spot_img
Friday, May 3, 2024
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော် ၂ ဦး၊ အမျိုးသားလွှတ်တော် ၃ ဦးနှင့် ပြည်နယ်လွှတ်တော် ၆ ဦးအနိုင်ရရှိ

    မွန်ညီညွတ်ရေးပါတီမှ ပြည်သူ့လွှတ်တော် ၂ ဦး၊ အမျိုးသားလွှတ်တော် ၃ ဦးနှင့် ပြည်နယ်လွှတ်တော် ၆ ဦးအနိုင်ရရှိ

    -

    မွန်သတင်းအေဂျင်စီ (နိုဝင်ဘာ ၉)

    နိုဝင်ဘာ ၈ ရက်နေ့ ၂၀၂၀ ပြည့် အထွေထွေရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီ MUP ပါတီက ပြည်နယ်လွှတ်တော်အမတ် ၆ ဦး၊ အမျိုးသားလွှတ်တော်အမတ် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်အမတ် ၂ ဦး ရရှိကြောင်း သိရသည်။

    မွန်ညီညွတ်ရေးပါတီမှ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် နိုင်စံတင်နှင့် ရေးမြို့နယ် ပြည်သူ့လွှတ်တော် ဒေါက်တာဗညားအောင်မိုး၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော် အမှတ်(၃) မဲဆန္ဒနယ်မြေ(မုဒုံမြို့နယ်) ကိုယ်စားလှယ် မင်းဌေးနိုင် (မာံအမ်သဝ်) ၊ အမျိုးသားလွှတ်တော် အမှတ်(၆) မဲဆန္ဒနယ်မြေ(ရေး) နိုင်သီဟနှင့် အမှတ်(၇) မဲဆန္ဒနယ်မြေ(ရေး) မိလဝီဟန် တို့အသီးသီး အနိုင်ရရှိကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အတည်ပြုချက်ကို စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း သိရသည်။

    မွန်သတင်းအေဂျင်စီမှ လက်ခံရရှိသောသတင်းအချက်အလက်အရ ပြည်နယ်လွှတ်တော်နေရာများတွင် ၁- Dr အောင်နိုင်ဦး(ချောင်းဆုံ ၁)၊ ၂- Dr မင်းလှအောင် (ကျိုက်မရော ၂)၊ ၃- နိုင်မွန်ရာဇာ(မုဒုံ ၂)၊ ၄- နိုင်လယိတမ (သံဖြူဇရပ် ၂)၊ ၅-နိုင်ခင်စိုး(ရေး ၁)၊ ၆-မင်းအောင်ထူး(ရေး ၂) တို့ အသီးသီးအနိုင်ရရှိထားသည်ဟု သိရသည်။

    ယခုကျင်းပပြီးစီးခဲ့သည့် ၂၀၂၀ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲရုံ (၉၇၃) ရုံရှိပြီး မဲပေးခွင့်ရှိသူ (၁,၈၄၇,၇၈၀) ဦးအနက် လာရောက်မဲပေးသူ (၁,၀၆၉,၆၅၆) ဦးရှိသဖြင့် မဲပေးသူ ၅၈ ရာခိုင်နှုန်းရှိကြောင်း ခန့်မှန်းရသည်။ ယခင် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲပေးသူ (၅၁.၃၃)ရာခိုင်နှုန်းရှိသည်။

    မွန်ပြည်နယ်အတွင်း နိုင်ငံရေးပါတီ ၁၇ ပါတီအပြင် တစ်သီးပုဂ္ဂလအပါအဝင် ကိုယ်စားလှယ်လောင်း ၃၀၂ ဦး ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    23,000SubscribersSubscribe
    spot_img

    Latest posts