spot_img
Tuesday, March 3, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်းUEC ပွင့်လင်းမြင်သာမှုမရှိသဖြင့် သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂ ဦးနုတ်ထွက်ဟုဆို

    UEC ပွင့်လင်းမြင်သာမှုမရှိသဖြင့် သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် ၂ ဦးနုတ်ထွက်ဟုဆို

    -

    ရန်လင်းအောင် (မော်လမြိုင်၊ အောက်တိုဘာလ ၅)

    ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် UEC ပွင်လင်းမြင်သာမှုမရှိသဖြင့် နှုတ်ထွက်ရခြင်းဖြစ်ကြောင်း မွန်ပြည်နယ် သထုံခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဟောင်း ဦးမောင်ဦးက ပြောသည်။

    မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ကော်မရှင်သုံး ပစ္စည်း ဝယ်ယူမှုတွင် မသမာမှုရှိခဲ့ပြီး ပြည်ထောင်စု ရွေးကောက်ကော်မရှင်၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်နှင့် နိုင်ငံတော် သမ္မတတို့ထံ ပြီးခဲ့သည့် မတ်လက ဥက္ကဋ္ဌဟောင်းတိုင်ကြားခဲ့သော်လည်း ထူးခြားမှုမရှိဟု ဆိုသည်။

    “တစ်ရက်ပဲ လာစစ်သွားတာ စာရင်းဇယားကို ကြည့်သွားတာလည်း မဟုတ်ဘူး တင်ပြချက်ကိုလည်း လာနားထောင်သွားတာ သူတို့ဟာ သူတို့ လုပ်တယ်ဗျာ ကျွန်တော်တို့ကို ဘာမှလည်း အကြောင်းမကြားဘူး တိုင်တာက ကျွန်တော်တို့လေ ဘယ်လိုစစ်တယ် ဘယ်လိုအရေးယူတာလည်း မသိရဘူး ဒီလို အရေးမစိုက်တော့ ခွဲခြားဆက်ဆံသလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။

    ယင်းသို့ တိုင်ကြားထားသည့် ကိစ္စရပ်အပေါ်တွင် အရေး ယူဆောင်ရွက်ခြင်း မရှိခြင်းသည် ကော်မရှင်တွင် တာဝန်ထမ်းဆောင်နေသည့် စေတနာ့ဝန်ထမ်းနှင့် အစိုးရဝန်ထမ်းတို့ကို ကော်မရှင်က ခွဲခြား ဆက်ဆံခြင်း ဖြစ်ကြောင်း နုတ်ထွက်သွားသည့် သထုံခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်ဟောင်း ဒေါ်မိုးမိုးခိုင်က ပြောသည်။

    “လုပ်ရပ်တွေ ကွာနေတာဆိုတာ တွေ့လာရတာပေါ့ အဲမှာလည်း သူက ပြန်လည်ဆောင်ရွက်ပေးခြင်း မရှိဘူး ကျွန်မတို့ကလည်း အများယုံကြည်လေးစားရတဲ့ ပုဂ္ဂိုလ်အနေနဲ့ စေတနာ့ ဝန်ထမ်းဝင်လုပ်တာ၊ အစိုးရ ဝန်ထမ်းက ဒီလိုမသမာမှုတွေ လုပ်နေတာကို ကျွန်မတို့လို ပုဂ္ဂိုလ်တွေက တင်ပြတာကို UEC က ဘာမှအရေးယူဆောင်ရွက်တာမလုပ်ပေးဘူး သူတို့ရဲ့ ပင်မဝန်ထမ်းနဲ့ ကျွန်မတို့ စေတနာ့ ဝန်ထမ်းတွေ ခွဲခြားဆက်ဆံသလို ခံစားရတယ်” ဟု ၎င်းကဆိုသည်။

    ပြည်နယ်ကော်မရှင် အဖွဲ့ ခွဲ အတွင်းရေးမှူးက ၆ သိန်းတန်ကွန်ပျူတာ  (Laptop) ဝယ်ယူရာတွင် ၁၁ သိန်းဖြင့် စာရင်းတင်ခဲ့သလို ပြည်ထောင်စု ကော်မရှင်က သထုံခရိုင်အတွက် Printer ဆေးထောင့်ဗူး ၁၄၈ ဗူး ချပေးသည်ကို ၂၄ ဗူးသာ ချပေးခဲ့သည်ဟု အဆိုပါ နုတ်ထွက်သူများက ပြောသည်။

    လက်ရှိ ဦးလှသိန်း ခေါင်းဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် အယုံအကြည် မရှိကြောင်းနှင့် ဘက်လိုက်မှုများ ရှိနေပြီး အားလုံးက တစ်အုပ်စုတည်းဖြစ်နေသည့်အတွက် တိုင်တန်း စရာမရှိတော့ကြောင်း နိုင်ငံရေးပါတီ ၃၄ ပါတီက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ တင်ပြခဲ့ကြောင်း သတင်းများတွင် ဖော်ပြခဲ့သည်။

    တဖက်တွင်လည်း ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် လုပ်ငန်း တာဝန်ထမ်းဆောင်နေသူများအနေဖြင့်  ကော်မရှင်တာဝန်များ မဆောင်ရွက်နိုင်ပါက ၂၀၁၉ ဇွန်လ နောက်ဆုံးထား နုတ်ထွက် ပေးရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ကြိုတင်အသိပေး ပြောကြားခဲ့ဖူးသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks