spot_img
Tuesday, February 10, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေးတိုင်းရင်းသားပါတီများမှလွဲ၍ မွန်ညီညွတ်ရေးပါတီ မဟာမိတ်ဖွဲ့စည်းထားခြင်းမရှိဟုဆို

    တိုင်းရင်းသားပါတီများမှလွဲ၍ မွန်ညီညွတ်ရေးပါတီ မဟာမိတ်ဖွဲ့စည်းထားခြင်းမရှိဟုဆို

    -

    မွန်သတင်းအေဂျင်စီ (အောက်တိုဘာ ၆)

    မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် UNA, ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF နှင့် ကချင်၊ ချင်း၊ ကရင်၊ ကယား လူမျိုးတူပေါင်းစည်းထားသော တိုင်းရင်းသားပါတီများမှလွဲ၍ အခြားနိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် မဟာမိတ်ဖွဲ့စည်းထားခြင်းမရှိကြောင်း သိရသည်။

    MUP တွဲဖက်အတွင်းရေးမှူး(၁) နိုင်လယိတမက “ကျနော်တို့ မွန်ညီညွတ်ရေးပါတီက UNA, NBF နဲ့ မိတ်ဖက်ဆက်ဆံရေးရှိတယ် လူမျိုးတူပေါင်းစည်းထားတဲ့ တိုင်းရင်းသား ၅ ပါတီနဲ့ ပူးပေါင်းဆောင်ရွက်မှုရှိတယ် ဒါကလွဲရင် ဘယ်အဖွဲ့အစည်း ဘယ်ပါတီနဲ့မှ မဟာမိတ်ဖွဲ့ထားတာတို့ ပူးပေါင်းဆောင်ရွက်မှုတို့ ဘာမှမရှိပါဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။ 

    NLD နှင့် USDP စည်းရုံးရေးအင်အား အကောင်းဆုံးဖြစ်သော ရေးမြို့နယ် အစင်နှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် အောက်တိုဘာ ၅ ရက်နေ့က မွန်ညီညွတ်ရေးပါတီ မဲဆွယ်စည်းရုံးရေးဟောပြောပွဲကျင်းပခဲ့ရာတွင် ဒေသခံ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP ပါတီဝင်တချို့ တက်ရောက်ဝန်းရံခဲ့ကြသဖြင့် တမဟုတ်ခြင်းဝေဖန်မှုမြင့်တက်လာပြီးနောက် နာဲလယိတမက ယင်းသို့ တုံ့ပြန်ချေပခြင်း ဖြစ်သည်။

    “ဒီလိုရွေးကောက်ပွဲနီးကပ်လာတဲ့အချိန် မဲဆွယ်စည်းရုံးရေးဆင်းနေတဲ့အချိန်မှာ တချို့သောပြိုင်ဘက်ပါတီတွေက တိုက်ခိုက်တဲ့သဘောနဲ့ ကျနော်တို့ပါတီကို ဟိုပါတီနဲ့ပေါင်းထားသယောင်ယောင် ဘယ်အဖွဲ့အစည်းနဲ့ ပေါင်းထားသလိုလို အဲဒီလိုတိုက်ခိုက်လာနေတယ်၊ အဲဒါကို ကျနော်တို့လက်မခံဘူး လုံးဝပယ်ချတယ်”ဟု နိုင်လယိတမက ဆိုသည်။

    လတ်တလော မွန်ညီညွတ်ရေးပါတီ ဝေဖန်ခံနေရသကဲ့သို့ပင် အလားတူ လူမှုကွန်ယက် Facebook ပေါ်တွင် မွန်ဘာသာဖြင့် တိုင်းရင်းသားပါတီများ ရွေးကောက်ပွဲနိုင်လည်း အစိုးရမဖွဲ့နိုင်သဖြင့် မဲအနိုင်ရလည်း မထူးကြောင်း၊ NLD အစိုးရမဖွဲ့နိုင်ပါက  စစ်ဖိနပ်အောက်ပြန်လည်ရောက်သွားမည်ဖြစ်ကြောင်း  အမုန်းစကားများအပြန်အလှန်စွပ်စွဲပြောဆိုနေကြပြီး NLD ပါတီကို ထောက်ခံသော မွန်တိုင်းရင်းသားများအား အမေကျော်ဒွေးတော်လွမ်းသည့် မွန်ပုဆိန်ရိုးအဖြစ်လည်းကောင်း ဝေဖန်ပုတ်ခတ်ပြောဆိုမှုများ မြင့်တက်လာနေသည်။ 

    မြန်မာနိုင်ငံတဝန်း Covid ကပ်ရောဂါဒုတိယလှိုင်း ကူးစက်မှုနှုန်းမြင့်တက်နေသဖြင့် ပြည်သူအားလုံး ကျန်းမာရေးထိခိုက်ခံပြီး ထောက်ခံဝန်းရံမှုများ မလုပ်ဆောင်ရန် NLD ဗဟိုအောင်နိုင်ရေး အဖွဲ့က အောက်တိုဘာ ၃ ရက်နေ့တွင် ကြေငြာချက်ထုတ်ပြန်ထားသော်လည်း ရေးမြို့နယ်တွင် အောက်တိုဘာ ၄ ရက်နေ့တွင်လည်းကောင်း ချောင်းဆုံမြို့နယ်တွင် အောက်တိုဘာ ၅ ရက်နေ့တွင်လည်းကောင်း NLD ပါတီ၏ ရာနှင့်ချီသောပါတီဝန်းရံသူများဖြင့် မဲဆွယ်စည်းရုံးမှုများပြုလုပ်ပြီး လူစုခွဲခဲ့ကြောင်း သတင်းရရှိသည်။

    လာမည့် နိုဝင်ဘာလ ရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးအတွက် မွန်ပြည်နယ်က မဲဆန္ဒနယ်မြေ ၄၅ နေရာရှိရာ အဓိကပြိုင်ဘက်ပါတီဖြစ်ကြသော NLD နှင့် ပြည်ခိုင်ဖြိုးပါတီက မဲဆန္ဒနယ်မြေအားလုံးနှင့် မွန်လူဦးရေများပြားသောမြို့နယ်များတွင် မွန်ညီညွတ်ရေးပါတီက ၃၁ နေရာဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks