spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းသံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာတွင် လှည့်ကင်းဆောင်ရွက်စဉ် WY စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

    သံဖြူဇရပ်မြို့နယ် ဝယ်သွန်ချောင်ကျေးရွာတွင် လှည့်ကင်းဆောင်ရွက်စဉ် WY စိတ်ကြွ ရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

    -

    သံဖြူဇရပ်၊ ဒီဇင်ဘာ ၈

    သံဖြူဇရပ်မြို့နယ်၊ ဝယ်သွန်ချောင်ကျေးရွာ၌ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေပိုင်းတွင် သံဖြူဇရပ်မြို့မရဲစခန်းမှ လှည့်ကင်းဆောင်ရွက်စဉ် ဆိုင်ကယ်စီးနှင်းလာသူတစ်ဦးထံမှ WY စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။

    သံဖြူဇရပ်-ပငကားလမ်း ဝယ်သွန်ချောင်ကျေးရွာ သင်္ချိုင်းရှေ့တွင် Honda Wave 100 အမျိုးအစား ခဲရောင်ဆိုင်ကယ်မောင်းနှင်လာသူ ကြံ့ခိုင်ရေးရပ်ကွက်နေ မြင့်သိန်း(ခ)အာကြီး ဆိုသူအား ရှာဖွေရာ ဘောင်းဘီတို၏ ဘယ်ဘက်အိတ်ကပ်အတွင်းမှအစိမ်းရောင်ပလပ်စတစ်အပိုင်းအစဖြင့် ထုပ်ပိုးထားသော WY  စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၁၇)ပြား၊ကာလ တန်ဖိုး(၈၅၀၀၀)ကျပ် ကိုရှာဖွေတွေ့ရှိဖမ်းဆီး ရမိခဲ့ကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။

    “ကျနော်တို့လှည့်ကင်းပိတ်ဆို့လုပ်ချိန် သတင်းရပြီးစစ်ဆေးတာပေါ့၊ အဲမှာ မူးယစ်ဆေးတွေမိတာ၊ ဒီလူတွေမူးယစ်ဆေးဝါးရောင်းဝယ်နေတဲ့ သူတွေပါ၊ အခုမိတာ (၁၇)ပြားပါ၊ ဥပဒေအတိုင်းအမှုဖွင့်အရေးယူထားပါတယ်”ဟု သံဖြူဇရပ်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်နိင်က ပြောသည်။

    မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ မြင့်သိန်း(ခ)အာကြီး အသက်(၄၃)နှစ်အား မယ(ပ) ၆၆/၂၀၂၀ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီး ကာကွယ်ရေးဥပဒေပုဒ်မ ၁၆(ဂ)/၂၀(က)ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။

    “များများဖမ်းမိလေ ကောင်းလေပေါ့နော်၊ မူးယစ်ဆေးဝါးပပျောက်ဖို့ အားလုံးပူးပေါင်းလုပ်ရမှာပါ၊ အခုဖမ်းမိတဲ့သူက ကျနော်ရပ်ကွက်ကပါ၊ မှတ်မှတ်ရရ ကျနော်ရပ်ကွက်မှာ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးအမှု (၃)မှုရှိတယ်၊ လူငယ်တွေအနေနဲ့ မူးယစ်ဆေးကို ဝေးဝေးရှောင်ကြပါ၊ နည်းနည်းသုံးတယ် များများသုံးတယ်မရှိဘူး၊ ဖမ်းမိရင် ထောင်နန်းစံရမှာဖြစ်လို့ စမ်းသပ်မသုံးကြပါနဲ့”ဟု ကြံ့ခိုင်ရေးရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းက ဆိုသည်။

    ၂၀၂၀ ခုနှစ်အတွင်း သံဖြူဇရပ်မြို့မရဲစခန်းမှ (၆၆) မှု၊ ကျိုက္ခမီနယ်မြေရဲစခန်းမှ (၁၄) မှု ဖမ်းဆီးရမိခဲ့သဖြင့် သံဖြူဇရပ်မြို့နယ်၌ မူးယစ်ဆေးဝါးအမှု ပေါင်း (၈၀)မှု ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks