spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုး အသက် (၇၂) နှစ် ကွယ်လွန်အနိစ္စရောက်ရှိခြင်း

    မွန်ညီညွတ်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုး အသက် (၇၂) နှစ် ကွယ်လွန်အနိစ္စရောက်ရှိခြင်း

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၄ ရက်)

    မွန်ညီညွတ်ရေးပါတီ MUP အထွေထွေအတွင်းရေးမှူး ဒေါက်တာ မင်းနွယ်စိုး အသက် (၇၂) နှစ်သည် ယနေ့ညနေ ၇ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မုဒုံမြို့နယ် ညောင်ကုန်းကျေးရွာနေအိမ်၌ လူကြီးရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ရှိကြောင်း သတင်းရရှိသည်။

    ကြွင်းကျန်သော ၎င်း၏ရုပ်ကလာပ်ကို မနက်ဖြန် (၁၅-၉-၂၀၂၀) ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ညောင်ကုန်းကျေးရွာသုဿာန်၌ မီးသင်္ဂြိုဟ်ခြင်း  ဈာပနအခမ်းအနား ကျင်းပမည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုထံမှ သိရသည်။

    ဒေါက်တာမင်းနွယ်စိုးသည် ယခင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ၏ အထွေထွေအတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ရင်း ၂၀၁၀ ရွေးကောက်ပွဲတွင် မုဒုံမြို့နယ် မဲဆန္ဒနယ်မြေ အမှတ်(၂)  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ/ စီးပွားရေးရာဝန်ကြီးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။

    ငယ်နာမည် မောင်ထွန်းရီ ဖြစ်ပြီး အထက(၁) မုဒုံမြို့၌ ၁၀ တန်းအောင်မြင်၍ ရန်ကုန် ဆေးတက္ကသိုလ်(၁) (၂) တို့တွင် ပညာဆည်းပူး၍ M.B.B.S ဘွဲ့၊ D.H.A ဆေးရုံအုပ်ချုပ်မှု ဒီပလိုမာဘွဲ့၊ ကျန်းမာရေးအရာရှိဝန်ထမ်းဘဝဖြင့် နိုင်ငံအနှံ့တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ပြီး
    နောက်ဆုံးတွင် ကယားပြည်နယ် အငြိမ်းစားကျန်းမာရေး ဦးစီးမှူးတာဝန်မှ အငြိမ်းစားယူခဲ့သည်။

    တက္ကသိုလ်ကျောင်းသားဘဝတွင် မွန်တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု ကော်မတီစည်းရုံးရေးမှူး၊ မဂ္ဂဇင်းထုတ်ဝေရေး အတွင်းရေးမှူး၊ ပြက္ခဒိန်ထုတ်ဝေရေးမှူး၊ မွန်အမျိုးသားဝတ်စုံ ပေါ်ပေါက်ရေးကော်မတီ၊ မော်လမြိုင် မွန်စာပေယဉ်ကျေးမှုကော်မတီ၊ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီ ဥက္ကဌ/အတွင်းရေးမှူး၊ မွန်-မြန်မာဘာသာဖြင့် ဝတ္တုဆောင်းပါးများရေးသားထုတ်ဝေခြင်း။ ရှေးဟောင်းသုတေသနပြုစုခြင်းတို့ကို လုပ်ကိုင်ဆောင်ရွက်ရင်း ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks