spot_img
Friday, May 3, 2024
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ မေးမြန်းချက်‌လွတ်လပ်ပြီးတော့ မျှတတဲ့ရွေးကောက်ပွဲလို့ ပြောဖို့ကခက်တယ်…ဒေါက်တာ ဟိန်းပိုင်ထူးချစ်နှင့် အင်တာဗျူး

    လွတ်လပ်ပြီးတော့ မျှတတဲ့ရွေးကောက်ပွဲလို့ ပြောဖို့ကခက်တယ်…ဒေါက်တာ ဟိန်းပိုင်ထူးချစ်နှင့် အင်တာဗျူး

    -

    စိုင်းထွန်းစံ (November 19, 2020)

    ဒေါက်တာဟိန်းပိုင်ထူးချစ်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီမှ လူငယ်လွှတ်တော်ကိုယ်စား လှယ်လောင်း တစ်ဦးအနေဖြင့် မော်လမြိုင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ သည်။၎င်းဝင်ရောက်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်တွင်  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်နွယ်နွယ် အောင်က အနိုင်ရရှိခဲ့သည်။သို့သော်လည်း ရွေးကောက်ပွဲတွင်အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည့် လူငယ်တစ်ဦးအနေဖြင့်  နိုင်ငံရေးအခန်းကဏ္ဍများတွင်မည်သို့ ဆက်လက်ရပ်တည်သွားမလဲဆိုသည်မှာစိတ်ဝင်စားစရာပင်ဖြစ်သည်။ထို့ ကြောင့် လူငယ်တစ်ဦးအနေဖြင့် ရွေးကောက်ပွဲအတွေ့အကြုံများ၊ နိုင်ငံရေးကိုမည်သို့ရှေ့ဆက်မလဲဆိုသည့် အကြောင်းအရာများနှင့်ပတ်သက်၍   ဒေါက်တာဟိန်းပိုင်ထူးချစ်အား ယခုလိုမေးမြန်းဖြစ်ခဲ့ပါသည်။

      ဒေါက်တာဟိန်းပိုင်ထူးချစ်

    မေး။ ။ လူငယ်တစ်ဦးအနေဖြင့် နိုင်ငံရေးလောကထဲကို ဘယ်လိုဝင်ရောက်ဖြစ်သွားတာလဲ။

    ဖြေ။ ။ အရောက်အပေါက်နည်းတဲ့ ဒေသတွေမှာဆေးကုတဲ့အလုပ်တွေလုပ်တယ်။ လုပ်ရာကနေပြီးတော့ မူဝါဒတွေမရှိဘူး၊ လည်ပတ်ဖို့ ယန္တရားမလုံလောက်ဘူးဆိုရင် ကိုယ်ရဲ့စွမ်းရည်တွေကို အသုံးချလို့မရဘူးဆိုတာ တစ်စတစ်စ သဘောပေါက်လာတဲ့အခါကျတော့ ၂၀၁၆ လောက်နေပြီး လူငယ်ဖွံ့ဖြိုးရေးကို ပိုပြီးလုပ်တယ်။ သင်တန်းတွေပေးတယ်။ ၂၀၂၀ ရောက်တဲ့အခါကျတော့ လူငယ်ဖွံဖြိုးရေးအတွက် အနာဂတ်တစ်ခုကို ပြောင်းလဲနိုင်ဖို့ ပြည်နယ်ပိုပြီးတော့ကောင်းမွန်ဖို့အတွက် မွန်ပြည်နယ်လွှတ်တော်ထဲကနေပြီးတော့ လုပ်ချင်တယ်။ အစိုးရကို ထိန်းကျောင်းချင်တယ် အဲ့တာကြောင့် မွန်ညီညွတ်ရေးပါတီကနေပြီးတော့ ဝင်ရောက်ယှဉ်ပြိုင်ဖြစ်တာ။

    မေး။ ။ ခုရွေးကောက်ပွဲမှာ အနိုင်မရရှိခဲ့ဘူး။ နိုင်ငံရေးကို ဆက်လုပ်သွားဖို့ရှိလား။ ဆက်လုပ်မယ်ဆိုရင် ဘယ်လိုဆက်လုပ်သွားမလဲ။

    ဖြေ။ ။ နိုင်ငံရေးကတော့ လွှတ်တော်ထဲမှာလုပ်တာရှိတယ်။ လွှတ်တော်ပြင်ပ နိုင်ငံရေးလည်းရှိတယ်။ လွှတ်တော်တွင်းက နိုင်ငံရေးကကျတော့ ရွေးချယ်ခြင်းမခံရဘူး။ ဒါပေမဲ့အဲ့လိုပြောလိုက်လို့ နိုင်ငံရေးလုပ်လို့မရ တော့တာမဟုတ်ဘူး။ နိုင်ငံတည်ဆောက်ရေးက လုပ်လို့ရသေးတယ်။ နိုင်ငံတည်ဆောက်ရေးကို အရင်ကလည်းလုပ်တယ်။ ခုတော့အရင်ကထက်ကို ထက်မြှင့်ပြီးတော့ ဆက်လုပ်သွားဖို့ အစီစဉ်ရှိတယ်။

    မေး။ ။အရင်က လူငယ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ခဲ့တာ ရှိတယ်ပေါ့။ အခုရော လူငယ်ကဏ္ဍအတွက် ဆက်လုပ်ဖို့ ရှိလား။

    ဖြေ။ ။  အရင်ကတော့ သင်တန်းပေးပြီးတော့ လူငယ်တွေကို နိုင်ငံရေးအသိပညာပေးတာ လုပ်ခဲ့တယ်။ အခုရွေးကောက်ပွဲမှာ သတိထားမိလိုက်တဲ့ ကိစ္စကကျတော့ နိုင်ငံရေးအသိပညာပေးခဲ့တဲ့ဟာ လုံလောက်မှုမရှိဘူးလို့မြင်ရတယ်။ ဆက်ပြီးလုပ်ရမည့် အလုပ်တွေက ဘာလဲဆိုတော့ နိုင်ငံသားကောင်းတွေ ဖြစ်လာဖို့ အများကြီးလုပ်ရမယ်။ နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သင်တန်းတွေ၊ သတင်းအမှားတွေကို ဘယ်လိုစီစစ်သုံးသပ်မလဲ ဆိုတာပေးဖို့လိုတယ်၊ ဖောက်ထွက်တွေးတောတဲ့ စွမ်းရည်တွေ ပေးဖို့လိုတယ်။ ဒီမိုကရေစီရဲ့ ယဉ်ကျေးမှုနဲ့ပတ်သက်ပြီး သင်ဖို့တော်တော်လေးကို လိုသေးတယ် အဲ့တာလေးကိုမြင်တယ်။ အဲ့တာအပြင်ကို အစိုးရအသစ်ဖြစ်လာတဲ့အခါမှာ လွှတ်တော်ထဲကိုကြည့်လိုက်ရင် လူငယ်အတွက်နေရာရှိဖို့လို တယ်။ နည်းပညာနဲ့ပတ်သက်ပြီးတော့ အစိုးရ လွှတ်တော်ထဲမှာရှိဖို့လိုတယ်။ အဲ့တာနဲ့ပတ်သက်တဲ့ မူဝါဒတွေ ရေးရမယ် တိုက်တွန်းရမယ် လုပ်ဖို့ရှိသလား။ လိုအပ်တာတွေရှိရင် ကူညီမယ် တိုက်တွန်းမယ်။

    မေး။ ။ ခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲလား။ အဲ့ဒီအပေါ်မှာရော ဘယ်လိုမြင်ပါသလဲ။

    ဖြေ။ ။ လွတ်လပ်မျှတလားဆိုတာ ဘာပေတံနဲ့တိုင်းမလဲ ဆိုတဲ့မေးခွန်းရှိတယ်။ မဲဆန္ဒရှင်တွေ အားလုံးမဲပေးခွင့်ရှိသလား၊ လွတ်လပ်စွာမဲပေးခွင့်ရှိသလား။ ဒါသူ့ရဲ့ပေတံတစ်ချောင်း နောက်ပြီး သတင်းအချက်အလက် လုံလောက်စွာရပြီး မဲပေးရတာလား။ ပြီးတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘက်လိုက်မှုတွေရှိသလား စသည်ဖြစ်ပေါ့။ အဲ့လိုရှုထောင့်တွေကပြန်ကြည့်ရင် သဘောကျစရာအချက်တစ်ချို့ လဲရှိတယ်။ ဒီလိုပဲ သဘောမကျစရာအချက်တွေလဲရှိတယ်။ လူတိုင်းမဲပေးခွင့်ရခဲ့တယ်လို့ ပြောဖို့ခက်တယ်။ တချို့ဆိုရင် မဲဆန္ဒရှင်ကျန်ခဲ့တဲ့ တာတွေရှိတယ်။ သတင်းအချက်အလက်ပိုင်း ကျတော့ Stay at Home ဖြစ်တဲ့အခါကျတော့ ဘာမှသိပ်ပြီးတော့ ပြောပြလို့မရလိုက်ဘူး။ ထိတွေ့ပြောဆိုမှုမရလိုက်ပဲ ပြည်သူလူထုက မဲပေးလိုက်ရတဲ့ အနေအထားဖြစ်တော့ သတင်းအချက်အလက်အပိုင်းလဲ အားနည်းတယ်။ ဒီပေတံနဲ့ လိုက်ကြည့်လိုက်မယ်ဆိုရင် လွတ်လပ်ပြီးတော့ မျှတတဲ့ရွေးကောက်ပွဲလို့ ပြောဖို့ကခက်တယ်။ အဲ့လိုပြောလို့လဲ လက်မခံတာတော့ မဟုတ်ဘူး။ စံပေတံနဲ့တိုင်းလိုက်တဲ့ အခါမှာ ပြည့်မှီဖို့ တော်တော်လိုသေးတယ်လို့ ပြောလို့ရတယ်။

    မေး။ ။ နောက်ထပ် ဖြည့်စွက်ပြောကြား ချင်တာများရှိရင် ပြောပေးပါ။

    ဖြေ။ ။ ရွေးကောက်ပွဲ ပြီးသွားပေမဲ့ လွှတ်တော်ထဲဝင်မှ နိုင်ငံရေးလုပ်လို့ရတာ မဟုတ်ဘူး။ လွှတ်တော်ပြင်ပ ကနေ အစိုးရရဲ့ သွားနေတဲ့ လမ်းကြောင်းတွေ ပြည်သူလူထုရဲ့ အကျိုးရှိတယ် ဆိုရင် ပူးပေါင်းလုပ်ဆောင်ဖို့ အတွက်လိုတယ်။ လူငယ်တွေအားလုံးကလဲ ဝိုင်းလုပ်ဖို့လိုတယ်။ အကျိုးမရှိဘူးလို့ ယူဆရင် ရဲရဲဝံ့ဝံ့ တိုက်တွန်းပြောဆိုဖို့တွေ လိုတယ်။ လူငယ်တွေ နိုင်ငံရေးမှာ မပါရင် အဲ့နိုင်ငံက ရှေ့ကိုရောက်ဖို့ အတွက်ခက်တယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးမှာ လူငယ်တွေမပါရင် ကြိုက်သလိုသဘောတူညီမှုရရ လူငယ်တွေက သူတို့သဘောတူခဲ့တာ မဟုတ်တဲ့အတွက် ဒီနိုင်ငံတွေက ပဋိပက္ခ ပြန်ဖြစ်သွားတက်တယ် ဆိုပြီးတော့ နိုင်ငံတကာ သုတေသန တွေကဖော်ပြနေတယ်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts