spot_img
Tuesday, March 3, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ် ကိုဗစ်လူနာများ၏ ဆယ်ပုံတစ်ပုံတွင် ကလေးငယ်များဖြစ်နေ

    မွန်ပြည်နယ် ကိုဗစ်လူနာများ၏ ဆယ်ပုံတစ်ပုံတွင် ကလေးငယ်များဖြစ်နေ

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊ နိဝင်ဘာ ၂)

    မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးဓာတ်ခွဲအတည်ပြုလူနာ၏ ဆယ်ပုံတစ်ပုံသည် ကလေးငယ်များဖြစ်နေကြောင်း မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယပြည်နယ်မှူး(စီမံ) ဒေါက်တာဝတ်မှုံ ကဆိုသည်။

    လက်ရှိအချိန်ထိ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း ၆၅၀ ကျော်၊ ဆေးရုံမှဆင်းပြီးသူ ၅၀၀ ခန့်ရှိပြီး သေဆုံးသူ ၁၀ ဦးရှိခဲ့သည်။

    ဒေါက်တာဝတ်မှုံက “ကလေး ၁၀ ရာခိုင်နှုန်းလောက်တော့ ရှိမှာပေါ့။ ကလေးအများစုကတော့ ပြင်းထန်တဲ့ လက္ခဏာမရှိဘူး ပိုးတွေ့တဲ့အခါကျရင် ကလေးတွေစောင့်ရှောက်ဖို့ မိဘတွေထည့်ပေးရတာ မိဘမရှိတဲ့ကလေးတွေဆို အဖိုး အဖွားတွေ ထည့်ပေးရတာတို့ရှိတယ်” ဟု ပြောသည်။

    အဆိုပါရောဂါပိုးတွေ့ ကလေးငယ်များနှင့် ထိတွေ့မိသူ လူနာစောင့်အုပ်ထိန်းသူများလည်း ရောဂါပိုးကူးစက်ခံရမှုများရှိကြောင်း သိရသည်။

    “ကလေးတွေကို ဒီတိုင်းလဲမထားချင်ဘူးလေ မိဘအုပ်ထိန်းသူမပါနဲ့ အဲ့ဒီအခက်အခဲလေးတော့ ရှိတာပေါ့။ အများစုကတော့ မိသားစုလိုက်ပိုးတွေ့ကြတာကများတယ် မိဘကပိုးတွေ့ပြီးတော့ သူတို့မှာမတွေ့တာမျိုးလေး တွေရှိတယ် သူတို့မှာတွေ့ပြီး မိဘတွေမှာ မတွေ့တာမျိုးတွေရှိတယ်” ဟု ဆက်ပြောသည်။

    အဆိုပါ ရောဂါပိုးကူးစက်မှုခံရတဲ့ ကလေးငယ်များထဲတွင် အငယ်ဆုံးအဖြစ် နှစ်လခွဲ အရွယ်ကလေးတစ်ဦး ပါဝင်ခဲ့ပြီး အသက် ၁၀ နှစ်မှ ၁၁ နှစ်အရွယ်ထိ အများဆုံးပါဝင်ကြောင်း သိရသည်။

    မြန်မာနိုင်ငံတဝန်း နိုဝင်ဘာ ၁ ရက်နေ့ ည ၈ နာရီအထိ ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၅၃,၄၀၅ ဦးထဲတွင် သေဆုံးသူ ၁,၂၅၈ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၃၄,၁၈၉ ဦးရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks