spot_img
Friday, May 3, 2024
More
    spot_img
    Homeဆောင်းပါးFacebook ရဲ့ လူမှုစံနှုန်း စည်းကြပ်မှု အစီရင်ခံစာ

    Facebook ရဲ့ လူမှုစံနှုန်း စည်းကြပ်မှု အစီရင်ခံစာ

    -

    ရေးသူ – VP of Integrity ဖြစ်သူ Guy Rosen (၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ)

    ၂၀၂၀ ခုနှစ်၊ ဇွန်လကနေ စက်တင်ဘာလအတွင်း Facebook ရဲ့ မူဝါဒ စည်းကြပ်မှုဆိုင်ရာ တိုင်းတာမှု ရလဒ်တွေကို နှစ်စဉ် သုံးလတစ်ကြိမ် စစ်ဆေးတင်ပြတဲ့ လူမှုစံနှုန်း စည်းကြပ်မှု အစီရင်ခံစာ ကို ဒီနေ့ ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာတော့ Facebook ရဲ့ မူဝါဒ (၁၂) ခု၊ Instagram ရဲ့ မူဝါဒ (၁၀)ခု နဲ့ ပတ်သက်တဲ့ တိုင်းတာမှုရလဒ်တွေ ပါဝင်ပါတယ်။

    ဘယ်လို အချက်အလက်အသစ်တွေ ဖြည့်စွက်ထားလဲ  အမုန်းစကား ပျံ့နှံရောက်ရှိမှုနှုန်း

    ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ကျွန်တော်တို့ရဲ့ ပလက်ဖောင်းပေါ်မှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အမုန်းစကား ပျံ့နှံ့ရောက်ရှိမှုကို ကဏ္ဍတစ်ရပ်အဖြစ် ပထမဦးဆုံးအကြိမ် ထည့်သွင်းဖော်ပြလိုက်ပါတယ်။ ၂၀၂၀ ခုနှစ် တတိယသုံးလပတ်အတွင်းမှာ အမုန်းစကား ပျံ့နှံ့မှုဟာ (ဝ.၁၀%) ကနေ (ဝ.၁၁%) ရှိခဲ့ပါတယ်။ ဆိုလိုတာက အကြောင်းအရာ မြင်ရတဲ့အကြိမ်ပေါင်း (၁၀,၀၀၀) တိုင်းမှာ (၁၀) ခုကနေ (၁၁) ခုက အမုန်းစကားတွေ ဖြစ်နေခဲ့တာပါ။ AI နည်းပညာပိုင်းမှာ ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ခဲ့တဲ့အတွက် အမုန်းစကားတွေကို ပိုပြီး ဖယ်ရှားပေးနိုင်လာတဲ့အပြင် အသုံးပြုသူတွေ မတိုင်ကြားခင်က ကြိုတင် စစ်ဆေးဖယ်ရှားနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ အကြောင်းအရာ ဘယ်လောက်များများကို  ကြိုတင်ရှာဖွေ စစ်ဆေးနိုင်ခဲ့လဲ၊ ဘယ်လောက်ကို အရေးယူနိုင်ခဲ့လဲ ဆိုတာလိုမျိုး စည်းကြပ်မှုနဲ့ ပတ်သက်တဲ့ တိုင်းတာမှုရလဒ်တွေက အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေကို ရှာဖွေဖော်ထုတ်ရာမှာ ကျွန်တော်တို့ ဘယ်လောက်တိုးတက်လာခဲ့ပြီဆိုတာ ပြသနေပါတယ်။ တစ်ဘက်မှာလည်း ပျံ့နှံ့ရောက်ရှိမှုနှုန်းက ကျွန်တော်တို့ ပလက်ဖောင်းပေါ်မှာ မူဝါဒကို ချိုးဖောက်တဲ့အကြောင်းအရာကို လူတွေဘယ်လောက် မြင်တွေ့လိုက်ရလဲဆိုတာ ပြသပေးပါတယ်။

    လူမှုစံနှုန်း စည်းကြပ်မှု ရလဒ်များ

    ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် ကျွန်တော်တို့ရဲ့ အကြောင်းအရာ စစ်ဆေးပေးမယ့် ဝန်ထမ်းအင်အားကို အဆက်မပြတ် အနှောင့်အယှက်ဖြစ်စေပေမဲ့ အချို့ စည်းကြပ်မှုတွေရဲ့ ရလဒ်တွေက ကပ်ရောဂါဖြစ်ပွားတဲ့ ကာလမတိုင်မီ အခြေအနေအထိ ပြန်ကောင်းလာတာကို တွေ့နေရပါပြီ။ AI နည်းပညာ တိုးတက်မှုတွေနဲ့ ဘာသာစကား အသစ်တွေနဲ့ ပိုပြီး စစ်ဆေးနိုင်အောင် တိုးချဲ့မှု‌‌ကြောင့် မူဝါဒ အများစုမှာ ချိုးဖောက်ထားတဲ့ အကြောင်းအရာတွေကို ကြိုတင် စစ်ဆေးတွေ့ရှိမှုနှုန်းက ဒုတိယသုံးလပတ်ကနေစပြီး တိုးတက်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းအင်အားမှာ အနှောင့်အယှက်တွေ ရှိခဲ့ပေမဲ့ အရေးအကြီးဆုံး အကြောင်းအရာ တွေကိုတော့ စစ်ဆေးနိုင်ဖို့ ဦးစားပေးဆောင်ရွက်နေဆဲပါ။ ဒီထဲမှာ မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း၊ မိမိကိုယ်ကို ထိခိုက်အောင်ပြုလုပ်ခြင်းနဲ့ ကလေးသူငယ်အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူ စတဲ့ အကြောင်းအရာတွေ ပါဝင်ပါတယ်။

    Facebook မှာ ၂၀၂၀ ခုနှစ်ရဲ့ တတိယသုံးလပတ် အတွင်း ဆောင်ရွက်ခဲ့တာတွေကတော့-

    ·        အမုန်းစကား အကြောင်းအရာပေါင်း (၂၂.၂) သန်းကို အရေးယူနိုင်ခဲ့ပြီး ဒီထဲက (၉၅%) က အသုံးပြုသူတွေ မတိုင်ကြားမီ ကြိုတင်စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

    ·        အကြမ်းဖက်မှုနှင့် အများပြည်သူ ကြည့်ရှုရန် မသင့်တော်သည့် ရုပ်ပုံများပါဝင်တဲ့ အကြောင်းအရာပေါင်း (၁၉.၂) သန်း ကို အရေးယူခဲ့ပါတယ်။ (ဒုတိယသုံးလပတ်မှာ ၁၅ သန်းရှိရာက မြင့်တက်လာ)

    ·        ကလေးသူငယ် အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူကို ချိုးဖောက်တဲ့ အကြောင်းအရာပေါင်း (၁၂.၄) သန်း ကို အရေးယူခဲ့ပါတယ်။ (ဒုတိယသုံးလပတ်မှာ ၉.၅ သန်းရှိရာက မြင့်တက်လာ)

    ·        အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း အကြောင်းအရာပေါင်း (၃.၅) သန်း ကို အရေးယူနိုင်ခဲ့ပါတယ်။ (ဒုတိယသုံးလပတ်မှာ ၂.၄ သန်း ရှိရာက မြင့်တက်လာ)

    Instagram မှာ ၂၀၂၀ ခုနှစ်ရဲ့ တတိယသုံးလပတ် အတွင်း ဆောင်ရွက်ခဲ့တာတွေကတော့ –

    ·        အမုန်းစကား အကြောင်းအရာပေါင်း (၆.၅) သန်း (ဒုတိယသုံးလပတ်မှာ ၃.၂ သန်း ရှိရာက မြင့်တက်လာ) ကို အရေးယူနိုင်ခဲ့ပြီး ဒီထဲက (၉၅%) က အသုံးပြုသူတွေ မတိုင်ကြားမီ ကြိုတင်စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ (ဒုတိယသုံးလပတ်မှာ ၈၄% ရှိရာက မြင့်တက်လာ)

    ·        အကြမ်းဖက်မှုနှင့် အများပြည်သူ ကြည့်ရှုရန် မသင့်တော်သည့် ရုပ်ပုံများပါဝင်တဲ့ အကြောင်းအရာပေါင်း (၄.၁) သန်း ကိုလည်း အရေးယူခဲ့ပါတယ်။ (ဒုတိယသုံးလပတ်မှာ ၃.၁ သန်း ရှိရာက မြင့်တက်လာ)

    ·        ကလေးသူငယ် အဖော်အချွတ်နှင့် လိင်ပိုင်းဆိုင်ရာ အပြုအမူကို ချိုးဖောက်တဲ့ အကြောင်းအရာပေါင်း (၁) သန်း ကို အရေးယူခဲ့ပါတယ်။ (ဒုတိယသုံးလပတ်မှာ ၄၈၁,၀၀၀ ရှိရာက မြင့်တက်လာ)

    ·        အနိုင်ကျင့်ခြင်းနှင့် ထိပါးနှောင့်ယှက်ခြင်း အကြောင်းအရာပေါင်း (၂.၆) သန်း ကို အရေးယူနိုင်ခဲ့ပါတယ်။ (ဒုတိယသုံးလပတ်မှာ ၂.၃ သန်း ရှိရာက မြင့်တက်လာ)

    ·        သေကြောင်းကြံစည်ခြင်းနှင့် မိမိကိုယ်ကို အနာတရဖြစ်စေခြင်းဆိုင်ရာ အကြောင်းအရာပေါင်း (၁.၃) သန်း ကို အရေးယူခဲ့ပါတယ်။ (ဒုတိယသုံးလပတ်မှာ ၂၇၇,၄၀၀ ရှိရာက မြင့်တက်လာ)

    Instagram ရဲ့ အမုန်းစကားတွေကို ကြိုတင်ရှာဖွေနိုင်မှုနှုန်း တိုးတက်လာရတဲ့ အချက်က အင်္ဂလိပ်၊ အာရဗစ်၊ စပိန် ဘာသာစကားတွေနဲ့ ကြိုတင်စစ်ဆေးမှုမှာ ပိုပြီး ကောင်းမွန်လာတာကြောင့်နဲ့ အလိုအလျောက် စစ်ဆေးနိုင်တဲ့ နည်းပညာကို အဆင့်မြှင့်တင်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ ကိုဗစ်ကြောင့် ဝန်ထမ်းအင်အားနဲ့ ပတ်သက်တဲ့ အခက်အခဲတွေကို အသားကျအောင် ဆက်လက် ကြိုးစားရဦးမှာဖြစ်လို့ ဒီကိန်းဂဏန်းတွေက အတက်အကျ ရှိနိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

    ထပ်မံဖြည့်စွက်ထားသည့် မူဝါဒများကို အများပြည်သူထံ မျှဝေခြင်း

    ဒီနေ့ ကျွန်တော်တို့ရဲ့ လူမှုစံနှုန်းစည်းကြပ်မှုဆိုင်ရာ ဝက်ဘ်ဆိုက်မှာ တစ်သတ်မှတ်တည်း ဆုံးဖြတ်လို့မရပဲ နောက်ခံအချက်အလက်တွေကိုပါ သိနားလည်မှသာ ဆုံးဖြတ်နိုင်မယ့် မူဝါဒတွေနဲ့ပတ်သက်ပြီး ထပ်မံဖြည့်စွက် ဖော်ပြထားပါတယ်။ အဆိုပါ မူဝါဒတွေနဲ့ ပတ်သက်တဲ့ အကြောင်းအရာတစ်ခုခုကို ဆုံးဖြတ်ချက်ပြုလုပ်နိုင်ဖို့ရာ တစ်ခါတစ်ရံမှာ အထူးကျွမ်းကျင်အဖွဲ့ကနေ သတင်းအချက်အလက်တွေ ပိုပြီး ရရှိဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ကွယ်လွန်သွားတဲ့သူတစ်ဦးရဲ့ အကောင့်ကို ဖယ်ရှားမှု မပြုလုပ်ခင်မှာ များသောအားဖြင့် မိသားစုဝင် တစ်ဦးဦးက အတည်ပြုပေးဖို့ အချက်အလက်လိုတာမျိုးပါ။ ‌တစ်ခါတစ်ရံမှာလည်း ဝိဝါဒကွဲပြားတဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့ရာမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့တွေထဲက ဒေသတွင်းမှာ လုပ်ကိုင်နေတဲ့ ကျွမ်းကျင်သူတွေ၊ ဒါမှမဟုတ် အများသိစေဖို့ ထုတ်ပြန်ထားတဲ့ သတင်းရင်းမြစ်တွေကနေ အချက်အလက်တွေ ထပ်မံစုဆောင်းပြီး ထည့်သွင်းစဉ်းစားပါတယ်။

    ဒီလို မူဝါဒ တစ်ချို့ကိုတော့ အရင်ကတည်းက အများသိရှိနိုင်အောင် ကြေညာပြီး ဖြစ်ပါတယ်။ ဥပမာအားဖြင့် ပြင်ပမှာပါ အန္တရာယ် ဖြစ်စေနိုင်တဲ့ ဒါမှမဟုတ် အကြမ်းဖက်မှု ဖြစ်စေနိုင်လောက်ဖို့ တွန်းအားပေးနိုင်တဲ့ သတင်းအချက်အလက်အမှားနဲ့ အတည်ပြုဖို့ ခက်ခဲ့တဲ့ ကောလဟာလတွေကို မျှဝေခွင့် မပြုတဲ့ မူဝါဒရှိပါတယ်။ ပြီးတော့ ငတ်မွတ်ခေါင်းပါးမှု၊ လူမျိုးတုန်း သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှု ဒါမှမဟုတ် စစ်ရာဇဝတ်မှု စတဲ့ အ‌ကြောင်းအရာတွေမှာ အဝတ်အစား မပါတဲ့ ကလေးသူငယ်ပုံတွေကို သရုပ်ဖော်ပုံအဖြစ် ဖော်ပြထားတဲ့ ပိုစ့်တွေကို သတင်းအေဂျင်စီတွေက တင်ခဲ့မယ်ဆိုရင် ဒီရုပ်ပုံတွေကို ထိခိုက်လွယ်တဲ့ အကြောင်းအရာအဖြစ် အသိပေးစာတစ်ခု ထည့်ပေးဖို့ဆိုတဲ့ မူဝါဒလည်း ရှိပါတယ်။ ဒီမူဝါဒတွေဟာ အသစ်မဟုတ်တော့ပေမယ့် ကျွန်တော်တို့ရဲ့ စည်းကြပ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ပိုပြီး ပွင့်လင်းမြင်သာမှု ရှိစေလိုတဲ့အတွက် ဒီနေ့မှာ အခုလို အသေးစိတ် ထုတ်ပြန်လိုက်ရတာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတေ့ာလည်း တစ်သတ်မှတ်တည်း ဆုံးဖြတ်လို့မရပဲ နောက်ခံအချက်အလက်တွေကိုပါ သိနားလည်မှသာ ဆုံးဖြတ်နိုင်မယ့် မူဝါဒ အသစ်တွေနဲ့ပတ်သက်ပြီး အများပြည်သူ သိရှိနိုင်အောင် လစဉ် လူမှုစံနှုန်းတွေကို ဆက်လက် ပြင်ဆင်ဖြည့်စွက်ပေးသွားပါမယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts