spot_img
Monday, March 2, 2026
More
    spot_img
    Homeသတင်းကိုဗစ်ကပ်ရောဂါကာလအတွင်း မွန်လူငယ်များ ဘိန်းစာရွက်သုံးစွဲမှုပိုများလာ

    ကိုဗစ်ကပ်ရောဂါကာလအတွင်း မွန်လူငယ်များ ဘိန်းစာရွက်သုံးစွဲမှုပိုများလာ

    -

    ဗညားစိုင်း(အောက်တိုဘာ ၇)

    လက်ရှိ ကိုဗစ် ၁၉ ကပ်ရောဂါပြန့်နှံ့နေသည့်ကာလအတွင်း မွန်လူငယ်များအကြား မူးယစ်ဆေးပြားများထက် ဒေသတွင်းထွက်ရှိသော ဘိန်းစာရွက်ကို ပို၍သုံးစွဲလာကြောင်း ကျေးရွာအကြီးအကဲများက ပြောသည်။

    လမ်းပန်းဆက်သွယ်ရေး သွားလာမှုအခက်အခဲနှင့် အလုပ်အကိုင်ရှားပါးမှုကြောင့် မူးယစ်ဆေးပြား ဝယ်ယူသည့်စရိတ် မရှိသည့်အတွက် ထိုင်းဘာသာဖြင့် “ဗိုင်ခတွန်” ဟုခေါ်သော ဘိန်းစာရွက်ကို အရည်ပြုတ်သောက်၍ သုံးစွဲခြင်းဖြစ်ကြောင်း မုဒုံမြို့နယ်၊ နိုင်လှုံကျေးရွာ အုပ်ချုပ်ရေးမှုး "နိုင်စိုးနွယ်" က ဆိုသည်။

    “အလုပ်အကိုင်ရှားပါးလာပြီး ဝင်ငွေမရှိဖြစ်လာတယ် ဆေးပြားဝယ်ဖို့ မတတ်နိုင်ကြဘူး၊ စာသင်ကျောင်းတွေလည်းပိတ်ထားတယ် ကျောင်းသားတွေလည်း အလုပ်မရှိသလို အားအားယားယား ဖြစ်နေကြတယ်၊ လူစုပြီး ဘိန်းစာရွက်ကို ပြုတ်ပြီး အချိုရည်မျိုးစုံနဲ့ ဘာတွေပါမှန်းမသိပါဘူး၊ အဲဒီလို သုံးစွဲနေကြတယ်” ဟု နိုင်စိုးနွယ်က ပြောသည်။

    ထို့အတူ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်တွင်လည်း မူးယစ်ဆေးဝါးမသုံးစွဲကြရန် တိုက်တွန်းနှိုးဆော်သော်လည်း လူငယ်များအကြား မူးယစ်ဆေးပြားရော ဘိန်းစာရွက်ပါ သုံးစွဲမှုရှိနေသည်ဟု အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး နိုင်တင်စန်းက ဆိုသည့်

    “မူးယစ်ဆေးဝါး မသုံးကြဖို့ ရွာလှည့်ပြီး လိုက်သတိပေးတာ ရှိတယ်။ အသက်ငယ်ငယ်လေးတွေ ဘိန်းစာရွက်ကိုသောက်သုံးတာ အရမ်းများလာတယ်၊ ဆေးပြားသုံးတာလည်း ရှိတယ်၊ ဒါပေမယ့် ဘိန်းစာရွက်အရည် သုံးစွဲတာက ပိုများတယ်” ဟု ပြောသည်။

    အလားတူ ကျေးရွာများအတွင်း မူးယစ်ဆေးဝါး လက်လီဖြန့်ဖြူးနေသူများကို သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သော်လည်း ဖမ်းဆီးမှုမရှိဟု ရေးမြို့နယ် ကော့ဒွတ်ကျေးရွာအုပ်ချုပ်ရေးမှူး နိုင်မောင်က ဆိုသည်။

     “ကျနော်တို့က ဌာနဆိုင်ရာ အစည်းအဝေးတွေမှာ တင်ပြတယ်၊ ဖမ်းရမယ့်တာဝန်က သူတို့တာဝန်ပါ ဒါပေမယ့် ဖမ်းဆီးမှုမရှိဘူး၊ ဘိန်းစာရွက်လည်း ပိုပိုများလာတယ်” ဟု ပြောသည်။

    သို့ရာတွင် မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် ရပ်ကွက်ကျေးရွာများအတွင်း သာမန်ကျော်ဇောသတင်းရရှိယုံဖြင့် ဖမ်းဆီးရန်လွယ်ကူမည်မဟုတ်သည့်အတွက် သတင်းတိကျမှုနှင့် အထောက်အထားသက်သေခိုင်လုံမှုလည်း အရေးကြီးကြောင်း သိရသည်။

    သံဖြူဇရပ်မြို့နယ်၊ ကျုံကဒတ် ကျေးရွာ အနီး၌ အောက်တိုဘာလ ၅ ရက်နေ့က မောင်သူရလွင် (၂၀) နှစ်နှင့် မောင်ထက်လင်းအောင်(ခ)ဖေသန်း (၁၉)နှစ်တို့ထံမှ ဘိန်းစာရွက်အလေး ချိန် (၅၀၀)ဂရမ်ခန့် ရှာဖွေတွေ့ရှိဖမ်းဆီးခဲ့ကြောင်း၊ စခန်းကြီးကျေးရွာ အဝင်လမ်းတွင် အောက်တိုဘာလ ၄ ရက်နေ့က ဂျော့ဓမင်းဆိပ်၊ ထင်းရှူးကျေးရွာနေထိုင်သူ မောင်ထူး(၃၈)နှစ်ထံမှ ပန်းရောင်စိတ်ကြွရူးသွပ်  ဆေးပြား(၁၁)ပြားနှင့် ဘိန်းစာရွက်(၂၀)ကျပ်သားခန့် ဖမ်းဆီးရမိကြောင်း သံဖြူဇရပ်မြို့မရဲစခန်းမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks