spot_img
Tuesday, February 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေး၂၀၁၅ အတွေ့ အကြုံနှင့် ၂၀၂၀ အတွက်မျှော်လင့်ချက် အစီရင်ခံစာထုတ်ပြန်၊ ပြည်ထောင်စုအစိုးရအား ဗဟိုချူပ်ကိုင်မှုလျော့ချရန် တောင်းဆို

    ၂၀၁၅ အတွေ့ အကြုံနှင့် ၂၀၂၀ အတွက်မျှော်လင့်ချက် အစီရင်ခံစာထုတ်ပြန်၊ ပြည်ထောင်စုအစိုးရအား ဗဟိုချူပ်ကိုင်မှုလျော့ချရန် တောင်းဆို

    -

    မွန်သတင်းအေဂျင်စီ(အောက်တိုဘာ ၂၀)

    မွန်ပြည်နယ်အခြေစိုက် အရပ်ဖက်လူမူအဖွဲ့ အစည်းများပူးပေါင်းဆောင်ရွက်သည့် "လွတ်လပ်တရားမျှတသည့် ၂၀၂၀ ရွေးကောက်ပွဲ လူထုလှုပ်ရှားမှု အစီအစဉ် CAFFE Project က ဗဟိုချူပ်ကိုင်မှုစနစ် လျော့ချရန် တောင်းဆိုသည့် "အစီရင်ခံစာကို အောက်တိုဘာလ (၁၉) ရက်နေ့ တွင် ထုတ်ပြန်ခဲ့သည်။

    မြန်မာနိုင်ငံတောင်ပိုင်းရှိ မြို့နယ် (၁၄) မြို့နယ်မှ ပြည်သူလူထုများနှင့် တွေ့ ဆုံဆွေးနွေးပြီး "၂၀၁၅ အတွေ့ အကြုံနှင့် ၂၀၂၀ အတွက်မျှော်လင့်ချက်"အမည်ရှိ ၎င်းအစီရင်ခံစာတွင် ၂၀၂၀ နောက်ပိုင်း အာဏာရရှိလာမည့် ပြည်ထောင်စုအစိုးရသည် ဗဟိုချူပ်ကိုင်မှုစနစ်လျော့ချရန်လိုအပ်နေပြီး ပြည်နယ်/ တိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ဝန်ကြီးချုပ်ကိုလည်း သက်ဆိုင်ရာလွှတ်တော်များမှ ရွေးချယ်တင်မြောက်စေလိုကြောင်း ဖော်ပြထားသည်။

    CAFFE Project ဦးဆောင်ကော်မီတီ မိမရော်စွန်းက “အမှန်ကတော့ ၂၀၀၈ ဖွဲ့ စည်းပုံ မပြင်ရသေးတော့ သမ္မတက ပြည်နယ်ဝန်ကြီးချုပ်တွေကို ရွေးရမှာပဲ၊ ဒါပေမဲ့ အဲဒီလို တိုက်ရိုက်ရွေးချယ်မဲ့အစား ပြည်နယ်လွှတ်တော်နဲ့ ညှိနှိုင်းပြီးတော့ ပြည်နယ်အစိုးရကို ဦးဆောင်နိုင်သူ၊ အရည်အသွေးရှိတဲ့သူကို ၎င်းတို့ အကြားမှာ ရွေးချယ်ပေးဖို့ သင့်တာပေါ့" ဟု ဆိုသည်။

    ၂၀၁၅ ရွေးကောက်ပွဲ ကတိကဝတ်များအတိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် NLD ပါတီ ဦးဆောင်သည့် အစိုးရလက်ထက် (၅) နှစ်တာကာလအတွင်း လူမူရေးဆိုင်ရာ ပြည်သူ့ ဝန်ဆောင်မှုများနှင့် စီးပွားရေးတိုးတက်မှု အနည်းငယ်ရှိသော်လည်း ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် နိုင်ငံရေးပြုပြုင်ပြောင်းလဲမှုများအား အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိပေ။

    “၂၀၀၈ ဖွဲ့ စည်းပုံထဲက ဇယား (က) ပြည်ထောင်စုမှ ပြဌာန်းရမယ့် ဥပဒေအခန်းကဏ္ဍတချို့တွေကို ပြည်နယ်ကို လွှဲပေးသင့်တယ်။ ဥပမာ ဆိုရင် စီးပွားရေးအပိုင်းမှ မြေယာဥပဒေမျိုးလိုတွေပေါ့။ ဗဟိုက ချထားတဲ့ ဥပဒေအချို့ဟာ တိုင်းရင်းသားတွေရဲ့ ဓလေ့ထုံးစံနဲ့ မကိုက်ညီဖူး၊ အဲဒီဥပဒေမျိုးကို ပြည်နယ်တွေမှာ ပြဌာန်းသင့်တာပေါ့။ အခြားကိစ္စတွေလည်း အများကြီး ရှိတာပေါ့ " CAFFE Project အစီအစဉ် ဦးဆောင်ကော်မီတီ မိမြင့်မွန်က ဆိုသည်။

    ထို့အတူ တိုင်းရင်းသားများ၏ ပညာရေးစနစ်ကို ပြည်ထောင်စုအစိုးရမှ အသိအမှတ်ပြုသင့်ပြီး အုပ်ချုပ်ရေးအာဏာကို ဗဟိုချုပ်ကိုင်မှုလျော့ချခြင်းအားဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာအပစ်ခတ်ရပ်စဲမှုရပ်စဲရေး သဘောတူညီစာချုပ် (NCA) နှင့် ငြိမ်းချမ်းရေးကို ခိုင်မြဲစေမည်ဟု ၎င်းက ဆက်ပြောသည်။

    မြန်မာနိုင်ငံတောင်ပိုင်းတွင် လူငယ်အများစု၏ ပညာရေး၊ ဖွံ့ဖြိုးရေးနှင့် မိသားစုများ၏ စီးပွားရေးကို တိုက်ရိုက်ထိခိုက်နေသည့် မူးယစ်ဆေးဝါးပြဿနာကို ပြည်နယ်/ တိုင်းဒေသကြီးအစိုးရမှ အမြန်ဆုံးဖြေရှင်းသင့်ကြောင်း၊ သဘာပဝတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးကိုလည်း ပြည်နယ်/ တိုင်းဒေသကြီးအစိုးရမှ အရေးပေးဆောင်ရွက်သင့်ကြောင်း ၎င်းအစီရင်ခံစာကအကြံပြုထားသည်။

    အစီရင်ခံစာကို မွန်ပြည်နယ် (၁၀) မြို့ နယ်၊ ကရင်မြို့ နယ် (၃) မြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး (၁) မြို့ နယ်မှ ပြည်သူလူထုပေါင်း (၅၀၀) ခန့်အား တွေ့ ဆုံခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲအကြောင်း၊ ၂၀၁၅-၂၀၂၀ အထိ နိုင်ငံရေး၊ လူမူရေး၊ စီးပွားရေးနှင့် ငြိမ်းချမ်းရေးအခြေအနေနှင့် ၂၀၂၀ ရွေးကောက်ပွဲအပြီး ပြည်သူလူထုများ၏ မျှော်လင့်ချက်များကို မေးမြန်းခဲ့ပြီး ရရှိလာသည့် အချက်အလက်များအား ရွေးကောက်ပွဲသုတေသနပြုထားသည့် အချက်အလက်နှင့် စုစည်းကာ အစီရင်ခံတင်ပြထားခြင်း ဖြစ်သည်။

    Photo-CAFFE Project နှင့် ဒေသခံပြည်သူလူထုများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks