spot_img
Tuesday, February 10, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးပြည်သူတို့ကိုခြိမ်းခြောက်နေသော လက်နက်ကိုင်ပြည်သူ့စစ်အမည်ခံ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို သက်ဆိုင်ရာမှအမြန်ဆုံးကိုယ်တွယ်ဖြေရှင်းပေးသင့်ကြောင်း မွန်ပြည်သစ်ပါတီ ကြေညာချက်ထုတ်

    ပြည်သူတို့ကိုခြိမ်းခြောက်နေသော လက်နက်ကိုင်ပြည်သူ့စစ်အမည်ခံ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတို့ကို သက်ဆိုင်ရာမှအမြန်ဆုံးကိုယ်တွယ်ဖြေရှင်းပေးသင့်ကြောင်း မွန်ပြည်သစ်ပါတီ ကြေညာချက်ထုတ်

    -

    မွန်သတင်းအေဂျင်စီ (အောက်တိုဘာ ၁၇)

    ပြည်သူ့စစ်ဟုအမည်ခံကာ လက်နက်ကိုင်ဆောင်၍ ပြည်သူတို့၏အသက်အိုအိမ်စည်းစိမ် လုံခြုံရေး၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ခြိမ်းခြောက်နေသည့် လူပုဂ္ဂိုလ်၊ အသင်းအဖွဲ့များအား သက်ဆိုင်ရာများမှ အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးရန် မွန်ပြည်သစ်ပါတီက  ကြေညာချက်ထုတ်ပြန်လိုက်သည်။

    “လက်နက်ချအဖွဲ့တွေကို ငြိမ်းချမ်းရေးအဖွဲ့ ပြည်သူ့စစ်အဖွဲ့ မူးယစ်ဆေးဝါးအထူးနှိမ်နင်းရေးအဖွဲ့ဆိုပြီး နာမည်အမျိုးမျိုးခေါ်ကြပါတယ်၊ အခုဟာက နိုင်ရာဇာတို့ ပြည်သူ့စစ်အဖွဲ့၊ မလွှဲတောင်ပေါ်မှာ မနှစ်ကနာမည်ကြီးနေတဲ့ စိုးသန်းနိုင်တို့လို ၅ ယောက်တစ်ဖွဲ့ ၁၀ ယောက်တစ်ဖွဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်မှာ လက်နက်ချအလင်းဝင်တွေကို ဂိတ်ဖွင့်ခွင့်ပြုထားတာ တစ်ပုံကြီးရှိနေတယ်၊ ရပ်ရွာတွေမှာ သေနတ်တွေကို နားလည်မှုနဲ့ ကိုင်ဆောင်ခွင့်ပြုထားတယ်၊ ချဲဒိုင် ဘောလုံးဒိုင်လိုမျိုး တရားမဝင်လုပ်ငန်းရှင်တွေဆီက လစဉ်ကြေး တောင်းတယ်၊ သူတို့ရံပုံငွေဆိုပြီး လောင်းကစားပွဲတွေလုပ်ခွင့်ရတယ်၊ အကြွေးတွေကို သေနတ်ပြပြီး အငှားလိုက်တောင်းပေးတယ်၊ ရပ်ထဲရွာထဲ အာဏာပြ သေနတ်ပြခြိမ်းခြောက်နေတာကို သူတို့ဆရာကြီးတွေက မျက်စိမှိတ်ပေးထားလို့ရပေမယ့် အခုလို လူသတ်တဲ့အဆင့်အထိ ရာဇဝတ်ပြစ်မှုကျူးလွန်လာရင်တော့ ဥပဒေအတိုင်းအရေးယူခံရတာပေါ့” ဟု အမည်မဖော်ပြလိုသော ရေးမြို့ပေါ်မှ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းတစ်ဦးက ပြောသည်။ 

    အာယုတောင်ကျေးရွာအုပ်စု စုံနံ့သာကျေးရွာအနီး ခံသင်းတံတားအနီး အခြေစိုက်သည့် မွန်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် နိုင်ရာဇာ ဆိုသူက အောက်တိုဘာ ၁၅ ရက်နေ့ ညပိုင်းတွင် M-16 သေနတ်ဖြင့် ပစ်ခတ်သဖြင့် ခွင့်ပြန်လာသည့် မွန်ပြည်သစ်ပါတီ ခရိုင်ကော်မတီဝင် ဗဟိုသုတေသနဌာန ဒုတိယတာဝန်ခံ နိုင်ဇော်လတ်(ခေါ်) နိုင်ဂေးမရော့ သေဆုံးခဲ့သည့်ဖြစ်စဉ်အပေါ်  ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့စွဲဖြင့် မွန်ပြည်သစ်ပါတီက ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ 

    နိုင်ဇော်လတ် နှင့် နိုင်ရာဇာတို့အဖွဲ့သည် အခင်းဖြစ်ပွားသည့်နေရာအနီးတဝိုက်တွင် အခြေအတင်စကားများခဲ့ကြသည့်အသံများ ကြားခဲ့ကြောင်းနှင့် ယင်းနောက် သေနတ်ပစ်ခတ်သံများကြားခဲ့ရကြောင်း၊ နိုင်ရာဇာကိုင်ဆောင်သည့် M-16 အမျိုးအစား သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်အလောင်းတွင် ကျန်ရစ်ခဲ့သည့် ကျည်ဖူးမှတဆင့် စစ်ဆေးအတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

    အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မွန်ပြည်သစ်ပါတီ သထုံခရိုင်အတွင်းရေးမှူး နိုင်ခင်အေး တရားလိုပြုလုပ်၍ ရေးမြို့မရဲစခန်းသို့ တိုင်ကြားသဖြင့် ရာဇသတ်ကြီးပုဒ်မ ၃၀၂ အမှုကြီးအမှတ်စဉ် (၂၆/၂၀၂၀) ဖြင့် အမှုဖွင့်ပြီး တရားခံ နိုင်ရာဇာအား ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း ရေးမြို့မရဲစခန်းမှ သိရသည်။

    ယင်းသို့ အခင်းဖြစ်ပွားရာနေရာတွင် အခြေအတင်စကားများပြီးနောက် နိုင်ရာဇာမှ ၎င်းကိုင်ဆောင်ထားသည့် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည့် ဖြစ်ရပ်မှန်ကို လီဆယ်၍ ယင်းအစား မိမိတို့၏စခန်းအား လာရောက်ပစ်ခတ်၍ ခုခံပစ်ခတ်ခြင်းဖြစ်ကြောင်း လက်ဦးမှုရယူကာ လိမ်လည်၍ သတင်းထုတ်ပြန်စေခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကို ရာမညတိုင်း(မ်) သတင်းအေဂျင်စီကို လီဆယ်၍ သတင်းဖြန့်စေခဲ့ကြောင်း မွန်ပြည်သစ်ပါတီက သုံးသပ်ထားသည်။

    “ရာဇာကို မနေ့က ရဲဖမ်းလိုက်ပြီး သူတို့ပြည်သူ့စစ်အဖွဲ့လက်နက်တွေကို စစ်တပ်က သိမ်းထားတယ်လို့ကြားတယ်၊ လူသတ်မိတယ်ဆိုတာနဲ့ သတင်းဌာနတွေကို ဆက်သွယ်ပြီး သူတို့စခန်းကိုပဲ အဖွဲ့အစည်းတစ်ခုခုက ဝင်ပစ်သွားသလို သတင်းလွှင့်လိုက်သေးတယ်၊ ဒါပေမယ့် အမှုမှန်ပေါ်သွားပြီဆိုတော့ သူတို့ငြင်းလို့မရတော့ဘူး” ဟု အထက်ပါ မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင်ဟောင်းက ဆက်ပြောသည်။ 

    တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့စစ်အဖွဲ့ပေါင်း ခြောက်ထောင်ကျော် ရှိနေပြီး မွန်ပြည်နယ် ပေါင်မြို့နယ်တစ်ခုတည်းတွင် ကျေးရွာ ၄၅ ရွာ၌ ပြည်သူ့စစ်အဖွဲ့ဝင် တစ်ထောင်ကျော် ရှိနေကြောင်း၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၏ ဥပဒေမဲ့လုပ်ဆောင်ချက်များကို မည်သည့်ဝန်ကြီးဌာန အဖွဲ့အစည်းက တာဝန်ခံမည်ဆိုသည်ကို သိလိုကြောင်း ပေါင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မိကွန်ချမ်းက ယမန်နှစ်လွှတ်တော်အစည်းအဝေးတွင် မေးခွန်းမေးမြန်းခဲ့ဖူးသည်။

    ပြည်သူ့စစ်အများစုသည် တိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြပြီး ရပ်ရွာကာကွယ်ရေး ပြည်သူ့စစ်၊ တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့မှ အသွင်ပြောင်း ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ် စသည့် ပုံစံမျိုးစုံနှင့် ရပ်တည်နေကြကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks