spot_img
Tuesday, February 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းStay at Home သတ်မှတ်ထားသည့် မော်လမြိုင်မြို့တွင် NLD ပါတီဝန်းရံသူများ အင်အားပြလှည့်လည်

    Stay at Home သတ်မှတ်ထားသည့် မော်လမြိုင်မြို့တွင် NLD ပါတီဝန်းရံသူများ အင်အားပြလှည့်လည်

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊ အောက်တိုဘာ ၁၉)

    မွန်ပြည်နယ်တွင် Stay at Home သတ်မှတ်ထားသည့် မော်လမြိုင်မြို့ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဝန်းရံသူများက အောက်တိုဘာလ ၁၈ ရက်နေ့က ရွေးကောက်ပွဲအောင်နိုင်ရေးအင်အားပြအနေဖြင့် လူဦးရေအများအပြား စုပေါင်းလှည့်လည်ခဲ့သည်။

    မွန်ပြည်နယ်တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့သူ စံချိန်တင် ၆၉ ဦးထိတွေ့ရှိခဲ့သည့် နောက်တစ်နေ့တွင် NLD ပါတီဝန်းရံသူများက မော်လမြိုင်မြို့တွင် ကား၊ ဆိုင်ကယ်များဖြင့် ပါတီအောင်နိုင်ရေးသီချင်းများဖွင့်လှစ်ကာ စီတန်းလှည့်လည်ခဲ့ခြင်းဖြစ်သည်။

    “အဲဒါက ပါတီကနေပြီးတော့စီစဉ်တာမဟုတ်ဘူး ပြည်သူတွေကနေပြီးတော့ သူတို့ဟာသူတို့လုပ်တာပေါ့၊ ပါတီကနေပြီးတော့စီစဉ်ထားတာမရှိဘူး မေတ္တာရပ်ခံစာတွေလဲထုတ်ထားတယ် ပါတီဝင်တွေ အောင်နိုင်ရေး အဖွဲ့တွေကိုဘယ်သူမှ မလည့်ရဘူးဆိုပြီး အမိန့်ထုတ်ထားပြီးသား Stay at Home ကာလဖြစ်နေတဲ့အတွက် ကြောင့်ပါ” ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်နွယ်နွယ်အောင်က ပြောသည်။

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မွန်ပြည်နယ်ရှိ မော်လမြိုင်မြို့နှင့် ဘီးလင်းမြို့တို့ကို စက်တင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး နေအိမ်တွင်နေထိုင်ရေး Stay at Home အစီစဉ်အဖြင့် သတ်မှတ်ထားသည်။

    “လောလောဆယ်မှာတော့ ကျွန်တော်တို့ဌာန အနေနဲ့ကတော့ သီးခြားဆောင်ရွက်ထားတာမျိုးမရှိသေးဘူး။ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတယ် ရွေးကောက်ပွဲကော်မရှင်ကနေပြီး မဲဆွယ်စည်းရုံးမှုတွေ လိုက်နာဖို့ညွန်ကြားထားတာရှိပါတယ် သူတို့ကနေပြီးတော့ ချိတ်ဆက်လာတယ် လိုအပ်လို့ညွှန်ကြားလာတယ်ဆိုရင်တော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မော်လမြိုင်မြို့အထွေထွေအုပ်ချုပ်ရေးဌာန ညွန်ကြားရေးမှူး ဦးဝေလင်းထွန်း မှဆိုသည်။

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှလည်း လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးဆိုင်ရာ ကျန်းမာရေးလုပ်ငန်းစဉ်များမှာ Stay at Home သတ်မှတ်ထားသော ၊ အသွားအလာကန့်သတ်ထားသော ဒေသများမှာ မဲဆွယ်စည်းရုံးခြင်းများ မပြုလုပ်ရန် ထုတ်ပြန်ထားသည်။

    “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားချက်အတိုင်းညွှန်ကြားပေးတယ် အောက်ခြေမှာပါတီတွေလဲ ဒီတိုင်းလုပ်ပါဆိုပြီး ညွန်ကြားထားတယ် ဝန်းရံတဲ့သူတွေလုပ်တာဆိုတော့ ကျွန်တော်တို့မှာ ဘာမှတားပိုင်ခွင့်လဲ မရှိဘူးလေ ပါတီတွေနဲ့ဘဲဆက်သွယ်ပြီးတော့ ညွှန်ကြားချက်တွေအတိုင်းဆောင်ရွက်တယ်” ဟု မော်လမြိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဌေးလွင်က ပြောသည်။

    သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း ထိန်းချုပ်နိုင်ရေး Stay at Home အဖြစ် သတ်မှတ်ထားသည့် ပုသိမ်မြို့၌ အောက်တိုဘာလ ၁၇ ရက်နေ့က NLD ပါတီကို လူစုလူဝေးဖြင့် အင်အားပြထောက်ခံ လှည့်လှည်ရာတွင်ပါဝင်သည့် NLD ပါတီဝန်းရံသူ ၁၀ ဦးကို မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က အရေးယူမည်ဖြစ်ကြောင်း RFA မြန်မာသတင်းက ဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks