spot_img
Tuesday, March 3, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင်ခရိုင်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းနှစ်ဦး ရွေးကောက်ပွဲကုန်ကျစရိတ်လာရောက်တင်သွင်းခြင်းမရှိ

    မော်လမြိုင်ခရိုင်တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းနှစ်ဦး ရွေးကောက်ပွဲကုန်ကျစရိတ်လာရောက်တင်သွင်းခြင်းမရှိ

    -

    စိုင်းထွန်းစံ(ဒီဇင်ဘာ ၁၄)

    မော်လမြိုင်ခရိုင်တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းနှစ်ဦးက သက်မှတ်ရက်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် လာရောက်တင်သွင်းခြင်းမရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှသိရသည်။

    မော်လမြိုင်ခရိုင်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၂၉ ဦးရှိသည့်အနက် ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်တင်သွင်းသူ ၁၂၇ ဦးရှိပြီ ဖြစ်သည်။

    “ဆက်သွယ်တယ် သူတို့ကိုဖုန်းတွေနဲ့လဲ ဆက်သွယ်ပေးတာပေါ့နော်။ ခရီးလွန်နေတာတွေ မလာနိုင်တာတွေ အဲ့တာနဲ့ သူတို့မတင်ဖြစ်တာ။ ဘယ်လိုဆက်လုပ်မလဲဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အစီရင်ခံစာ တင်မှာပေါ့။ ကြေညာပြီး ၁၅ ရက်အတွင်းမှာ UEC ကို အယူခံဝင်လို့ ရတယ်ပေါ့” ဟု မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးထင်ကျော်က ပြောသည်။

    အဆိုပါ ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသည့်ကိုယ်စားလှယ်လောင်းမှာ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ည့် ဦးအုန်းဖေနှင့် ရေးမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၆) မှဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကိုယ်စားလှယ်လောင်း ဦးဗညားအောင်ခိုင် ဖြစ်ကြောင်း သိရသည်။

    ယင်း ကိုယ်စားလှယ်လောင်း နှစ်ဦးကို သက်မှတ်ရက်အတွင်း ရွေးကောက်ပွဲ ကုန်ကျစရိတ် တင်သွင်းခြင်း မရှိသည့်အတွက် အရည်အချင်းပျက်ယွင်းသူအဖြစ် သတ်မှတ်ခြင်းခံရမည် ဖြစ်ကြောင်း ဆိုသည်။

    ယင်းသို့ ကြေညာခံရသူသည် ဥပဒေပုဒ်မ ၈၈(ဂ) အရ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပမည့်ကြားဖြတ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိတော့ပဲ နောက်လွှတ်တော်သက်တမ်းအတွက် ကျင်းပသည့် ရွေးကောက်ပွဲတွင်သာ ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

    ထို့အတူ မွန်ပြည်နယ် သထုံခရိုင်တွင်လည်း ရွေးကောက်ပွဲ ကုန်ကျစရိတ် လာရောက်မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၆ ဦးရှိကြောင်း သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

    မော်လမြိုင်ခရိုင်ရွေးကောက်ပွဲကော်မရှင်အစည်းအဝေးတစ်ရပ်ကျင်းပစဉ်(MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks