spot_img
Wednesday, February 18, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်ထားသူပေါင်း ၅၀ ကျော်ရှိလာပြီး မော်လမြိုင်မြို့အဝင်အထွက် ယာယီကန့်သတ်ထား

    မွန်ပြည်နယ်အတွင်း COVID-19 ကူးစက်ထားသူပေါင်း ၅၀ ကျော်ရှိလာပြီး မော်လမြိုင်မြို့အဝင်အထွက် ယာယီကန့်သတ်ထား

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၃)

    မွန်ပြည်နယ်အတွင်း ရောဂါပိုးကူးစက်သူဦးရေ ၅၀ အယောက်ရှိလာပြီး မော်လမြိုင်မြို့ အဝင်အထွက်ကို အသွားအလာ ယာယီကန့်သတ်ထားလိုက်ကြောင်း VOA သတင်းဌာန မြန်မာပိုင်းအစီအစဉ်ကို မော်လမြိုင် ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ ကိုဘိုဝင်းက ပြောသည်။ 

    “ကျနော်တို့ မော်လမြိုင်မှာ ကိုဗစ်နဲ့ပတ်သက်လို့ ကူးစက်မှုက တော်တော်လေး များလာပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်။ ဒါပေမယ့် အခုက မြို့အဝင်အထွက် အားလုံးကို ရန်ကုန်နဲ့ရော အခြားမြို့တွေနဲ့ပါ ပိတ်လိုက်ပြီဆိုတော့ လက်ရှိ ပိုးကူးထားတဲ့လူတွေနဲ့ ထိတွေ့ ဆက်စပ်ခဲ့သူတွေထဲကပဲ ပိုးထပ်တွေ့ဖို့ ရှိတယ်။ ပြည်နယ်အစိုးရက ထိန်းချုပ်ထားပြီဆိုတော့ မကြာမီအချိန်တွင်း ထိန်းချုပ်နိုင်မယ့် အနေအထား ရောက်လာမယ်လို့တော့ မှန်းထားပါတယ်”ဟု ကိုဘိုဝင်းက ပြောသည်။ 

    COVID-19 ကူးစက်မှုကြောင့် မွန်ပြည်နယ်တွင် သေဆုံးသူရှိလာပြီး ပိုးကူးစက်သူတွေ တိုးလာသဖြင့် မွန်ပြည်နယ်တွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများနှင့် ရထားအသွားအလာ ယာယီပိတ်ပင်လိုက်သလို သယ်ယူပို့ဆောင်ရေးကုန်တင်ယာဉ်များကို ယာဉ်မောင်းနှင့် နောက်လိုက်တစ်ဦးသာလိုက်ပါခွင့်ပြုပြီး အထူးသဖြင့် ရန်ကုန်မှပြန်လာသူများ မဖြစ်မနေ ကွာရမ်တင်း ဝင်ရမည်ဖြစ်ကြောင်း သိရသည်။

    စက်တင်ဘာ ၁၂ ရက်နေ့အတွက် စုစုပေါင်း (၄,၁၂၀) ခုအား   COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် စက်တင်ဘာ ၁၂ ရက်ည ၈ နာရီ ဓါတ်ခွဲအတည်ပြုနာ (၁၅၀ ဦး) နှင့် စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီ ဓါတ်ခွဲအတည်ပြုနာ (၁၅၀ ဦး)ရောဂါ စုစုပေါင်း ဓာတ်ခွဲအတည်ပြု လူနာသစ် (၃၅၁) ဦး တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ 

    စက်တင်ဘာ ၁၁ ရက်နေ့အတွက် မော်လမြိုင် ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနက Covid-19 ရောဂါဓါတ်ခွဲစစ်ဆေးရာတွင် အတည်ပြုလူနာသစ် ၁၉ ဦးကိုလည်းကောင်း၊ စက်တင်ဘာ ၁၂ ရက် အတည်ပြုလူနာသစ် နောက်ထပ် ၄ ဦး တိုးလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနက ထုတ်ပြန်ခဲ့သည်။

    ယင်းသို့ ဓါတ်ခွဲအတည်ပြုလူနာသစ်များပြားလာပြီး ၎င်းတို့နှင့်ထိတွေ့မှုသူလည်း များပြားလာ၍ မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် သီတာလမ်း(ဗဟိုလမ်းနှင့် အထက်လမ်းမအကြား) အပြင် ဒေါင်းမင်းရပ် (ဂ) လမ်း (ဃ) လမ်း (င) လမ်း (ဆ) လမ်း (ဇ) လမ်း (ဋ) လမ်းတို့အား ယနေ့နံနက် ၈ နာရီမှစတင်၍ အဝင်အထွက်ကန့်သတ်သည့်နေရာအဖြစ် အကျုံးဝင်ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့စွဲဖြင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အမိန့်  ကြော်ငြာစာအမှတ် ၄/၂၀၂၀ ကို ထုတ်ပြန်လိုက်သည်။

    အဆိုပါ ကန့်သတ်နေရာတွင် နေထိုင်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာခြင်းမပြုရန်၊ ပြင်ပမှပြည်သူများအနေဖြင့် ကန့်သတ်နေရာသို့ ဝင်ရောက်ခြင်းမပြုရန်၊ ကန့်သတ်နေရာအတွင်း နေထိုင်သူပြည်သူများ၏ စားသောက်ကုန်ပစ္စည်းများဝယ်ယူရန်ဖြစ်စေ အရေးပေါ်ကျန်းမာရေးကိစ္စရပ်များ ပေါ်ပေါက်လာလျှင်ဖြစ်စေ အသွားအလာကန့်သတ်နေရာရှိ တာဝန်ကျသူများနှင့် ဆက်သွယ်ဆောင်ရွက်ရန်ဖြစ်ပြီး လိုက်နာရန်ပျက်ကွက်ပါက ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ထို့အတူ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ Case No. 1967  ရဲဒုတပ်ကြပ်တစ်ဦးနှင့် ထိတွေ့ခဲ့သည့် မုဒုံမြို့နယ်၊ ကမာဝက်နယ်မြေရဲစခန်းမှ အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင် (၁၄)ဦးတို့ Quarantine နေထိုင်လျှက်ရှိကြောင်း သံဖြူအရပ်အခြေစိုက် T.C.P News Agency က သတင်းဖော်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks