spot_img
Friday, January 16, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းမော်လမြိုင်မြို့အတွင်း မွန်ညီညွတ်ရေးပါတီထောက်ခံသူများ စုရုံးလှည့်လည်အင်အားမပြကြရန် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ မေတ္တာရပ်ခံ

    မော်လမြိုင်မြို့အတွင်း မွန်ညီညွတ်ရေးပါတီထောက်ခံသူများ စုရုံးလှည့်လည်အင်အားမပြကြရန် ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ မေတ္တာရပ်ခံ

    -

    ဗညားပိုင် (မော်လမြိုင်၊ အောက်တိုဘာ ၂၂)

    COVID 19 ရောဂါပျံ့နှံ့မှုများနေသောကြောင့် မော်လမြိုင်မြို့ပေါ်၌ မွန်ညီညွတ်ရေးပါတီထောက်ခံသူများအနေဖြင့် မဲဆွယ်စည်းရုံးမှုလှည့်လည်အင်အားပြခြင်း မပြုလုပ်ကြပါရန် အောက်တိုဘာလ ၂၁ ရက်နေ့က မော်လမြိုင်မြို့ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က မေတ္တာရပ်ခံချက်တစ်စောင် ထုတ်ပြန်လိုက်သည်။

    ထောက်ခံသူများ၏ ကျန်းမာရေးနှင့် နောက်ဆက်တွဲစီးပွားရေး၊ လူမှုရေးတို့ကို ထောက်ဆတွေးတော၍လည်းကောင်း၊ ဥပဒေကိုလိုက်နာသော နိုင်ငံကြီးသား ရာမညတိုင်းသားပါတီဖြစ်ကြောင်း ဖော်ပြလို၍လည်းကောင်း၊ Stay at home ကာလအတွင်း ပြည်သူများ စိတ်အနှောင့်အယှက်မဖြစ်စေရန် မော်လမြိုင်မြို့  မွန်ညီညွတ်ရေးပါတီ၏ ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့ဝင်များနှင့် ကိုယ်စားလှယ်လောင်းများက ယမန်နေ့တွင် အစည်းအဝေးပြုလုပ်ခဲ့ကြပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ရောဂါကလဲ ပိုပြီးတိုးလာတော့ ပြည်သူတွေကလဲ ကြောက်နေကြတယ်၊ ခုချိန်မှာ ကျနော်တို့လူစုအင်အားလှည့်ပြမယ်ဆိုရင် ပြည်သူတွေက ပိုပြီးစိုးရိမ်လာကြမယ်၊ ကျနော်တို့က ပြည်သူတွေ အန္တရာယ်မဖြစ်ဖို့ပါပဲ၊ ပြီးတော့ မွန်ညီညွတ်ရေးပါတီ ထောက်ခံတဲ့သူအားလုံး ဖြစ်နိုင်ရင်လှည့်လည်အင်အားမပြကြပါနဲ့လို့ မေတ္တာရပ်ခံချင်တယ်” ဟု မော်လမြိုင်မြို့  မွန်ညီညွတ်ရေးပါတီ  ၂၀၂၀ ရွေးကောက်ပွဲအောင်နိုင်ရေး ဥက္ကဌ နိုင်အောင်သိန်းက ပြောသည်။

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့တို့ကို စက်တင်ဘာလ ၂၅ ရက်နေ့ကစပြီး နေအိမ်တွင်နေထိုင်ရေး Stay at home အစီစဉ်အဖြင့် သတ်မှတ်ထားသည်။

    ယင်းရောဂါကြောင့် မော်လမြိုင်မြို့၌ စက်ရုံ၊ အလုပ်ရုံနှင့် စက်မှုလုပ်ငန်းများ ပိတ်ထားရခြင်း၊ အလုပ်အကိုင်များ ဆုံးရှုံးခြင်း၊ ဝင်ငွေလျော့ပါး ဆုံးရှုံးခြင်း၊ ဆေးပညာရှင်များ၊ ပရဟိတသမားများ ပင်ပန်းရခြင်းများ ဖြစ်ပေါ်လျှက်ရှိပြီး ဘာသာရေးဝတ်ပြုဌာနများလည်း ပိတ်ထားရပြီး သံဃာတော်များအနေလည်း ကထိန်ခင်းရန် ခက်ခဲမှုများ ဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည်။

    မော်လမြိုင်မြို့နယ် အမှတ် (၂) မဲဆန္ဒနယ်မြေ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဟိန်းပိုင်ထူးချစ်က “ကျနော်တို့ အင်အားပြသည်ဖြစ်စေ၊ မပြသည်ဖြစ်စေပေါ့နော် သူတို့အတွက် ယုံကြည်အားကိုးထိုက်တဲ့ပါတီကိုပဲ မဲပေးကြလိမ့်မယ်လို့လဲ ယုံကြည်တယ်၊ အင်အားမပြရပေမယ့်လဲ စဉ်းစားပြီးတော့ မဲပေးဖို့လဲ ကျနော်တို့ မျှော်လင့်တယ်၊ တချို့ထောက်ခံသူတွေက လျော့ကောင်းပေမယ့်လဲ ကျနော်တို့စေတနာကို သိတဲ့သူတွေဆို ကျနော်တို့ကို ပိုပြီးတော့ မဲပေးလာမယ်လို့လည်း မျှော်လင့်တာပေါ့နော် ကျနော်တို့အတွက်ကတော့ ပြည်သူ့ကျန်းမာရေးက ပထမပါပဲ၊ ရွေးကောက်ပွဲအောင်နိုင်ရေးကတော့ ဒုတိယပေါ့နော်” ဟု ဆိုသည်။

    အလားတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးလုပ်ငန်းစဉ်များမှာ Stay at Home သတ်မှတ်ထားသော ၊ အသွားအလာကန့်သတ်ထားသော ဒေသများမှာ မဲဆွယ်စည်းရုံးခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားသည်။

    မွန်ပြည်နယ်တွင် အောက်တိုဘာလ ၁၇ ရက်နေ့က COVID 19 ရောဂါပိုးတွေ့သူ စံချိန်တင် ၆၉ ဦးရှိရာ ယခုအခါ စုစုပေါင်းရောဂါပိုးတွေ့ရှိသူ ၅၈၄ ဦးရှိပြီး၊ သေဆုံးသူမှာ ၉ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

    Photo- မော်လမြိုင်မြို့အတွင်း မွန်ညီညွတ်ရေးပါတီထောက်ခံသူများ စုရုံးလှည့်လည်အင်အားမပြကြရန်
    MUP ပါတီ မေတ္တာရပ်ခံချက်(Copy)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts