spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းဘုရားသုံးဆူမြို့နှင့် သံဖြူဇရပ်မြို့တို့တွင် ကာလတန်ဖိုးကျပ်ငွေသိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးအများအပြားဖမ်းဆီးရမိ

    ဘုရားသုံးဆူမြို့နှင့် သံဖြူဇရပ်မြို့တို့တွင် ကာလတန်ဖိုးကျပ်ငွေသိန်းပေါင်း တစ်သိန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးအများအပြားဖမ်းဆီးရမိ

    -

    မွန်သတင်းအေဂျင်စီ (စက်တင်ဘာ ၁၂)

    ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နှင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့ ၂ နေရာတို့တွင် Ice အဖြူရောင်ပုံဆောင်ခဲများနှင့် WY စိတ်ကြွဆေးပြားများ စုစုပေါင်း ခန့်မှန်းကာလတန်ဖိုးကျပ်ငွေသိန်း ၁ သိန်း ၅ ထောင်ခန့် စက်တင်ဘာ ၁၁ ရက်နေ့က သက်ဆိုင်ရာမှဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

    ဘုရားသုံးဆူမြို့နေ အေးဝင်းနိင် (ခ) ဝတုတ် (၃၀ နှစ်) ကို မူးယစ်ဆေးဝါးများနှင့်အတူ ၎င်း၏နေအိမ်တွင်လည်းကောင်း၊ ခန့်ဇော်ကို(ခ)ခန့် (၂၄ နှစ်) ရဲထက်လွင် (၂၃ နှစ်) ညီမွန်ဦး(ခ)ညီညီ တို့ (၃) ဦးကို ဘုရားသုံးဆူ-သံဖြူဇရပ်မော်တော်ကားလမ်း သက္ကော့လမ်းဆုံ၌ ၎င်းတို့စီးနင်းလာသော မော်တော်ကားပေါ်မှလည်းကောင်း ဖမ်းဆီးရမိခြင်း ဖြစ်သည်။

    မွန်ပြည်နယ်မှုခင်းအကူတပ်ဖွဲ့၊ သံဖြူဇရပ်မြို့မရဲတပ်ဖွဲ့နှင့် ဝဲကလိတပ်နယ်မှ လုံခြုံရေးတပ်စိတ်က သတင်းအရ စောင့်ဆိုင်းနေစဉ် ဘုရားသုံးဆူမှလာသော Honda Fit အမျိုးအစား အဖြူရောင်မော်တော်ယာဉ် မရပ်တန့်ဘဲ မောင်းနှင်ထွက်ပြေးရန်ကြိုးစားစဉ် ကားရှေ့ဘီးကိုသေနတ်ဖြင့် ပစ်ခတ်ရပ်တန့်စေပြီး မူးယစ်ဆေးဝါးများနှင့်အတူ ၎င်းတို့ ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်ဟု ရဲအရာရှိတစ်ဦးထံမှ သိရသည်။

    အဆိုပါ မော်တော်ယာဉ်အတွင်း စစ်ဆေးရှာဖွေရာ ယာဉ်နောက်ခန်းမှ ရောင်စုံမြွေရေခွံအိတ်အတွင်းမှ DAGUANYIN စာတန်းပါ ရွှေရောင်ပါကင်ထုပ်အတွင်း အဖြူရောင်ပလပ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော Ice အဖြူရောင်ပုံဆောင်ခဲ တစ်ကီလိုဂရမ်ပါ (၉)ထုပ် စုစုပေါင်း(၉)ကီလိုဂရမ်ခန့်နှင့် အပြာရောင်ကပ်ခွာအိတ်ဖြင့် ထုပ်ပိုးထားသော WY စာတန်းပါ ပန်းရောင်စိတ် ကြွရူးသွပ် ဆေးပြား(၄၈၀၀)ပြားနှင့် WY စာတမ်းပါအစိမ်းရောင် စိတ်ကြွဆေးပြား(၄၀)ပြားကိုလည်း ဖမ်းဆီးရမိကြောင်း သံဖြူဇရပ်ဒေသတွင်း သတင်းများဖော်ပြနေသည့် T.C.P News Agency လူမှုကွန်ရက်စာမျက်နှာက သတင်းဖော်ပြသည်။

    ယင်းသို့ဖမ်းဆီးရပြီးနောက် ကွင်းဆက်အဖြစ် ဘုရားသုံးဆူမြို့၊ ရတနာသိင်္ခလမ်းအမှတ်(၃)ရပ်ကွက်၊ ဓမ္မဟေဝန်ဘုန်းကြီးကျောင်းဝင်းအနီး နေထိုင်သူ အေးဝင်းနိုင်(ခ)ဝတုတ် အား စက်တင်ဘာ ၁၁ ရက်နေ့ ညနေပိုင်းတွင် ၎င်း၏နေအိမ်၌ မူးယစ်ဆေးဝါးများနှင့်အတူ ဒေသခံအာဏာပိုင်များက ဆက်လက်ရှာဖွေဖမ်းဆီးရမိခဲ့သည်။

    အဆိုပါနေအိမ်အား ဝင်ရောက်ရှာဖွေရာတွင် နေအိမ်မြေအောက်ခန်းမှ Chinese Tea တံဆိပ်ပါ တရုတ်နိုင်ငံထုတ် လက်ဖက်ခြောက်အိတ်ခွံနှစ်ထပ်ဖြင့် ထုတ်ပိုးထားသော Ice ပုံဆောင်ခဲ ၁ ကီလို၊ ဘိန်းဖြူဘလောက်တုံး အလေးချိန်(၁၀၈) ကီလိုဂရမ်ကျော်၊ WY စာတန်းပါပန်းရောင်ဆေးပြား (၉၁၁,၀၀၀)ပြား၊ WY စာတန်းပါအစိမ်းရောင်ဆေးပြား (၈၄၀၀)ပြား၊ SU စာတန်းပါပန်းရောင်ဆေးပြား (၆၀၀၀)ပြား၊ 88 စာတန်းပါ ပန်းရောင်ဆေးပြား (၁၈,၀၀၀)ပြား စုစုပေါင်း ငွေကျပ်သိန်းပေါင်း (၁၀၁,၂၇၁) တန်ဖိုးရှိ မူးယစ်ဆေးများကို ဆက်လက်ဖမ်းဆီးရမိခြင်း ဖြစ်သည်။

    ထို့အတူ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူလမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ သယ်ဆောင်လာသော Ice, ဘိန်းဖြူနှင့် Ketamine မူးယစ်ဆေးဝါး စုစုပေါင်းဘတ်ငွေ ၂ ဘီလီယံနီးပါးတန်ဖိုးခန့်ကို ကန်ချနပူရီပြည်နယ် ထောင်ဖာဖွန်မြို့ Thong Pha Phum လမ်းဆုံစစ်ဆေးရေးဂိတ်၌ သြဂုတ် ၂၄ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိသည့်ဖြစ်စဉ်တွင် ဘုရားသုံးဆူမြို့မှ အဓိကတရားခံတစ်ဦး ထွက်ပြေးလွတ်မြောက်နေပြီး ယခုဖမ်းဆီးရမိသည့်ဖြစ်စဉ်နှင့် အဆိုပါမူးယစ်ဂိုဏ်းတို့ ဆက်နွယ်မှုရှိမရှိ ကွင်းဆက်တရားခံများကို သက်ဆိုင်ရာမှစုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။ 

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks