spot_img
Tuesday, February 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းကြာအင်းဆိပ်ကြီးမြို့နယ် မွန်ပြည်သစ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြန်လည်ဖြေလျှော့ပေး

    ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ပြည်သစ်နယ်မြေအတွင်း မဲဆွယ်စည်းရုံးရေး ပြန်လည်ဖြေလျှော့ပေး

    -

    မွန်သတင်းအေဂျင်စီ (အောက်တိုဘာ ၂၆)

    ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ တောင်ပေါက်ဒေသ ၂၄ ရွာတွင် နိုင်ငံရေးကိုယ်စားလှယ်များ လွတ်လပ်စွာဝင်ရောက် မဲဆွယ်စည်းရုံးနိုင်ကြောင်း မွန်ပြည်သစ်ပါတီ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ(ဗဟို) က ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်လိုက်သည်။

    ထိုသို့ မဲဆွယ်စည်းရုံးရာတွင် လူ ၃၀ ဦးထက်မပိုစေရန်နှင့် ကျန်းမာရေးဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီ စုဝေးစည်းရုံးရမည်ဖြစ်သည်။

    ယခင်ထုတ်ပြန်ချက်အရ အဆိုပါတောင်ပေါက်ဒေသ ၂၄ ရွာများတွင် အခြားမြို့နယ်မှလာရောက်သော နိုင်ငံရေးပါတီအဖွဲ့ဝင်များအား မဲဆွယ်စည်းရုံးရေးဝင်ရောက်ခွင့်မပြုခဲ့ရာမှ ပြန်လည်ဖြေလျှော့ပေးခြင်းဖြစ်သည်။

    ထို့အတူ မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာဒေသအတွင်း လိုင်းပြေးဆွဲနေသော မော်တော်ယာဉ်များနှင့် အိမ်စီးမော်တော်ယာဉ်များတို့သည် ယာဉ်မောင်းနှင့် နောက်လိုက်အပါအဝင် လူ (၇) ဦးအထိသာ တင်ဆောင်ခွင့်ပြုကြောင်း့ ကြေညာချက်တွင် ထုတ်ပြန်ထားသည်။

    ထို့ပြင် ပြည်တွင်း Stay at Home သတ်မှတ်ခံထားရသည့်ဒေသမှ မိမိနေရပ်သို့ပြန်လာလိုပါက အနီးစပ်ဆုံးရှိသည့် မွန်ပြည်သစ်ပါတီရုံးများတွင် ခရီးသွားလာခွင့်ထောက်ခံချက်ရယူရမည်ဖြစ်ပြီး မိမိနေရပ်သို့ပြန်ရောက်ပါက သက်ဆိုင်ရာမြို့နယ်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများသို့ အသိပေး၍ မိမိနေအိမ်/ခြံအတွင်း Stay at Home (၇) ရက်ကြာ နေထိုင်ရမည်ဟု ဆိုသည်။ 

    ကိုဗစ်ဒုတိယလှိုင်း ကူးစက်မှုမြန်ဆန်လာသဖြင့် ကျန်းမာရေးလုပ်ငန်းကိစ္စများ ဆောင်ရွက်သည့်လုပ်ငန်းကိစ္စမှအပ အရပ်ဖက်လူမှုအဖွဲ့အစည်းများဖြစ်သည့် CBO, CSO, NGO, INGO များ ထိန်းချုပ်ဧရိယာအတွင်း ဝင်ရောက်ခွင့်မပြုကြောင်း မွန်ပြည်သစ်ပါတီ COVID-19 ကာကွယ်ထိန်းချုပ်ရေးကော်မတီ(ဗဟို) က ၂၀၂၀ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့စွဲဖြင့် စည်းကမ်းသတ်မှတ်ချက်၍ ထုတ်ပြန်ထားသည်။

    အလားတူ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် မဲရုံများအတွက် ရွေးကောက်ပွဲကော်မရှင်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနတို့ ညှိနှိုင်းထုတ်ပြန်ထားသော စည်းမျဉ်း၊ စည်ကမ်းများနှင့် ကိုက်ညီအောင် ဆောင်ရွက်နိုင်ရန် လူ ၃၀ ဦးထက်ပို၍ စုဝေးခြင်းကိုခွင့်ပြုကြောင်း ယမန်နေ့တွင် သက်ဆိုင်ရာဝန်ကြီးက လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ကြောင်း တွေ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks