spot_img
Tuesday, March 3, 2026
More
    spot_img
    HomeCovid 19မော်လမြိုင်လေဆိပ်တွင် လေယာဉ်ပြန်လည်ပြေးဆွဲတော့မည်

    မော်လမြိုင်လေဆိပ်တွင် လေယာဉ်ပြန်လည်ပြေးဆွဲတော့မည်

    -

    ယဉ်ထောမွန် (၁၇ ဒီဇင်ဘာ ၂၀၂၀)

    မော်လမြိုင်လေဆိပ်တွင် လေယာဉ်များ ပြန်လည်ပြေးဆွဲတော့မည်ဖြစ်ကြောင်း မော်လမြိုင်လေဆိပ် မန်နေဂျာ ဦးဂျော်လီသိန်းက ပြောသည်။

    “ဘယ်ရက်စမယ်ဆိုတာ သေချာတော့မသိသေးဘူး။ မော်လမြိုင်လေဆိပ်မှာ စတင်ပြေးမယ်ဆိုရင် ပြည်သူလူထုတွေရောဂါ မပြန့်ပွားအောင် ကျန်းမာရေးဆိုင်ရာလိုအပ်ချက်တွေရော လေဆိပ်တွေပုံမှန် လည်ပတ်ဖို့ လိုအပ်တာတွေရော ဆောင်ရွက်သွားမယ်” ဟု သူကဆိုသည်။

    ပြည်တွင်းလေကြောင်းလိုင်းစီးနင်းသူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အသိအမှတ်ပြုထားသည့် မည်သည့်ဆေးရုံ၊ဆေးခန်း ဓါတ်ခွဲခန်းများတွင်မဆို ၃၆ နာရီအတွင်း သွားရောက်စစ်ဆေးထားသည့် ကိုဗစ်ကင်းစင်ကြောင်းလက်မှတ်၊ လေယာဉ်လက်မှတ်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားတို့ကိုပြသရန်လိုအပ်ကြောင်း သိရသည်။

    “ကိုယ့်စရိတ်နဲ့ကိုယ်စစ်ဆေးလာခဲ့ ဆေးစစ်ချက်အောင်ရင်လေယာဉ်စီးလို့ရပြီ လက်မှတ်ကိုတော့ ဒီအတိုင်းဝယ်လို့ရတယ်။ ထောက်ခံချက်တော့မလိုဘူး ကျန်းမာရေးစံသတ်မှတ်ချက် ရှိဖို့တော့လိုတယ်’’ ဦးဂျော်လီသိန်းက ဆက်ပြောသည်။

    ပြည်တွင်းလေကြောင်းလိုင်းဝန်ထမ်းများ၊ လေဆိပ်ဝန်ထမ်းများနှင့် လေယာဉ်စီးခရီးသည်များ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက် (Standard Operation Procedure-SOP) ကို လေကြောင်းပို့ဆောင်ရေးဝန်ကြီးဌာနမှ  ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်ထားပြီးဖြစ်သည်။

    မော်လမြိုင်လေကြောင်းလိုင်းသည် တစ်ပတ်လျှင် တနင်္လာ၊ ကြာသပတေး နှစ်ရက်သာ ရန်ကုန်-မော်လမြိုင်-ကော့သောင်း ခရီးစဉ်သို့ပြေးဆွဲမည်ဟု သိရသည်။

    “ဖြစ်စေချင်တာကတော့ ကိုယ့်ရဲ့စားဝတ်နေရေး အဆင်ပြေဖို့ လေကြောင်းလိုင်းတွေ ပုံမှန်လည်ပတ်စေချင်တာပေါ့၊ အခု ပြန်ဖွင့်ပြီဆိုပေမယ့် ရောဂါအခြေနေကြောင့် ပြန်ပိတ်သွားမှာလည်း စိုးတယ်” ဟု မော်လမြိုင်မြို့ရှိ (MON DHANAR) လေယာဉ်လက်မှတ်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

    ကိုဗစ် ၁၉ ကြောင့်ရပ်တန့်သွားသည့် ပြည်တွင်းလေကြောင်းလိုင်းများကို ကျန်းမာရေးဆိုင်ရာ စံသတ်မှတ်ချက်များ သတ်မှတ်၍ စနစ်တကျ ပြန်လည်ပြေးဆွဲ ခွင့်ပြုခြင်းဖြင့် လေကြောင်းပို့ဆောင်ရေးကဏ္ဍ ပြန်လည်အားကောင်းလာပြီး မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် ရည်ရွယ်၍ ကျန်းမာရေးစံသတ်မှတ်ချက်ကို ထုတ်ပြန်ထားကြောင်းသိရသည်။

    ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြည်တွင်းလေကြောင်းလိုင်းများ စတင်ပြေးဆွဲနိုင်သည်ဟု လေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး နိုင်ငံတကာလေကြောင်းလိုင်းကို ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ပျံသန်းခွင့် ကန့်သတ်ထားဆဲဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks