။

    ဦးဝင်းမော်ဦးက “ဒီကနေပြီး ဦးဆောင်ပြုလုပ်တာတော့ မဟုတ်ပါဘူး။ ပါတီထောက်ခံသူ ပါတီဝန်ရံသူတွေရဲ့ ဆန္ဒနဲ့ပေါ့ အဲ့လိုမျိုးလုပ်ကြမယ် မြို့တိုင်းမှာ၊ ကျနော်တို့ကိုတော့ သူတို့တင်ပြတယ်။ လက်ရှိတည်ဆဲဥပဒေနဲ့ အညီကျန်းမာရေး ရှုထောင်နဲ့အတိုင်း ဆောင်ရွက်ဖို့ အကြောင်းပြန်တာပေါ့နော်”  ဟုပြောကြားသည်။

    ပါတီအချို့နှင့် USDP ပါတီမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်သမ္မတ တို့ထံအိပ်ဖွင့်ပေးစာ ပေးပို့ထားမှုထဲတွင် လွှတ်လပ်သော စုံစမ်းရေးကော်မတီ ဖွဲ့ပေးဖို့၊ မဲစားရင်းကိန်းကဏန်းများကို တရားဝင် ကူးယူခွင့်ပေးဖို့၊ မဲမသမာမှုတွေကို ဖော်ထုတ်ပေးဖို့ တောင်းဆိုထားသည်ကို ယနေ့ထိ ပြန်လည်ဖြေရှင်းပေးခြင်း မရှိတာကြောင့် ပြုလုပ်ကြခြင်း ဖြစ်ကြောင်း ဆိုသည်။

    “ဒါကတော့ UEC မှာရွေးကောက်ပွဲကျင်းပခဲ့တဲ့ အနေထားနဲ့ ပတ်သက်ပြီးတော့ ပါတီဝန်းရံသူတွေ ထောက်ခံသူတွေ သူတို့ကိုယ်တိုင် ခံစားခံရတဲ့ အဖြစ်အပျက်တွေ အပေါ်မှာ အားမလိုအားမရ ဖြစ်တယ်ပေါ့။ ရလဒ်တွေနဲ့ ပတ်သက်ပြီးတော့ သူတို့ခံစားချက်တွေ ဖော်ထုတ်တဲ့ ကိစ္စဖြစ်တော့ ကျနော်တို့အနေနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တစ်ခုလိုပဲ ပြောချင်တာပေါ့နော်” ဟု ၎င်းကဆက်လက် ပြောကြားခဲ့သည်။

    ပထမဦးဆုံးအနေဖြင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြို့ရေးပါတီ ဝန်းရံသူများက သံဖြူဇရပ်မြို့နယ်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့က ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ကြောင်းသိရသည်။

    ၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မွန်ပြည်နယ်အတွင်း နေရာအားလုံတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ အနိုင်ရရှိခဲ့သည့် နေရာမရှိခဲ့ကြောင်း သိရသည်။

    မွန်ပြည်နယ်တွင် ပါတီ ၁၃ ခုမှ တိုင်းရင်းသားလူမျိုးရေးရာအပါအဝင် မဲဆန္ဒနယ် ၄၅ ခုရှိပြီး မွန်ညီညွတ်ရေးပါတီ မှ ၁၁ နေရာ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ၃၄ နေရာ အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks