Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းသထုံခရိုင်တွင် ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသည့် လွှတ်တော်ကိုယ်စာလှယ်လောင်း ၆ ဦးရှိ

သထုံခရိုင်တွင် ရွေးကောက်ပွဲကုန်ကျစရိတ် မတင်သွင်းသည့် လွှတ်တော်ကိုယ်စာလှယ်လောင်း ၆ ဦးရှိ

-

စိုင်းထွန်းစံ (ဒီဇင်ဘာ ၁၄)

မွန်ပြည်နယ် သထုံခရိုင်တွင် ရွေးကောက်ပွဲကုန်ကျစရိတ် လာရောက်မတင်သွင်းသည့် ကိုယ်စားလှယ်လောင်း ၆ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း ၁၀၈ ဦးရှိသည့်အနက်  သက်မှတ်ရက်အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ် တင်သွင်းသူ ၁၀၂ ဦးရှိသည်။

“ရုံးချုပ် UEC ကိုအစီရင်ခံစာတင်ရမယ် UEC ကနေမှ အဲ့ဒီလူတွေကို တိုက်ရိုက်ဆက်သွယ်မယ်။ အဲ့ခါကျရင်လဲ အဲ့ဒီလူတွေ အနေနဲ့ အယူခံဝင်တာတွေ ရုံးချုပ်နဲ့ ပြန်ပြီးတော့ သူတို့ဆောင်ရွတ်လို့ရတယ်ပေါ့ ဥပဒေ နည်းဥပဒေအတိုင်း နောက်ဆုံးအနေထားကတော့ ရုံးချုပ်က ဆုံးဖြတ်မှာပဲဖြစ်ပါတယ်” သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွန်ကြားရေးမှူး ဦးသက်နိုင်ဦးက ပြောသည်။

ရွေးကောက်ပွဲ အသုံးစရိတ်တင်သွင်းသည့် ကိုယ်စားလှယ်လောင်းအမည်စာရင်းများကို ဥပဒေအရ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာသွားမည်ဖြစ်သည့်အတွက် လက်တလော စာရင်းမတင်သွင်းထားသည့် ကိုယ်စားလှယ်လောင်းများအမည်ကို မသိရသေးပေ။

ရွေးကောက်ပွဲဝင်ခဲ့သည့်ကိုယ်စားလှယ်လောင်းများအနေဖြင့် ရွေးကောက်ပွဲကျင်းပပြီးသည့်နေမှ ရက်ပေါင်း (၃၀) အတွင်း ရွေးကောက်ပွဲကုန်ကျစရိတ်များကို လာရောက်တင်သွင်းရမှာဖြစ်ပြီး ပျက်ကွက်ပါက အရည်အချင်းပျက်ယွင်းသူအဖြစ် သက်မှတ်ခြင်းခံရမည် ဖြစ်သည်။

ယင်းသို့ ကြေညာခံရသူသည် ဥပဒေပုဒ်မ ၈၈(ဂ) အရ လက်ရှိလွှတ်တော်သက်တမ်းအတွင်း ကျင်းပသည့် ကြားဖြတ် ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရှိတော့ပဲ နောက်လွှတ်တော်သက်တမ်းအတွက် ကျင်းပသည့် ရွေးကောက်ပွဲတွင်သာ ယှဉ်ပြိုင်ခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

သထုံခရိုင် ၄ မြို့နယ်တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မြေ ၁၆ ခုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်လောင်းအားလုံး မဲအနိုင်ရရှိထားခြင်း ဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts