spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းမူးယစ်ဆေးဝါးအန္တရယ်ကာကွယ်တားဆီးရေး လွှတ်တော်အသီးသီးသို့တင်ပြသွားရန် မွန်ညီညွတ်ရေးပါတီက မူဝါဒချမှတ်ထား

    မူးယစ်ဆေးဝါးအန္တရယ်ကာကွယ်တားဆီးရေး လွှတ်တော်အသီးသီးသို့တင်ပြသွားရန် မွန်ညီညွတ်ရေးပါတီက မူဝါဒချမှတ်ထား

    -

    မင်းညာခ (စက်တင်ဘာ ၃၀)

    ပြည်ထောင်စုအစိုးရနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရများအနေဖြင့် မူးယစ်ဆေးဝါးအန္တရယ် ကာကွယ်တားဆီးမှုမြှင့်တင်စေရေး အလေးပေးဆောင်ရွက်လာစေရန် မွန်ညီညွတ်ရေးပါတီ MUP ကိုယ်စားလှယ်လောင်းများ လွှတ်တော်အသီးသီးသို့ ရောက်ရှိပါက တင်ပြတောင်းဆိုသွားရန် မူဝါဒချမှတ်ထားကြောင်း မွန်ညီညွတ်ရေးပါတီမှ သိရသည်။

    မွန်ပြည်နယ်တလွှား၌ လူငယ်အများအပြား မူးယစ်ဆေးစွဲသူများပြားလာသည့်အတွက် ၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံး အထူးအာရုံစိုက်၍ တိုက်ဖျက်သွားရန် အရေးကြီးကြောင်း မွန်ညီညွတ်ရေးပါတီ MUP တွဲဖက်အတွင်းရေးမှူး (၁) နိုင်လယိတမက ပြောသည်။

    “မူးယစ်ဆေးဝါးစွဲသူတွေကို ဖမ်းဆီးမိခဲ့ရင် ပြစ်ဒဏ်တစ်ခုလို ချမှတ်တော့မှာမဟုတ်ဘဲ စိတ်ပိုင်းနဲ့ အကျင့်စာရိတ္တ စရိုက်ပိုင်း ဆိုင်ရာတွေကို ပြုပြင်နိုင်ဖို့အတွက် ပြန်လည်တည်ထောင်ရေးစခန်တွေ ထူထောင်နိုင်ဖို့ ကျနော်တို့ကြိုးစားတိုက်တွန်း သွားမယ်” ဟု ၎င်းက ဆိုသည်။

    မူးယစ်းဆေးဝါး အသိပညာပေးခြင်း ဆိုင်ရာလုပ်ငန်း နည်းလမ်းအမျိုးမျိုးရှိသည့်အတွက် အစိုးရ (သို့မဟုတ်) နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် အလုံးစုံ အကောင်အထယ်ဖော်နိုင်လိမ့်မည်မဟုတ်ဘဲ အရပ်ဘက်လူမှုအဖွဲ့အစည်များ၊ ပညာရှင်များနှင် ပူးပေါင်းဆောင်ရွက်အကောင်အထည်ဖော်ဆောင်နိုင်ရေးအတွက် အစိုးရတွင် ခိုင်လုံသောမူဝါဒရှိလာစေရန် မွန်ညီညွတ်ရေးပါတီအနေဖြင့် ကြိုးပမ်းသွားရန် မူဝါဒချမှတ်ထားကြောင်း သိရသည်။

    “မွန်ညီညွတ်ရေးပါတီ ချမှတ်ထားတဲ့ မူးယစ်ဆေးဝါးဆိုင်ရာ မူဝါဒထဲမှာ အခန်း (၂) ခန်း ပါဝင်တဲ့အတွက် လူငယ်တစ်ယောက်အနေနဲ့ ဝမ်းသာမိပါတယ်။ ဒီပြဿနာတွေက အရေးကြီးတဲ့ကိစ္စဖြစ်လို့ ကျန်းမာရေးအပိုင်းကိုပဲ ထည့်ထားတယ်လို့ မြင်တယ်။ နောက်ပြီးတော့ လူငယ်ကဏ္ဍကိုလည်း ထည့်ထားတာတွေ့လို့ အရမ်းကို ဝမ်းသာမိပါတယ်လို့်” တိုးတက်သော မွန်လူငယ်များအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး နိုင်ဟံပရိုက်က ဆိုသည်။

    မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတွင် အစိုးရ၏ အားနည်းချက်များကို မွန်ညီညွတ်ရေးပါတီ ထောက်ပြပြီး လက်တွေ့ အကောင်အထည်ဖော်သင့်မည့်ကိစ္စရပ်များကို လွှတ်တော်မှတဆင့် တွန်းအားပေးမည်ဆိုပါက မူးယစ်ဆေးဝါးဆေးစွဲသူများ လျော့ကျသွားနိုင်မည်ဟု နိုင်ဟံပရိုက်က ယူဆသည်။

    အစိုးရ၏ မူးယစ်ဆေးဝါးတားဆီးမည့်မူဝါဒများတွင်ပါရှိသည့် ကုသခြင်း၊ ဖမ်းဆီးခြင်း၊ လူ့အင်အား ထောက်ပံ့ပေးခြင်း၊ ဘဏ္ဍာရေး၊ ဆေးရုံနှင့် ပြန်လည်တည်ထောင်ရေးစခန်း၊ ပစ္စည်းကိရိယာများ ပံ့ပိုးပေးခြင်း အစစအရာရာတွင် အားနည်းနေသေးသည်ဟု ၎င်းကဆိုသည်။ 

    ထို့အတူ မူးယစ်ဆေးစွဲကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းအတွက် ပညာပေးကဏ္ဍများတွင် တိုးတက်သော မွန်လူငယ်အဖွဲ့အစည်း (MYPO)၊ မွန်လူငယ်ပညာပေးရေးအဖွဲ့ (MYEO)၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM စသည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးပညာပေးလုပ်ငန်းဆောင်ရွက်နေသော မွန်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း တွေ့ရှိရသည်။

    အထူးသဖြင့် မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေများဖြစ်သည့် သထုံခရိုင်၊ မော်လမြိုင်ခရိုင် ဌာနချုပ်ရုံးတို့တွင် မိဘအုပ်ထိန်းသူများ လာရောက်အပ်နှံမှုဖြင့် မူးယစ်ဆေးစွဲပြတ်သည်အထိ စောင့်ရှောက်ကုသပေးလျက်ရှိကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲသူများကို မိဘအုပ်ထိန်းသူကိုယ်တိုင် မွန်ပြည်သစ်ပါတီသို့ လာရောက်အပ်နှံမှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သတင်းရရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks