Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမုဒုံမြို့တွင် မွန်ညီညွတ်ရေးပါတီ အင်အားပြယာဉ်ပေါ်မှ အမျိုးသမီးသုံးဦး ပြုတ်ကျ

မုဒုံမြို့တွင် မွန်ညီညွတ်ရေးပါတီ အင်အားပြယာဉ်ပေါ်မှ အမျိုးသမီးသုံးဦး ပြုတ်ကျ

-

စိုင်းထွန်းစံ (မော်လမြိုင် အောက်တိုဘာ ၂၇)

မုဒုံမြို့နယ် ဗိုလ်ချုပ်လမ်းတွင် အောက်တိုဘာ ၂၇ ရက်နေ့က မွန်ညီညွတ်ရေးပါတီဝန်းရံသူများ အင်အားပြလှည့်လည်စဉ် ယာဉ်ပေါ်မှ ဆယ်ကျော်သက်အရွယ် မိန်းကလေး သုံးဦး မတော်တဆ ပြုတ်ကျခဲ့ ကြောင်း သိရသည်။

ယာဉ်မှာရပ်နားထားရာမှ ရုတ်တရက်ဆောင့်ထွက်မိရာမှ ပြုတ်ကျသည့် မိန်းကလေးတစ်ဦးသာ ဦးခေါင်းဒဏ်ရာရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းက မုဒုံမြို့နယ်ဆေးရုံ ပို့ဆောင်ပေးခဲ့ကြောင်း မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် မင်းဝဏ္ဏကြီးက ဆိုသည်။

မင်းဝဏ္ဏကြီးက “အရင်ဆုံးပြုတ်ကျတဲ့ ကောင်မလေးက ဘာမှမဖြစ်ဘူး နောက်ကျတဲ့ကောင်မလေးက ခေါင်းနဲ့ဆောင့်မိသွားတာ။ ဘာမှမဖြစ်ဘူး စိတ်မချလို့ဆေးရုံမှာ ၂၄ နာရီဆေးရုံမှာပေးနေစေချင်တယ် ခေါင်းကဖူးသွားတာကို ဘာသွေးမှလဲမထွက်တော့။ ဆင်းလို့တော့ရပြီ ဒါပေမယ့် ကျွန်တော်ကတော့ မပေးဆင်းဘူး” ဟု ပြောသည်။

အဆိုပါယာဉ်မတော်တဆမှုအတွက် ယာဉ်မောင်းဖြစ်သူကို မုဒုံမြို့မရဲစခန်းက ယာဉ်(ပ)၅၈/ ၂၀၂၀ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၁၇၉ တို့အရ မှုဖွင့်အရေးယူထားကြောင်း သိရသည်။

“ကားသမားကို လုပ်ထုံးလုပ်နည်းအရ ဥပဒေအရ ပုဒ်မ ၃၃၇ တို့၊ ၂၇၉ တို့ကတော့ ဖွင့်ထားတယ်။ ကျွန်တော်တို့ရဲ လူပဲ ဒါပေမယ့် အမှုကိုတော့ပြေလည်အောင် ဆောင်ရွက်ထားပေးတယ် အမှုတော့မပိတ်ဘူး ဥပဒေလမ်းကြောင်းအတိုင်း ဆက်လုပ်နေပါတယ်” ဟု ၎င်းက ဆက်ပြောသည်။

မွန်ညီညွတ်ရေးပါတီဝန်းရံသူများက မုဒုံမြို့မှ ကမာဝက်မြို့ရှိ ရပ်ကွက်များ၊ ဝဲကလိ၊ ကမာအုပ်ကျေးရွာအုပ်စုများတွင်  ယာဉ်တန်းမဲဆွယ် စီတန်းလှည့်လည် စည်းရုံးလှုံ့ဆော်သည့် ခရီးစဉ်ဖြစ်ကြောင်း သိရသည်။

အလားတူ သံဖြူဇရပ်၊ ရေး၊ ကျိုက်မရော၊ ချောင်းဆုံနှင့် ပေါင်မြို့နယ်တို့တွင် မြို့နယ်အလိုက် မွန်ညီညွတ်ရေးပါတီ ဝန်းရံသူများက မော်တော်ဆိုင်ကယ်နှင့် မော်တော်ကားများဖြင့် လှည့်လည်မှုများကို ယခုရက်ပိုင်းအတွင်း အရှိန်တိုးမြင့်လုပ်ဆောင်လာခဲ့သော်လည်း Stay at Home အမိန့်ထုတ်ပြန်ထားသော မော်လမြိုင်မြို့နယ်တွင် စီတန်းဝန်းရံလှည့်လည်ပွဲများ ပြုလုပ်ခဲ့ခြင်းမရှိပေ။ 

Photo-ကမာဝက်မြို့တွင် မွန်ညီညွတ်ရေးပါတီ အင်အားပြလှည့်လည်စဉ်(MUP)

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts