Sunday, March 15, 2026
More
    spot_img
    HomeCovid 19မွန်ပြည်နယ် အထူးရဲနည်းပြ (ဆင့်ပွား) သင်တန်းပြီးဆုံးသည့်နောက် Covid-19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် သင်တန်းသားအားလုံး Quarantine ထားရှိ

    မွန်ပြည်နယ် အထူးရဲနည်းပြ (ဆင့်ပွား) သင်တန်းပြီးဆုံးသည့်နောက် Covid-19 ရောဂါပိုးတွေ့ရှိခဲ့သဖြင့် သင်တန်းသားအားလုံး Quarantine ထားရှိ

    -

    စိုင်းထွန်းစံ(မော်လမြိုင်၊ စက်တင်ဘာ ၁၃)

    ၂၀၂၀ ရွေးကောက်ပွဲအတွက် မော်လမြိုင်အတ္တရံသင်တန်းကျောင်း၌ အထူးရဲနည်းပြ (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁/၂၀၂၀) စက်တင်ဘာ ၁၁ ရက်နေ့က သင်တန်းဆင်းပွဲကျင်းပခဲ့ပြီးနောက် တပ်ကြပ်ကြီးတစ်ဦး ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိရသဖြင့် သင်တန်းသားအားလုံးကို သက်ဆိုင်ရာမြို့နယ်များတွင် Quarantine ထားရှိလိုက်ကြောင်း မွန်ပြည်နယ်ရဲတပ်ဖွဲမှူရုံးမှ သိရသည်။

     “ပထမအဆင့်က နေပြည်တော်မှ ၄ ဦးသွားတက်ရတယ် အဲ့တာကိုဒီမှပြန်လာပြီးတော့မှ တစ်မြို့နယ်ကို ၃ ဦး၊ အရာရှိတစ်ဦး အခြားအဆင့်နှစ်ဦး ၁၀ မြို့နယ်ဆိုတော့ အယောက် ၃၀ ပေါ့။ အသစ်တွေကိုသင်တန်းပေးဖို့ အတွက် ဆင့်ပွားသင်တန်းလုပ်တာ”ဟု  ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး (ဦးစီး) ထွန်းထွန်း မှဆိုသည်။

    အဆိုပါသင်တန်းတွင် နည်းပြသင်တန်းတက်ရောက်ခဲ့သည့် သင်တန်းသားများမှ မွန်ပြည်နယ်ရွေးကောက်ပွဲကျင်းပသည့်အချိန်တွင် မဲရုံလုံခြုံရေးဆောင်ရွက်ရန်အတွက် ခေါ်ယူထားသည့် အထူးရဲများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်တန်းပြန်ပေးသွားမည်ဖြစ်သည်။

    မွန်ပြည်နယ်တွင် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲရုံလုံခြုံရေးဆောင်ရွက်ရန်အတွက် မဲရုံတစ်ခုတွင် အထူးရဲတစ်ဦးနှုန်းဖြင့် ၉၈၈ ဦးခန့်ထား၍ အောက်တိုဘာလတွင် စတင်ပြီးသင်တန်းပေးသွားမည် ဖြစ်ကြောင်း သိရသည်။

    ကမာဝက်နယ်မြေရဲစခန်းမှ တာဝန်ထမ်းဆောင်နေသည့် ဒုတပ်ကြပ်တစ်ဦးသည် ထိုင်းနိုင်ငံမှ ပြန်လာသည့်သူများကို လုံခြုံရေးအဖြင့်လိုက်ပါဆောင်ရွက်ခဲ့ပြီးနောက် Quarantine ဝင်ခဲ့ပြီး စက်တင်ဘာလ ၁၀ ရက်နေ့တွင် ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

    ထို့အပြင် ကမာဝက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် (၁) ဦး နောက်ထပ် COVID-19 ရောဂါ ကူးစက်ခံရကြောင်း စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၈ နာရီအချိန်က ကျန်းမာရေးဝန်ကြီးဌာန MOHS မှထုတ်ပြန်ချက်အရ သိရသည်။

    ထို့ကြောင့် ကမာဝက်စခန်းမှူး ရဲအုပ်အပါအဝင် တပ်ဖွဲ့ဝင် (၁၁)ယောက်နှင့် ကယ်ဆယ်ရေးသမား ၂ ဦးကို ဘဲရမ်းကျေးရွာ မိုးကုတ်ဝိပဿနာရိပ်သာ၌ Quarantine ဝင်စေခဲ့ပြီး ပိုးတွေ့လူနာနှင့် တစ်ခန်းတည်းအတူနေသူ တပ်ဖွဲ့ဝင် ၂ ဦးကို မော်လမြိုင် CBFQ စခန်းသို့ သီးသန့်ပို့ဆောင်ထားကြောင်း သတင်းရရှိသည်။

    ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန စက်တင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီအချိန်ထုတ်ပြန်ချက်အရ ဓါတ်ခွဲအတည်ပြုလူနာသစ် ၁၃၆ ဦးရှိပြီး နိုင်ငံတဝန်းစုစုပေါင်း Covid-19 ဓါတ်ခွဲအတည်ပြုလူနာ ၂,၉၃၂ ဦး သေဆုံးလူနာသစ် ၂ ဦး စုစုပေါင်းသေဆုံးလူနာ ၂၀ ဦးရှိလာသည်။

    ယမန်နေ့ (၁၂-၉-၂၀၂၀) ရက်နေ့က COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အတည်ပြုလူနာ ၃၅၁ ဦးတွေ့ရှိခဲ့ရာ မွန်ပြည်နယ်မှ ၂၁ ဦးပါဝင်ပြီး လက်ရှိ မွန်ပြည်နယ်တွင် စုစုပေါင်းအတည်ပြုလူနာ ၇၀ ဦးတွေ့ရှိထားသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks