Homeသတင်းရေးမြို့နယ် ကွမ်ဒူးကျေးရွာတွင် မူးယစ်ဆေးဝါး ၃၅ ပြားဖမ်းဆီးရမိ

ရေးမြို့နယ် ကွမ်ဒူးကျေးရွာတွင် မူးယစ်ဆေးဝါး ၃၅ ပြားဖမ်းဆီးရမိ

-

မွန်သတင်းအေဂျင်စီ (ရေး-ဒီဇင်ဘာ ၁၄)

ရေးမြို့နယ်၊ ကွမ်ဒူးကျေးရွာရှိ နေအိမ်တစ်အိမ်တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းအချိန်က မူးယစ်ဆေးဝါး ၃၅ ပြား ဖမ်းဆီးရမိခဲ့ကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

“ကျနော်တို့ပူးပေါင်းအဖွဲ့တွေ သတင်းအရ နေအိမ်မှာဝင်ဖမ်းတာပါ၊ မူးယစ်ဆေးပြား (၃၅) ပြားမိတယ်၊ ဥပဒေအတိုင်းအမှုဖွင့်အရေးယူထားပါတယ်”ဟု ရေးမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က ပြောသည်။

ကွမ်ဒူးရွာသား အဖိုင် ဆိုသူထံမှ ကော်ဗူးဖြင့်ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးဝါး (၁၂)ပြား၊ နေအိမ် အိပ်ယာခေါင်းရင်းထုတ်တန်းပေါ်မှ မူးယစ်ဆေးဝါး (၂၃) ပြား စုစုပေါင်းဆေးပြား(၃၅) ပြားကို ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း စုံစမ်းသိရသည်။

အဆိုပါ မူးယစ်ဆေးဝါးသုံးစွဲရောင်းချရန်အလို့ငှာ လက်ဝယ်တွေ့ရှိသူ အဖိုင် အသက် (၂၂) အား ရေးမြို့မရဲစခန်းမှ မယ(ပ) ၆၂/၂၀၂၀၊မူး/စိတ်ပြောင်းပုဒ်မ-၁၉(က)ဖြင့်အမှုဖွင့်လှစ် အရေးယူဆောင်ရွက်ထားသည်။

ကွမ်ဒူးရွာသား ဦးထွန်းမော်က”မူးယစ်ဆေးဝါးဖမ်းဆီးတာကို မနှစ်မြို့စရာအကြောင်းမရှိဘူးလေ၊ ဒီမူးယစ်ကြောင့်ပဲ လူငယ်တွေအနာဂါတ်ပျောက်ဆုံးနေတာ၊ များများဖမ်းနိင်လေ ကောင်းလေပဲလေ၊ဒါပေမယ့် ပင်ရင်းတွေကို ကြိုးစားဖမ်းပေးပါလို့ တောင်းဆိုချင်ပါတယ်”ဟု ပြောပါသည်။

လက်ရှိ ၂၀၂၀ ခုနှစ်အတွင်း ရေးမြို့နယ်၌ မူးယစ်ဆေးဝါးဖမ်းဆီးရမိသည့်အမှုပေါင်း(၁၃၄) မှုအနက် ရေးမြို့မရဲစခန်း (၆၆)မှု လမိုင်းနယ်မြေရဲစခန်းမှ (၃၅)မှုနှင့် ခေါဇာနယ်မြေရဲစခန်းမှ (၂၃)တို့ဖြစ်ကြောင်း ရဲမှတ်တမ်းမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts