spot_img
Tuesday, February 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းNLD မူဝါဒတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးရေးကဏ္ဍ ပါဝင်ထည့်သွင်းပေးသင့်ဟု ဆို

    NLD မူဝါဒတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးရေးကဏ္ဍ ပါဝင်ထည့်သွင်းပေးသင့်ဟု ဆို

    -

    ဗညားစိုင်း (အောက်တိုဘာ ၂၇)

    အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်တွင် ချမှတ်ထားသော လူငယ်မူဝါဒများ ပြောင်းလဲမှုမရှိသေးသည့်အပြင် ယခု ၂၀၂၀ ရွေးကောက်ပွဲတွက် ထပ်မံချမှတ်ထားသော လူငယ်ဖွံ့ဖြိုးရေးကဏ္ဍတွင်လည်း လူငယ်တို့အား အန္တရာယ် ဖြစ်စေသည့် မူးယစ်ဆေးဝါးကဏ္ဍတစ်ခု ထည့်သွင်း ချမှတ်ပေးထားသင့်သည်ဟု မွန်ပြည်နယ် လူငယ်ရေးရာအတွင်းရေးမှူး ဦးကြည်ဇော်လွင် ပြောသည်။ 

    “ကျနော်တို့ရဲ့ မွန်ပြည်နယ် လူငယ်အဖွဲ့တွေက လူငယ်မူဝါဒနဲ့ ပတ်သတ်ပြီး မူးယစ်ဆေးဝါကဏ္ဍနှင့် တခြားသော ကဏ္ဍများလည်း ကျနော်တို့ရေးဆွဲထားတာ ရှိတယ်၊ ဒါပေမယ့် ကျနော်တို့ရေးဆွဲသောမူဝါဒများကို အစိုးရတွေက ကျနော်တို့ပြောနေတဲ့အသံတွေကို နားထောင်းပေးရမယ်၊ ဒီ ၂၀၂၀ မှ တက်လာတဲ့အစိုးရသည်လည်း ကျနော်တို့ရဲ့မူဝါဒကို တာဝန်ယူပြီး အကောင်အထည်ဖော်ဆောင်ပေးဖို့လိုတယ်၊ ဒီကိစ္စတွေက ဘာကြောင့်အရေးကြီးတာလဲဆိုတာကို ပြန်ပြီးတော့ တိုက်တွန်းသွားမယ်၊ ဒီမူဝါဒတွေက မြန်မာနိုင်ငံအတွက် ဘယ်လောက်အရေးကြီးဝာာတွေကို နိုင်ငံရေးပါတီတွေက အထူးတလည် အတတ်နိုင်ဆုံး ပြောနေဖို့လိုတယ် အကောင်အထည်ပေါ်အောင်လည်း ဝိုင်းဝန်းကူညီပေးရမယ်” ဟု ဦးကြည်ဇော်လွင်က ပြောသည်။

    မူးယစ်ဆေးဝါးပြဿနာသည် တစ်နိုင်ငံလုံးနှင့်ဆိုင်သောပြဿနာဖြစ်သည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီများအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သော မူဝါဒများချမှတ်ထားသင့်ပြီး ပြည်သူများအတွက် ပေးထားသည့် ကတိကဝတ်အတိုင်း အကောင်အထည်ပေါ်အောင် လုပ်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း ဦးကြည်ဇော်လွင် ဆက်ပြောသည်။

    Photo- မွန်ပြည်နယ် လူငယ်ရေးရာကော်မတီဝင်များနှင့် ပါတီအဖွဲ့အစည်းအသီးသီးမှ လူငယ်များ (သတင်းစဉ်)

    နောင်တက်ရောက်လာမည့် အစိုးရအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ်လျော့နည်းလာစေရန် ပြည်သူများမူးယစ်ဆေးဝါးတားဆီးရေးဆိုင်ရာ လှုပ်ရှားမှုများ ပြုလုပ်ခြင်း၊ အသိပညာပေးခြင်း၊ ဆွေးနွေးပွဲများ ပြုလုပ်သင့်ကြောင်း၊ အစိုးပညာရေး သင်ရိုးညွှန်းတန်း ရေးဆွဲရာတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သော အကြောင်းအရာများကို ထည့်သွင်းရေးဆွဲသင့်ကြောင်း မွန်လူငယ်ဆုံရပ်အကြံပေး နိုင်ဉာဏ်စိုက်ရာမာဉ်က ပြောသည်။

    “လူငယ်မူဝါဒမှာ ပါဝင်တဲ့ မူးယစ်ဆေးဝါးကဏ္ဍသည်လည်း ရေးဆွဲထားရုံနဲ့ လုံလောက်မှု မရှိသေးဘူး၊ ဒီအကြောင်းအရာတွေက တစ်နိုင်ငံလုံးနဲ့ဆက်စပ်မှုရှိနေတယ်၊ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ အတွက် ဦးဆောင်သွားဖို့ လိုတယ်၊ နောက်တော့ ရဲတပ်နဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အသိပညာများပေးတာ ရောင်းဝယ်နေသူတွေကိုလည်း ထိထိရောက်ရောက်အရေးယူ ဖမ်းဆီးရပါမယ် အစိုးရအနေနဲ့ မလုပ်တာမဟုတ်ပါဘူး လုပ်နေပါတယ် ဒါပေမယ့် အဂတိတွေရှိနေတဲ့အတွက် မူးယစ်ဆေးဝါးကိစ္စကို တိုက်ဖျက်ဖို့ မလွယ်သေးဘူး” ဟု နိုင်ညာဏ်စိုက်ရာမာဉ်က ပြောသည်။

    NLD အစိုးရလက်ထက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် တနိုင်ငံလုံးနှင့်ဆိုင်သော လူငယ်မူဝါဒကို ရေဆွဲအတည်ပြုနိုင်ခဲ့ကြောင်း၊ လူငယ်မူဝါဒကို ကြီးကြပ်နိုင်ရေး ၂၀၁၉ ခုနှစ်တွင် ကော်မတီဝင် (၂၇) ဦးဖြင့် ပြည်ထောင်စုအဆင့်ကမ္မတီတစ်ရပ်ကို ဖွဲ့ စည်းခဲ့ကြောင်း၊ ထို့နောက် လူငယ်အဖွဲ့များကို ပြည်နယ်အဆင့်အထိ ဖွဲ့စည်းထူထောင်နိုင်ခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှ ယခုအချိန်အထိတွင် မူဝါဒများကို ချပြထားသော်လည်း အကောင်အထည်ဖော်နိုင်သည့် နည်းဗျူဟာများ မရှိသေးကြောင်း နိုင်ညာဏ်စိုက်ရာမာဉ်က ပြောသည်။

    ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲဝင် ကိုယ်စားလယ်လောင်းများသည် လူငယ်တို့၏ အနာဂတ်ဖွံ့ဖြိုးရေးအတွက် ပညာရေး၊ မူးယစ်ဆေးဝါးဝာားဆီးရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများတွင် မူဝါဒရေးဆွဲထားပြီး ၎င်းတို့ သက်ဆိုင်ရာ ပါတီကိုသာ မဲပေးကြရန် လူငယ်များအား အဓိကထား စည်းရုံးနေကြောင်း ၎င်းတို့ ၏ မိန့် ခွန်းများတွင် တွေ့ ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks