spot_img
Tuesday, February 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းအဖျက်သိမ်းခံ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP က ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံ

    အဖျက်သိမ်းခံ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP က ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံ

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊ အောက်တိုဘာ ၂၆)

    လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ(USDP) အောင်နိုင်ရေးအတွက် ပါတီဝင်အင်အား ၂ သောင်းခန့်က ဝန်းရံသွားမည်ဖြစ်ကြောင်း အဖျက်သိမ်းခံ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) သထုံမြို့နယ် စည်းရုံရေးဥက္ကဌ ဦးကိုကိုဦး ထံက သိရသည်။

    ပါတီဥက္ကဋ္ဌက ထောင်ပြေးမှု၊ တရားမဝင်ငွေကြေးများနှင့် အမှုရင်ဆိုင်နေရသော ညီညွတ်သောဒီမိုကရက်တစ်ပါတီ ( UDP) ကို မှတ်ပုံတင်ပယ်ဖျက်ပြီး ပါတီကိုဖျက်သိမ်းလိုက်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်သည်။

    ဦးကိုကိုဦးက “သူတို့ကိုတော့(UDP ပါတီ) အကြောင်းကြားလိုက်တယ် ဒီမှာတော့ သထုံမှာရှိတဲ့ ပြည်ခိုင်ဖြိုးကို ဝန်းရံလိုက်ပြီ။ အဲ့တာကို ဆရာတို့ဘယ်လိုမြင်လဲဆိုတော့ သူတို့ကကောင်းတယ် ဝန်းရံပါ ကျွန်တော်တို့ကို ကောင်းပါတယ်လို့ ပြောပါတယ်။ မူဝါဒတွေကလဲ တူနေတဲ့အတွက် ဝန်းရံလိုက်တယ်” ဟု ပြောသည်။

    ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဝန်းရံရခြင်းမှာ ပြည်ခိုင်ဖြိုးပါတီ မူဝါဒအများစုမှာ ၎င်းတို့ပါတီမူဝါဒနှင့် တူညီမှုရှိခြင်းကြောင့် ဝန်းရံခြင်း ဖြစ်ကြောင်းသိရသည်။

    “ပူးပေါင်းဖို့အတွက် လာရောက်ပြီးဆွေးနွေးကြတယ် သူတို့ကကျွန်တော်တို့ကို ကူညီမယ်၊ သူတို့က ပါတီရဲ့ သဘောထားမူဝါဒကို သူတို့သိသွားပြီး အဲ့တော့ဒီချိန်မှ အကျိုးမရှိတော့တဲ့မဲဖြစ်မဲ့တူတူ အကျိုးရှိအောင်လုပ်မယ် ဆိုပြီးတော့ သူတို့ကလာပူးပေါင်းတာပါ ” ဟု သထုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီတာဝန်ခံ ဦးသိန်းဇော်က ပြောသည်။

    ညီညွတ်သော ဒီမိုကရက်တစ်ပါတီ(UDP) မှပါတီဖျက်သိမ်းကြောင်း ကြေညာပြီးနောက်  အောက်တိုဘာလ ၁၈ ရက်နေ့တွင် စည်းရုံးရေးမှူး၊ ပါတီတာဝန်ရှိသူများ၊ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်ဟောင်း များက  ပြည်ခိုင်ဖြိုးပါတီကို ဝန်းရံဖို့အတွက် သွားရောက်ဆွေးနွေးခဲ့ကြောင်း ၎င်းထံမှ သိရသည်။

    သထုံမြို့နယ်မှာ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) မဖျက်သိမ်းခင်က ကျေးရွာ ၅၄ ရွာမှ ပါတီဝင်အင်အား ၅၄၀၀ ခန့်ရှိကြောင်း ဦးကိုကိုဦး ထံမှသိရသည်။

    ထို့အတူ မွန်ပြည်နယ်ရှိ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) ကပါတီဝင်များကို NLD ပါတီကလွဲပြီး အခြားပါတီ များကိုသာ မဲပေးရန်ပြောဆိုမှုများ၊ ဝန်းရံမှုတွေရှိကြောင်း သိရသည်။

    ထို့ပြင် မုဒုံမြို့နယ်က ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (UDP) မှ အောက်တိုဘာလ ၂၅ ရက်နေ့တွင် အမှုဆောင်အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းမျာက ပြည်ခိုင်ဖြိုးပါတီမှာ ပါတီဝင်အဖြင့်လျှောက်ထားခဲ့ကြောင်း သိရသည်။

    အလားတူ ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအပြင် အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ UDP ပါတီဝင်များကလည်း ပြည်ခိုင်ဖြိုးပါတီသို့ ပါဝင်ပူးပေါင်းခဲ့ကြောင်း သတင်းများတွင် တွေ့ရှိရသည်။

    Photo- ဘုတ်ပြင်းမြို့နယ်တွင် USDP အား UDP က ဝန်းရံပေးစဉ်(News Eleven)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks